< مَرْقُس 7 >

وَٱجْتَمَعَ إِلَيْهِ ٱلْفَرِّيسِيُّونَ وَقَوْمٌ مِنَ ٱلْكَتَبَةِ قَادِمِينَ مِنْ أُورُشَلِيمَ. ١ 1
ဖာ​ရိ​ရှဲ​တို့​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ ကြ​သော​ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​ထံ​တော်​တွင်​ချဉ်း​ကပ်​ကြ​၏။-
وَلَمَّا رَأَوْا بَعْضًا مِنْ تَلَامِيذِهِ يَأْكُلُونَ خُبْزًا بِأَيْدٍ دَنِسَةٍ، أَيْ غَيْرِ مَغْسُولَةٍ، لَامُوا. ٢ 2
သူ​တို့​သည်​မ​ဆေး​ကြော​မ​စင်​ကြယ်​သော လက်​များ​နှင့် တ​ပည့်​တော်​တို့​စား​သောက်​နေ ကြ​သည်​ကို​တွေ့​မြင်​ကြ​၏။
لِأَنَّ ٱلْفَرِّيسِيِّينَ وَكُلَّ ٱلْيَهُودِ إِنْ لَمْ يَغْسِلُوا أَيْدِيَهُمْ بِٱعْتِنَاءٍ، لَا يَأْكُلُونَ، مُتَمَسِّكِينَ بِتَقْلِيدِ ٱلشُّيُوخِ. ٣ 3
(ဖာ​ရိ​ရှဲ​များ​နှင့်​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ရှေး​လူ​ကြီး​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။ လက်​ကို​လက်​ကောက် ဝတ်​အ​ထိ ဦး​စွာ​မ​ဆေး​ကြော​ဘဲ​အ​စား​အ​စာ စား​လေ့​မ​ရှိ​ကြ။-
وَمِنَ ٱلسُّوقِ إِنْ لَمْ يَغْتَسِلُوا لَا يَأْكُلُونَ. وَأَشْيَاءُ أُخْرَى كَثِيرَةٌ تَسَلَّمُوهَا لِلتَّمَسُّكِ بِهَا، مِنْ غَسْلِ كُؤُوسٍ وَأَبَارِيقَ وَآنِيَةِ نُحَاسٍ وَأَسِرَّةٍ. ٤ 4
စျေး​မှ​ဝယ်​ယူ​သည့်​အ​ရာ​အား​လုံး​ကို​မ​ဆေး မ​ကြော​ရ​လျှင်​မ​စား​ကြ။ အိုး၊ ခွက်၊ ကြေး​ဖ​လား နှင့်​ခု​တင်​များ​ကို​ဆေး​ကြော​နည်း​မှ​စ​သော​ထုံး တမ်း​စဉ်​လာ​များ​ကို သူ​တို့​သည်​လိုက်​နာ​ကျင့်​သုံး ကြ​၏။)
ثُمَّ سَأَلَهُ ٱلْفَرِّيسِيُّونَ وَٱلْكَتَبَةُ: «لِمَاذَا لَا يَسْلُكُ تَلَامِيذُكَ حَسَبَ تَقْلِيدِ ٱلشُّيُوخِ، بَلْ يَأْكُلُونَ خُبْزًا بِأَيْدٍ غَيْرِ مَغْسُولَةٍ؟». ٥ 5
သို့​ဖြစ်​၍​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ က ``အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​တ​ပည့်​များ​သည် ရှေး​လူ​ကြီး​များ​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို မ​လိုက်​နာ​ကြ​သ​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။-
فَأَجَابَ وَقَالَ لَهُمْ: «حَسَنًا تَنَبَّأَ إِشَعْيَاءُ عَنْكُمْ أَنْتُمُ ٱلْمُرَائِينَ! كَمَا هُوَ مَكْتُوبٌ: هَذَا ٱلشَّعْبُ يُكْرِمُنِي بِشَفَتَيْهِ، وَأَمَّا قَلْبُهُ فَمُبْتَعِدٌ عَنِّي بَعِيدًا، ٦ 6
ကိုယ်​တော်​က ``သင်​တို့​၏​အ​ကြောင်း​ပ​ရော​ဖက် ဟေ​ရှာ​ယ​ဟော​ကြား​ချက်​မှာ​မှန်​လှ​ပါ​သည် တ​ကား။ သင်​တို့​သည်​ကြောင်​သူ​တော်​များ​ဖြစ် ကြ​၏။ ထို့​ကြောင့်​ဟေ​ရှာ​ယ​သည်​သင်​တို့​ကို ရည်​မှတ်​လျက်၊ `ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး ကူး​ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။
وَبَاطِلًا يَعْبُدُونَنِي وَهُمْ يُعَلِّمُونَ تَعَالِيمَ هِيَ وَصَايَا ٱلنَّاسِ. ٧ 7
သူ​တို့​သည်​လူ့​ပညတ်​များ​ကို​ဘု​ရား​ဟော တ​ရား​သ​ဖွယ်​သင်​ကြား​ပို့​ချ​ကြ​၏။ သို့​ဖြစ်​၍​ငါ့​အား​သူ​တို့​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း သည် အ​ချည်း​နှီး​ဖြစ်​၏' ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဖော်​ပြ​ချေ သည်။
لِأَنَّكُمْ تَرَكْتُمْ وَصِيَّةَ ٱللهِ وَتَتَمَسَّكُونَ بِتَقْلِيدِ ٱلنَّاسِ: غَسْلَ ٱلْأَبَارِيقِ وَٱلْكُؤُوسِ، وَأُمُورًا أُخَرَ كَثِيرَةً مِثْلَ هَذِهِ تَفْعَلُونَ». ٨ 8
``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို ပစ်​ပယ်​၍ လူ​တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက် နာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
ثُمَّ قَالَ لَهُمْ: «حَسَنًا! رَفَضْتُمْ وَصِيَّةَ ٱللهِ لِتَحْفَظُوا تَقْلِيدَكُمْ! ٩ 9
ဆက်​လက်​၍​ကိုယ်​တော်​က``သင်​တို့​သည်​မိ​မိ​တို့ ၏​ထုံး​တမ်း​စဉ်​လာ​များ​အ​တိုင်း​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တို့​ကို​ပစ် ပယ်​ပုံ​မှာ​ကျွမ်း​ကျင်​လေ​စွ​တ​ကား။-
لِأَنَّ مُوسَى قَالَ: أَكْرِمْ أَبَاكَ وَأُمَّكَ، وَمَنْ يَشْتُمُ أَبًا أَوْ أُمًّا فَلْيَمُتْ مَوْتًا. ١٠ 10
၁၀`သင်​၏​မိ​ဘ​ကို​ရို​သေ​မြတ်​နိုး​လော့။ မိ​ဘ​ကို ကျိန်​ဆဲ​သော​သူ​သည်​သေ​ဒဏ်​ခံ​စေ' ဟု​မော​ရှေ က​ပညတ်​ခဲ့​၏။-
وَأَمَّا أَنْتُمْ فَتَقُولُونَ: إِنْ قَالَ إِنْسَانٌ لِأَبِيهِ أَوْ أُمِّهِ: قُرْبَانٌ، أَيْ هَدِيَّةٌ، هُوَ ٱلَّذِي تَنْتَفِعُ بِهِ مِنِّي ١١ 11
၁၁သို့​သော်​သင်​တို့​က `လူ​တစ်​ဦး​တစ်​ယောက်​သည် အ​ဖ​သို့​မ​ဟုတ်​အ​မိ​အား​အ​ကျိုး​ပြု​စေ​မည့် ပစ္စည်း​တစ်​စုံ​တစ်​ရာ​ရှိ​သော်​လည်း ယင်း​ပစ္စည်း​ကို `ကော်​ဘန်' (ဘု​ရား​သ​ခင်​အ​ဖို့​လှူ​ပြီး​ပစ္စည်း ဖြစ်​သည်) ဟု​ဆို​လျှင်၊-
فَلَا تَدَعُونَهُ فِي مَا بَعْدُ يَفْعَلُ شَيْئًا لِأَبِيهِ أَوْ أُمِّهِ. ١٢ 12
၁၂သူ​သည်​မိ​ဘ​ဝတ်​ကို​ပြု​ရန်​မ​လို​ဟု​သွန်​သင် ကြ​၏။-
مُبْطِلِينَ كَلَامَ ٱللهِ بِتَقْلِيدِكُمُ ٱلَّذِي سَلَّمْتُمُوهُ. وَأُمُورًا كَثِيرَةً مِثْلَ هَذِهِ تَفْعَلُونَ». ١٣ 13
၁၃ဤ​သို့​လျှင်​သင်​တို့​လက်​ဆင့်​ကမ်း​ပေး​အပ်​ကြ သည့်​ထုံး​တမ်း​စဉ်​လာ​များ​ဖြင့် ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။ အ​လား​တူ အ​ခြား​အ​ကျင့်​ဋ္ဌ​လေ့​များ​စွာ​တို့​ကို​လည်း သင်​တို့​ပြု​ကြ​သေး​၏'' ဟု​မိန့်​တော်​မူ​၏။
ثُمَّ دَعَا كُلَّ ٱلْجَمْعِ وَقَالَ لَهُمُ: «ٱسْمَعُوا مِنِّي كُلُّكُمْ وَٱفْهَمُوا. ١٤ 14
၁၄ထို​နောက်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား အ​ထံ​တော်​သို့​တစ်​ဖန်​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့ စ​ကား​ကို​သင်​တို့​အား​လုံး​နာ​ယူ​သိ​မှတ်​ကြ လော့။-
لَيْسَ شَيْءٌ مِنْ خَارِجِ ٱلْإِنْسَانِ إِذَا دَخَلَ فِيهِ يَقْدِرُ أَنْ يُنَجِّسَهُ، لَكِنَّ ٱلْأَشْيَاءَ ٱلَّتِي تَخْرُجُ مِنْهُ هِيَ ٱلَّتِي تُنَجِّسُ ٱلْإِنْسَانَ. ١٥ 15
၁၅လူ​၏​အ​ပြင်​အ​ပ​မှ​ဝင်​သည့်​အ​ရာ​သည်​လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်။ အ​တွင်း​မှ​ထွက်​သည့်​အ​ရာ သည်​သာ​လူ​ကို​ညစ်​ညမ်း​စေ​နိုင်​၏။-
إِنْ كَانَ لِأَحَدٍ أُذْنَانِ لِلسَّمْعِ، فَلْيَسْمَعْ». ١٦ 16
၁၆(နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့)'' ဟု မိန့်​တော်​မူ​၏။-
وَلَمَّا دَخَلَ مِنْ عِنْدِ ٱلْجَمْعِ إِلَى ٱلْبَيْتِ، سَأَلَهُ تَلَامِيذُهُ عَنِ ٱلْمَثَلِ. ١٧ 17
၁၇ကိုယ်​တော်​သည်​ပ​ရိ​သတ်​ရှိ​ရာ​မှ​ကြွ​၍​အိမ်​ထဲ သို့​ဝင်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည့်​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ကြ​၏။-
فَقَالَ لَهُمْ: «أَفَأَنْتُمْ أَيْضًا هَكَذَا غَيْرُ فَاهِمِينَ؟ أَمَا تَفْهَمُونَ أَنَّ كُلَّ مَا يَدْخُلُ ٱلْإِنْسَانَ مِنْ خَارِجٍ لَا يَقْدِرُ أَنْ يُنَجِّسَهُ، ١٨ 18
၁၈ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​မျှ​ပင်​အ​သိ​ဉာဏ် ကင်း​မဲ့​လျက်​နေ​ကြ​သ​လော။ လူ​၏​အ​တွင်း​သို့ ပြင်​ပ​မှ​ဝင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​စိတ် နှ​လုံး​ထဲ​သို့​မ​ဝင်။ အ​စာ​အိမ်​သို့​သာ​ဝင်​ပြီး လျှင် အိမ်​သာ​တွင်း​သို့​သက်​ဆင်း​သွား​သော​ကြောင့် လူ​၏​ကိုယ်​တွင်း​သို့​ဝင်​သည့်​အ​ရာ​သည် လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်​ကြောင်း​ကို သင်​တို့​နား​မ လည်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ (ဤ​သို့ မိန့်​တော်​မူ​ခြင်း​အား​ဖြင့် မ​စား​အပ်​သည့် အ​စား​အ​စာ​ဟူ​၍​မ​ရှိ​ကြောင်း​ရှင်း​ပြ တော်​မူ​သ​တည်း။)
لِأَنَّهُ لَا يَدْخُلُ إِلَى قَلْبِهِ بَلْ إِلَى ٱلْجَوْفِ، ثُمَّ يَخْرُجُ إِلَى ٱلْخَلَاءِ، وَذَلِكَ يُطَهِّرُ كُلَّ ٱلْأَطْعِمَةِ». ١٩ 19
၁၉
ثُمَّ قَالَ: «إِنَّ ٱلَّذِي يَخْرُجُ مِنَ ٱلْإِنْسَانِ ذَلِكَ يُنَجِّسُ ٱلْإِنْسَانَ. ٢٠ 20
၂၀ဆက်​လက်​၍​ကိုယ်​တော်​က ``လူ​၏​ကိုယ်​တွင်း​မှ ထွက်​သည့်​အ​ရာ​သာ​လျှင် လူ​ကို​ညစ်​ညမ်း​စေ​၏။-
لِأَنَّهُ مِنَ ٱلدَّاخِلِ، مِنْ قُلُوبِ ٱلنَّاسِ، تَخْرُجُ ٱلْأَفْكَارُ ٱلشِّرِّيرَةُ: زِنًى، فِسْقٌ، قَتْلٌ، ٢١ 21
၂၁လူ​အ​တွင်း​ရှိ​စိတ်​နှ​လုံး​ထဲ​မှ​ညစ်​ညမ်း​သော အ​ကြံ​အ​စည်​များ​ထွက်​လာ​၏။ ကာ​မ​ဂုဏ် လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ကို​ခိုး​ခြင်း၊ လူ့​အ​သက် ကို​သတ်​ခြင်း၊-
سِرْقَةٌ، طَمَعٌ، خُبْثٌ، مَكْرٌ، عَهَارَةٌ، عَيْنٌ شِرِّيرَةٌ، تَجْدِيفٌ، كِبْرِيَاءُ، جَهْلٌ. ٢٢ 22
၂၂သူ့​အိမ်​ရာ​ကို​ပြစ်​မှား​ခြင်း၊ လော​ဘ​လွန်​ကူး ခြင်း၊ ဆိုး​ယုတ်​မိုက်​မဲ​ခြင်း၊ လိမ်​လည်​လှည့်​စား ခြင်း၊ တ​ရား​လက်​လွတ်​ပြု​မူ​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ကို​ဖျက်​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ လျှပ်​ပေါ်​လော်​လည်​ခြင်း-
جَمِيعُ هَذِهِ ٱلشُّرُورِ تَخْرُجُ مِنَ ٱلدَّاخِلِ وَتُنَجِّسُ ٱلْإِنْسَانَ». ٢٣ 23
၂၃အ​စ​ရှိ​သော​ဆိုး​ညစ်​သည့်​အ​ရာ​အား​လုံး​တို့ သည် လူ​ကိုယ်​တွင်း​မှ​ထွက်​လာ​၍​လူ​ကို​ညစ်​ညမ်း စေ​၏။'' ဟု​မိန့်​တော်​မူ​၏။
ثُمَّ قَامَ مِنْ هُنَاكَ وَمَضَى إِلَى تُخُومِ صُورَ وَصَيْدَاءَ، وَدَخَلَ بَيْتًا وَهُوَ يُرِيدُ أَنْ لَا يَعْلَمَ أَحَدٌ، فَلَمْ يَقْدِرْ أَنْ يَخْتَفِيَ، ٢٤ 24
၂၄ကိုယ်​တော်​သည်​ထို​အ​ရပ်​မှ​ထွက်​ခွာ​တော်​မူ​၍ တု​ရု​နယ်​သို့​ကြွ​တော်​မူ​၏။ ရောက်​လျှင်​အိမ်​တစ် အိမ်​တွင်​တည်း​ခို​တော်​မူ​၏။ ကိုယ်​တော်​ရောက်​ရှိ တော်​မူ​ကြောင်း​မည်​သူ​ကို​မျှ​သိ​စေ​တော်​မ​မူ လို။ သို့​ရာ​တွင်​ပုန်း​ကွယ်​၍​နေ​တော်​မ​မူ​နိုင်။-
لِأَنَّ ٱمْرَأَةً كَانَ بِٱبْنَتِهَا رُوحٌ نَجِسٌ سَمِعَتْ بِهِ، فَأَتَتْ وَخَرَّتْ عِنْدَ قَدَمَيْهِ. ٢٥ 25
၂၅ညစ်​ညမ်း​သော​နတ်​ပူး​ဝင်​နေ​သော​သူ​ငယ်​မ​တစ် ဦး​၏​မိ​ခင်​သည် ကိုယ်​တော်​ရောက်​ရှိ​သည့်​သ​တင်း ကို​ကြား​လျှင်​ချက်​ချင်း​လာ​၍​ခြေ​တော်​ရင်း​တွင် ပျပ်​ဝပ်​၏။-
وَكَانَتْ ٱلٱمْرَأَةُ أُمَمِيَّةً، وَفِي جِنْسِهَا فِينِيقِيَّةً سُورِيَّةً. فَسَأَلَتْهُ أَنْ يُخْرِجَ ٱلشَّيْطَانَ مِنِ ٱبْنَتِهَا. ٢٦ 26
၂၆သူ​သည်​ရှု​ရိ​ဖိ​နိတ်​ပြည်​သူ​ဂ​ရိ​အ​မျိုး​သ​မီး ဖြစ်​၏။ မိ​မိ​၏​သ​မီး​ထံ​မှ​နတ်​မိစ္ဆာ​ကို​နှင်​ထုတ် တော်​မူ​ရန်​ကိုယ်​တော်​အား​တောင်း​ပန်​၏။-
وَأَمَّا يَسُوعُ فَقَالَ لَهَا: «دَعِي ٱلْبَنِينَ أَوَّلًا يَشْبَعُونَ، لِأَنَّهُ لَيْسَ حَسَنًا أَنْ يُؤْخَذَ خُبْزُ ٱلْبَنِينَ وَيُطْرَحَ لِلْكِلَابِ». ٢٧ 27
၂၇ကိုယ်​တော်​က ``သား​သ​မီး​တို့​ကို​ဦး​စွာ​ဝ​အောင် ကျွေး​ရ​၏။ သား​သ​မီး​တို့​၏​အ​စား​အ​စာ​ကို ယူ​၍​ခွေး​တို့​အား​မ​ကျွေး​အပ်'' ဟု​သူ့​အား မိန့်​တော်​မူ​၏။
فَأَجَابَتْ وَقَالَتْ لَهُ: «نَعَمْ، يَا سَيِّدُ! وَٱلْكِلَابُ أَيْضًا تَحْتَ ٱلْمَائِدَةِ تَأْكُلُ مِنْ فُتَاتِ ٱلْبَنِينَ!». ٢٨ 28
၂၈ထို​အ​မျိုး​သ​မီး​က ``မှန်​ပါ​၏​အ​ရှင်။ သို့​ရာ​တွင် သား​သ​မီး​တို့​၏​စား​ကြွင်း​စား​ကျန်​များ​ကို စား​ပွဲ​အောက်​မှ​ခွေး​တို့​စား​ရ​ကြ​ပါသည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။
فَقَالَ لَهَا: «لِأَجْلِ هَذِهِ ٱلْكَلِمَةِ، ٱذْهَبِي. قَدْ خَرَجَ ٱلشَّيْطَانُ مِنِ ٱبْنَتِكِ». ٢٩ 29
၂၉ထို​အ​ခါ​ကိုယ်​တော်​က ``သင်​ဤ​သို့​လျောက်​ပတ်​စွာ လျှောက်​ထား​သည့်​အ​တွက်​ကြောင့်​အိမ်​သို့​ပြန်​လော့။ နတ်​မိစ္ဆာ​သည်​သင့်​သ​မီး​ထံ​မှ​ထွက်​ခွာ​သွား​လေ ပြီ'' ဟု​မိန့်​တော်​မူ​၏။
فَذَهَبَتْ إِلَى بَيْتِهَا وَوَجَدَتِ ٱلشَّيْطَانَ قَدْ خَرَجَ، وَٱلِٱبْنَةَ مَطْرُوحَةً عَلَى ٱلْفِرَاشِ. ٣٠ 30
၃၀ထို​အ​မျိုး​သ​မီး​သည်​မိ​မိ​အိမ်​သို့​ပြန်​ရောက်​သော် နတ်​မိစ္ဆာ​ထွက်​သွား​သ​ဖြင့် အိပ်​ရာ​ထဲ​မှာ​ငြိမ်​သက် စွာ​လဲ​လျောင်း​နေ​သော​မိ​မိ​၏​သ​မီး​ငယ်​ကို​တွေ့ ရ​၏။
ثُمَّ خَرَجَ أَيْضًا مِنْ تُخُومِ صُورَ وَصَيْدَاءَ، وَجَاءَ إِلَى بَحْرِ ٱلْجَلِيلِ فِي وَسْطِ حُدُودِ ٱلْمُدُنِ ٱلْعَشْرِ. ٣١ 31
၃၁တု​ရု​ဒေ​သ​မှ​အ​ပြန်​တွင်​ကိုယ်​တော်​သည်​ဇိ​ဒုန် ဒေ​သ​ကို​လည်း​ကောင်း၊ ဒေ​ကာ​ပေါ​လိ​ပြည် အ​လယ်​ပိုင်း​ကို​လည်း​ကောင်း​ဖြတ်​၍ ဂါ​လိ​လဲ အိုင်​သို့​ကြွ​တော်​မူ​၏။-
وَجَاءُوا إِلَيْهِ بِأَصَمَّ أَعْقَدَ، وَطَلَبُوا إِلَيْهِ أَنْ يَضَعَ يَدَهُ عَلَيْهِ. ٣٢ 32
၃၂လူ​အ​ချို့​တို့​သည်​ဆွံ့​အ​နား​ပင်း​သူ​တစ်​ယောက် ကို​အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ​၏။ ``သူ​၏​အ​ပေါ် တွင်​လက်​တော်​ကို​တင်​တော်​မူ​ပါ'' ဟု​လျှောက်​ထား တောင်း​ပန်​ကြ​၏။-
فَأَخَذَهُ مِنْ بَيْنِ ٱلْجَمْعِ عَلَى نَاحِيَةٍ، وَوَضَعَ أَصَابِعَهُ فِي أُذُنَيْهِ وَتَفَلَ وَلَمَسَ لِسَانَهُ، ٣٣ 33
၃၃သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​ထဲ​မှ​ထို​သူ တစ်​ယောက်​တည်း​ကို လူ​ရှင်း​ရာ​သို့​ခေါ်​သွား​တော် မူ​ပြီး​နောက် သူ​၏​နား​များ​အ​တွင်း​သို့​လက်​ညှိုး တော်​ကို​ထိုး​ထည့်​တော်​မူ​၏။ တံ​တွေး​ထွေး​၍ သူ​၏​လျှာ​ကို​လည်း​တို့​တော်​မူ​၏။-
وَرَفَعَ نَظَرَهُ نَحْوَ ٱلسَّمَاءِ، وَأَنَّ وَقَالَ لَهُ: «إِفَّثَا». أَيِ ٱنْفَتِحْ. ٣٤ 34
၃၄ထို​နောက်​ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက်​သက် ပြင်း​ချ​ကာ ``ဧ​ဖ​သ'' ဟု​မိန့်​တော်​မူ​၏။ ဧ​ဖ​သ အ​နက်​ကား ``ပွင့်​စေ'' ဟူ​သ​တည်း။
وَلِلْوَقْتِ ٱنْفَتَحَتْ أُذْنَاهُ، وَٱنْحَلَّ رِبَاطُ لِسَانِهِ، وَتَكَلَّمَ مُسْتَقِيمًا. ٣٥ 35
၃၅ချက်​ချင်း​ပင်​ထို​သူ​၏​နား​တို့​သည်​ပွင့်​၍ သူ ၏​လျှာ​သည်​သွက်​လက်​လာ​သ​ဖြင့် သူ​သည် ပီ​သ​စွာ​စ​ကား​ပြော​လေ​သည်။-
فَأَوْصَاهُمْ أَنْ لَا يَقُولُوا لِأَحَدٍ. وَلَكِنْ عَلَى قَدْرِ مَا أَوْصَاهُمْ كَانُوا يُنَادُونَ أَكْثَرَ كَثِيرًا. ٣٦ 36
၃၆ကိုယ်​တော်​သည်​ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း ကို မည်​သူ​အား​မျှ​မ​ပြော​ကြ​ရန်​လူ​တို့​အား တား​မြစ်​တော်​မူ​၏။ သို့​သော်​လည်း​ကိုယ်​တော် တား​မြစ်​တော်​မူ​လေ၊ သူ​တို့​သည်​ထို​သ​တင်း ကို​ကြေ​ညာ​လေ​ဖြစ်​၏။-
وَبُهِتُوا إِلَى ٱلْغَايَةِ قَائِلِينَ: «إِنَّهُ عَمِلَ كُلَّ شَيْءٍ حَسَنًا! جَعَلَ ٱلصُّمَّ يَسْمَعُونَ وَٱلْخُرْسَ يَتَكَلَّمُونَ». ٣٧ 37
၃၇ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ရ​သည့် လူ​အ​ပေါင်း​တို့​သည်​လွန်​မင်း​စွာ​အံ့​သြ​ကြ လျက် ``ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့ ကို​လျောက်​ပတ်​စွာ​ပြု​တော်​မူ​ပြီ။ နား​ပင်း​သူ​တို့ ကို​ကြား​စေ​တော်​မူ​ပြီ။ ဆွံ့​အ​သူ​တို့​ကို​စ​ကား ပြော​စေ​တော်​မူ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။

< مَرْقُس 7 >