< إِرْمِيَا 38 >

وَسَمِعَ شَفَطْيَا بْنُ مَتَّانَ، وَجَدَلْيَا بْنُ فَشْحُورَ، وَيُوخَلُ بْنُ شَلَمْيَا، وَفَشْحُورُ بْنُ مَلْكِيَّا، ٱلْكَلَامَ ٱلَّذِي كَانَ إِرْمِيَا يُكَلِّمُ بِهِ كُلَّ ٱلشَّعْبِ قَائِلًا: ١ 1
မ​ဿန်​၏​သား​ရှေ​ဖ​တိ၊ ပါ​ရှု​ရ​၏​သား​ဂေ​ဒ​လိ၊ ရှေ​လ​မိ​၏​သား​ယေ​ဟု​က​လ၊ မာ​လ​ခိ​၏​သား ပါ​ရှု​ရ​တို့​သည်​ပြည်​သူ​တို့​အား​ငါ​ပြော​ဆို လျက်​နေ​သော​စ​ကား​များ​ကို​ကြား​ကြ​၏။-
«هَكَذَا قَالَ ٱلرَّبُّ: ٱلَّذِي يُقِيمُ فِي هَذِهِ ٱلْمَدِينَةِ يَمُوتُ بِٱلسَّيْفِ وَٱلْجُوعِ وَٱلْوَبَإِ. أَمَّا ٱلَّذِي يَخْرُجُ إِلَى ٱلْكَلْدَانِيِّينَ فَإِنَّهُ يَحْيَا وَتَكُونُ لَهُ نَفْسُهُ غَنِيمَةً فَيَحْيَا. ٢ 2
ငါ​သည်​လူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ပြော​ကြား​သည်​မှာ``ဤ​မြို့​တွင်​ဆက် လက်​နေ​ထိုင်​သူ​တို့​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​နှင့်​သေ​ရ ကြ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ထံ​သွား ၍​လက်​နက်​ချ​သူ​တို့​သည်​သေ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​သည်​ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​ချမ်း​သာ​ရာ​ရ​လျက်​ကျန်​ရှိ​ကြ​လိမ့် မည်။-
هَكَذَا قَالَ ٱلرَّبُّ: هَذِهِ ٱلْمَدِينَةُ سَتُدْفَعُ دَفْعًا لِيَدِ جَيْشِ مَلِكِ بَابِلَ فَيَأْخُذُهَا». ٣ 3
ငါ​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​တပ်​မ တော်​သို့​ပေး​အပ်​မည်။ သူ​သည်​လည်း​ဤ​မြို့ ကို​သိမ်း​ယူ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သည်။-
فَقَالَ ٱلرُّؤَسَاءُ لِلْمَلِكِ: «لِيُقْتَلْ هَذَا ٱلرَّجُلُ، لِأَنَّهُ بِذَلِكَ يُضْعِفُ أَيَادِيَ رِجَالِ ٱلْحَرْبِ ٱلْبَاقِينَ فِي هَذِهِ ٱلْمَدِينَةِ، وَأَيَادِيَ كُلِّ ٱلشَّعْبِ، إِذْ يُكَلِّمُهُمْ بِمِثْلِ هَذَا ٱلْكَلَامِ. لِأَنَّ هَذَا ٱلرَّجُلَ لَا يَطْلُبُ ٱلسَّلَامَ لِهَذَا ٱلشَّعْبِ بَلِ ٱلشَّرَّ». ٤ 4
ထို​အ​ခါ​မှူး​မတ်​တို့​သည်​မင်း​ကြီး​အား``ဤ သူ​ကို​သုတ်​သင်​ပစ်​မှ​ဖြစ်​ပါ​မည်။ သူ​သည် ဤ​စ​ကား​များ​ကို​ပြော​ဆို​ခြင်း​အား​ဖြင့် မြို့​တွင်း​ရှိ​စစ်​သည်​သူ​ရဲ​တို့​အား​လျော့ စေ​ပါ​၏။ မြို့​ထဲ​တွင်​အ​ခြား​ကျန်​ရှိ​နေ​သေး သူ​အ​ပေါင်း​ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင် ဖြစ်​စေ​ပါ​၏။ သူ​သည်​လူ​တို့​၏​ကောင်း​ကျိုး ကို​မ​ရှာ၊ ဆိုး​ကျိုး​ကို​သာ​လျှင်​ရှာ​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။-
فَقَالَ ٱلْمَلِكُ صِدْقِيَّا: «هَا هُوَ بِيَدِكُمْ، لِأَنَّ ٱلْمَلِكَ لَا يَقْدِرُ عَلَيْكُمْ فِي شَيْءٍ». ٥ 5
သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​က``ကောင်း​ပြီ။ သူ့​အား သင်​တို့​ပြု​လို​ရာ​ပြု​ကြ​ပေ​လော့။ သင်​တို့ အား​ငါ​မ​ဆီး​တား'' ဟု​မိန့်​တော်​မူ​၏။-
فَأَخَذُوا إِرْمِيَا وَأَلْقُوْهُ فِي جُبِّ مَلْكِيَّا ٱبْنِ ٱلْمَلِكِ، ٱلَّذِي فِي دَارِ ٱلسِّجْنِ، وَدَلُّوا إِرْمِيَا بِحِبَالٍ. وَلَمْ يَكُنْ فِي ٱلْجُبِّ مَاءٌ بَلْ وَحْلٌ، فَغَاصَ إِرْمِيَا فِي ٱلْوَحْلِ. ٦ 6
ထို့​ကြောင့်​မှူး​မတ်​တို့​သည်​ငါ့​ကို​ယူ​ဆောင်​ကာ နန်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​သော​မင်း​သား မာ​လ​ခိ​၏​ရေ​တွင်း​ထဲ​သို့​ကြိုး​များ​ဖြင့် လျှော​ချ​လိုက်​ကြ​၏။ ရေ​တွင်း​ထဲ​၌​ရေ​မ​ရှိ။ ရွှံ့​နွံ​များ​သာ​လျှင်​ရှိ​သ​ဖြင့်​ငါ​သည်​ရွှံ့​နွံ တွင်​ကျွံ​နစ်​လျက်​နေ​လေ​၏။-
فَلَمَّا سَمِعَ عَبْدَ مَلِكُ ٱلْكُوشِيُّ، رَجُلٌ خَصِيٌّ، وَهُوَ فِي بَيْتِ ٱلْمَلِكِ، أَنَّهُمْ جَعَلُوا إِرْمِيَا فِي ٱلْجُبِّ، وَٱلْمَلِكُ جَالِسٌ فِي بَابِ بَنْيَامِينَ، ٧ 7
သို့​ရာ​တွင်​နန်း​တော်​အ​မှု​ထမ်း​ဆူ​ဒန်​အ​မျိုး သား​မိန်း​မ​စိုး​ဧ​ဗ​ဒ​မေ​လက်​သည် ဤ​သို့​ထို သူ​တို့​က​ရေ​တွင်း​ထဲ​သို့​ချ​လိုက်​ကြောင်း​ကို ကြား​သိ​သွား​လေ​သည်။ ထို​အ​ချိန်​၌​မင်း​ကြီး သည်​ဗင်္ယာ​မိန်​တံ​ခါး​အ​နီး​တွင်​ညီ​လာ​ခံ လျက်​နေ​၏။-
خَرَجَ عَبْدَ مَلِكُ مِنْ بَيْتِ ٱلْمَلِكِ وَكَلَّمَ ٱلْمَلِكَ قَائِلًا: ٨ 8
သို့​ဖြစ်​၍​ဧ​ဗ​ဒ​မေ​လက်​သည်​နန်း​တော်​မှ ထို​အ​ရပ်​သို့​သွား​ပြီး​လျှင်​မင်း​ကြီး​အား၊-
«يَا سَيِّدِي ٱلْمَلِكَ، قَدْ أَسَاءَ هَؤُلَاءِ ٱلرِّجَالُ فِي كُلِّ مَا فَعَلُوا بِإِرْمِيَا ٱلنَّبِيِّ، ٱلَّذِي طَرَحُوهُ فِي ٱلْجُبِّ، فَإِنَّهُ يَمُوتُ فِي مَكَانِهِ بِسَبَبِ ٱلْجُوعِ، لِأَنَّهُ لَيْسَ بَعْدُ خُبْزٌ فِي ٱلْمَدِينَةِ». ٩ 9
``အ​ရှင်​မင်း​ကြီး၊ ဤ​သူ​တို့​ပြု​ခဲ့​ကြ​သည့် အ​မှု​များ​သည်​မှား​ပါ​၏။ သူ​တို့​သည်​ယေ​ရ​မိ အား​ရေ​တွင်း​ထဲ​သို့​ချ​ခဲ့​ကြ​ပါ​ပြီ။ သူ​သည် ဧ​ကန်​မု​ချ​အ​စာ​ငတ်​၍​သေ​ရ​ပါ​လိမ့်​မည်။ မြို့​တွင်း​၌​လည်း​အ​စာ​ရေ​စာ​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။-
فَأَمَرَ ٱلْمَلِكُ عَبْدَ مَلِكَ ٱلْكُوشِيَّ قَائِلًا: «خُذْ مَعَكَ مِنْ هُنَا ثَلَاثِينَ رَجُلًا، وَأَطْلِعْ إِرْمِيَا مِنَ ٱلْجُبِّ قَبْلَمَا يَمُوتُ». ١٠ 10
၁၀ထို​အ​ခါ​မင်း​ကြီး​သည်​ဧ​ဗ​ဒ​မေ​လက်​အား ထို​အ​ရပ်​တွင်​ရှိ​သည့်​လူ​သုံး​ယောက်​ကို​ခေါ် ယူ​ကာ ယေ​ရ​မိ​မ​သေ​မီ​ရေ​တွင်း​ထဲ​မှ​ဆယ် ယူ​စေ​တော်​မူ​၏။-
فَأَخَذَ عَبْدَ مَلِكُ ٱلرِّجَالَ مَعَهُ، وَدَخَلَ إِلَى بَيْتِ ٱلْمَلِكِ، إِلَى أَسْفَلِ ٱلْمَخْزَنِ، وَأَخَذَ مِنْ هُنَاكَ ثِيَابًا رِثَّةً وَمَلَابِسَ بَالِيَةً وَدَلَّاهَا إِلَى إِرْمِيَا إِلَى ٱلْجُبِّ بِحِبَالٍ. ١١ 11
၁၁ထို့​ကြောင့်​ဧ​ဗ​ဒ​မေလက်​သည်​လူ​တို့​ခေါ်​ကာ ထို​နန်း​တော်​ပစ္စည်း​သို​လှောင်​ခန်း​သို့​ဝင်​ပြီး လျှင် ဟောင်း​နွမ်း​သော​အ​ဝတ်​စုတ်​များ​ကို​ယူ ပြီး​လျှင် ရေ​တွင်း​ထဲ​၌​ရှိ​သော​ငါ့​ထံ​သို့ ကြိုး​များ​နှင့်​အ​တူ​ချ​၍​ပေး​လေ​သည်။-
وَقَالَ عَبْدَ مَلِكُ ٱلْكُوشِيُّ لِإِرْمِيَا: «ضَعِ ٱلثِّيَابَ ٱلرِّثَّةَ وَٱلْمَلَابِسَ ٱلْبَالِيَةَ تَحْتَ إِبْطَيْكَ تَحْتَ ٱلْحِبَالِ». فَفَعَلَ إِرْمِيَا كَذَلِكَ. ١٢ 12
၁၂ထို​နောက်​ဧ​ဗ​ဒ​မေ​လက်​သည်​ငါ့​အား``သင့် အား​ကြိုး​များ​မ​ပွန်း​မ​ရှ​နိုင်​စေ​ရန် ဤ အ​ဝတ်​စုတ်​ကို​သင်​၏​ချိုင်း​အောက်​တွင်​ခံ ၍​ထား​လော့'' ဟု​ဆို​၏။ ငါ​သည်​ဤ​အ​တိုင်း ပြု​၏။-
فَجَذَبُوا إِرْمِيَا بِٱلْحِبَالِ وَأَطْلَعُوهُ مِنَ ٱلْجُبِّ. فَأَقَامَ إِرْمِيَا فِي دَارِ ٱلسِّجْنِ. ١٣ 13
၁၃ထို​နောက်​သူ​တို့​သည်​ငါ့​အား​ကြိုး​များ​ဖြင့် ဆွဲ​၍​ရေ​တွင်း​ထဲ​မှ​ကယ်​ဆယ်​လိုက်​ကြ​၏။ ထို​နောက်​ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ နေ​ရ​လေ​သည်။
فَأَرْسَلَ ٱلْمَلِكُ صِدْقِيَّا وَأَخَذَ إِرْمِيَا ٱلنَّبِيَّ إِلَيْهِ، إِلَى ٱلْمَدْخَلِ ٱلثَّالِثِ ٱلَّذِي فِي بَيْتِ ٱلرَّبِّ، وَقَالَ ٱلْمَلِكُ لِإِرْمِيَا: «أَنَا أَسْأَلُكَ عَنْ أَمْرٍ. لَا تُخْفِ عَنِّي شَيْئًا». ١٤ 14
၁၄ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​ဗိ​မာန်​တော်​တ​တိ​ယ မုခ်​ဆောင်​ခန်း​သို့​ခေါ်​ယူ​စေ​ပြီး​လျှင်``သင့်​အား မေး​ခွန်း​တစ်​ခု​ကို​ငါ​မေး​မည်။ ငါ​၏​ထံ​မှ​မည် သည့်​အ​ရာ​ကို​မျှ​ထိမ်​ဝှက်​၍​မ​ထား​နှင့်'' ဟု ဆို​၏။
فَقَالَ إِرْمِيَا لِصِدْقِيَّا: «إِذَا أَخْبَرْتُكَ أَفَمَا تَقْتُلُنِي قَتْلًا؟ وَإِذَا أَشَرْتُ عَلَيْكَ فَلَا تَسْمَعُ لِي!» ١٥ 15
၁၅ငါ​က``အ​ကယ်​၍​အ​ကျွန်ုပ်​သည်​မှန်​ရာ​ကို လျှောက်​ထား​ပါ​မူ အ​ရှင်​သည်​အ​ကျွန်ုပ်​အား ကွပ်​မျက်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​အ​ကြံ​ပေး လျှင်​လည်း​အ​ရှင်​ပ​မာ​ဏ​ပြု​တော်​မူ​လိမ့် မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။
فَحَلَفَ ٱلْمَلِكُ صِدْقِيَّا لِإِرْمِيَا سِرًّا قَائِلًا: «حَيٌّ هُوَ ٱلرَّبُّ ٱلَّذِي صَنَعَ لَنَا هَذِهِ ٱلنَّفْسَ، إِنِّي لَا أَقْتُلُكَ وَلَا أَدْفَعُكَ لِيَدِ هَؤُلَاءِ ٱلرِّجَالِ ٱلَّذِينَ يَطْلُبُونَ نَفْسَكَ». ١٦ 16
၁၆သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား``ငါ​တို့ ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​သင့် အား​သတ်​မည်​မ​ဟုတ်။ သင့်​ကို​သတ်​လို​သူ​တို့ ၏​လက်​သို့​လည်း​ပေး​အပ်​မည်​မ​ဟုတ်'' ဟု လျှို့​ဝှက်​စွာ​က​တိ​ပေး​တော်​မူ​၏။
فَقَالَ إِرْمِيَا لِصِدْقِيَّا: «هَكَذَا قَالَ ٱلرَّبُّ إِلَهُ ٱلْجُنُودِ إِلَهُ إِسْرَائِيلَ: إِنْ كُنْتَ تَخْرُجُ خُرُوجًا إِلَى رُؤَسَاءِ مَلِكِ بَابِلَ، تَحْيَا نَفْسُكَ وَلَا تُحْرَقُ هَذِهِ ٱلْمَدِينَةُ بِٱلنَّارِ، بَلْ تَحْيَا أَنْتَ وَبَيْتُكَ. ١٧ 17
၁၇ထို​အ​ခါ​ငါ​သည်​ဇေ​ဒ​ကိ​မင်း​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည်​ဗာ ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​ထံ​တွင်​လက်​နက် ချ​ပါ​မူ​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​ရ​လိမ့်​မည်​မ ဟုတ်။ သင်​နှင့်​သင်​၏​အိမ်​ထောင်​စု​သား​များ ပါ​အ​သက်​ချမ်း​သာ​ကြ​လိမ့်​မည်။-
وَلَكِنْ إِنْ كُنْتَ لَا تَخْرُجُ إِلَى رُؤَسَاءِ مَلِكِ بَابِلَ، تُدْفَعُ هَذِهِ ٱلْمَدِينَةُ لِيَدِ ٱلْكَلْدَانِيِّينَ فَيُحْرِقُونَهَا بِٱلنَّارِ، وَأَنْتَ لَا تُفْلِتُ مِنْ يَدِهِمْ». ١٨ 18
၁၈သို့​ရာ​တွင်​အ​ကယ်​၍​သင်​လက်​နက်​မ​ချ ပါ​မူ ဤ​မြို့​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ ၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်။ သူ​တို့ သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​၏။
فَقَالَ صِدْقِيَّا ٱلْمَلِكُ لِإِرْمِيَا: «إِنِّي أَخَافُ مِنَ ٱلْيَهُودِ ٱلَّذِينَ قَدْ سَقَطُوا لِلْكَلْدَانِيِّينَ لِئَلَّا يَدْفَعُونِي لِيَدِهِمْ فَيَزْدَرُوا بِي». ١٩ 19
၁၉သို့​ရာ​တွင်​ဇေ​ဒ​ကိ​မင်း​က``ဗာ​ဗု​လုန်​အ​မျိုး သား​တို့​ဘက်​သို့​ထွက်​ပြေး​ကြ​သော​ယု​ဒ အ​မျိုး​သား​တို့​ကို​ငါ​ကြောက်​၏။ အ​ကယ် ၍​ငါ​သည်​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​ခဲ့ သော်​သူ​တို့​သည်​ငါ့​အား​အ​ပြင်း​အ​ထန် ညှင်း​ဆဲ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
فَقَالَ إِرْمِيَا: «لَا يَدْفَعُونَكَ. ٱسْمَعْ لِصَوْتِ ٱلرَّبِّ فِي مَا أُكَلِّمُكَ أَنَا بِهِ، فَيُحْسَنَ إِلَيْكَ وَتَحْيَا نَفْسُكَ. ٢٠ 20
၂၀ငါ​က``အ​ရှင်​သည်​ထို​သူ​တို့​လက်​တွင်း​သို့ ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ရှင့်​အား အ​ကျွန်ုပ်​ပြန်​ကြား​ခဲ့​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​ဗျာ​ဒိတ်​တော်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက် တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား​ပါ​၏။ ဤ အ​တိုင်း​ပြု​တော်​မူ​လျှင်​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လျက် အ​ရှင်​သည်​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-
وَإِنْ كُنْتَ تَأْبَى ٱلْخُرُوجَ، فَهَذِهِ هِيَ ٱلْكَلِمَةُ ٱلَّتِي أَرَانِي ٱلرَّبُّ إِيَّاهَا: ٢١ 21
၂၁သို့​ရာ​တွင်​အ​ကယ်​၍​အ​ရှင်​သည်​လက်​နက် ချ​ရန်​ငြင်း​ဆန်​တော်​မူ​ပါ​က အ​ဘယ်​သို့ သော​အ​မှု​များ​ဖြစ်​ပျက်​လာ​လိမ့်​မည်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ပြ​တော်​မူ​ပါ​ပြီ။-
هَا كُلُّ ٱلنِّسَاءِ ٱللَّوَاتِي بَقِينَ فِي بَيْتِ مَلِكِ يَهُوذَا، يُخْرَجْنَ إِلَى رُؤَسَاءِ مَلِكِ بَابِلَ وَهُنَّ يَقُلْنَ: قَدْ خَدَعَكَ وَقَدِرَ عَلَيْكَ مُسَالِمُوكَ. غَاصَتْ فِي ٱلْحَمْأَةِ رِجْلَاكَ وَٱرْتَدَّتَا إِلَى ٱلْوَرَاءِ. ٢٢ 22
၂၂ယု​ဒ​ဘု​ရင်​၏​နန်း​တော်​တွင်​ကျန်​ရှိ​သ​မျှ သော​အ​မျိုး​သ​မီး​တို့​ကို ဗာ​ဗု​လုန်​ဘု​ရင် ၏​မှူး​မတ်​များ​ထံ​သို့​ထုတ်​ဆောင်​သွား​ကြ လိမ့်​မည်။ သူ​တို့​သည်​ဤ​သို့​ထွက်​ခွာ​သွား ကြ​ရ​စဉ်၊ `မင်း​ကြီး​၏​အ​ချစ်​ဆုံး​မိတ်​ဆွေ​များ​သည် သူ့​အား​လှည့်​စား​၍၊သူ့​အ​ပေါ်​၌​သြ​ဇာ​လွှမ်း​မိုး ကြ​၏။ ယ​ခု​အ​ခါ၊မင်း​ကြီး​၏​ခြေ​တို့​သည်​ရွှံ့​နွံ​တွင် ကျွံ​လျက်​နေ​ပြီ​ဖြစ်​၍၊ ထို​မိတ်​ဆွေ​များ​သည်​သူ့​အား​စွန့်​ပစ်​ကြ​လေ​ပြီ' ဟု​ဆို​ကြ​လိမ့်​မည်'' ဟု​လျှောက်​ထား​၏။
وَيُخْرِجُونَ كُلَّ نِسَائِكَ وَبَنِيكَ إِلَى ٱلْكَلْدَانِيِّينَ، وَأَنْتَ لَا تُفْلِتُ مِنْ يَدِهِمْ، لِأَنَّكَ أَنْتَ تُمْسَكُ بِيَدِ مَلِكِ بَابِلَ، وَهَذِهِ ٱلْمَدِينَةُ تُحْرَقُ بِٱلنَّارِ». ٢٣ 23
၂၃ထို​နောက်​ငါ​က``ဗာ​ဗု​လုန်​အ​မျိုး​သား​တို့ သည် အ​ရှင်​၏​မိ​ဖု​ရား​များ​နှင့်​သား​သ​မီး အ​ပေါင်း​ကို​ထုတ်​ဆောင်​သွား​လိမ့်​မည်။ အ​ရှင် ကိုယ်​တိုင်​ပင်​လျှင်​သူ​တို့​၏​ဘေး​မှ​လွတ် မြောက်​လိမ့်​မည်​မ​ဟုတ်​ပါ။ ဗာ​ဗု​လုန်​ဘု​ရင် ၏​ဖမ်း​ဆီး​ခြင်း​ကို​ခံ​ရ​ပါ​လိမ့်​မည်။ ဤ မြို့​သည်​လည်း​မီး​ကျွမ်း​လောင်​၍​သွား​လိမ့် မည်'' ဟု​လျှောက်​ထား​ပြန်​၏။
فَقَالَ صِدْقِيَّا لِإِرْمِيَا: «لَا يَعْلَمْ أَحَدٌ بِهَذَا ٱلْكَلَامِ، فَلَا تَمُوتَ. ٢٤ 24
၂၄ဇေ​ဒ​ကိ​မင်း​သည်​လည်း``ယ​ခု​ငါ​တို့​ပြော ဆို​ကြ​သည့်​စ​ကား​များ​ကို​အ​ဘယ်​သူ​မျှ မ​သိ​စေ​နှင့်။ သို့​မှ​သာ​လျှင်​သင်​သည် အ​သက်​ဘေး​နှင့်​ကင်း​ဝေး​ရ​လိမ့်​မည်။-
وَإِذَا سَمِعَ ٱلرُّؤَسَاءُ أَنِّي كَلَّمْتُكَ، وَأَتَوْا إِلَيْكَ وَقَالُوا لَكَ: أَخْبِرْنَا بِمَاذَا كَلَّمْتَ ٱلْمَلِكَ، لَا تُخْفِ عَنَّا فَلَا نَقْتُلَكَ، وَمَاذَا قَالَ لَكَ ٱلْمَلِكُ. ٢٥ 25
၂၅ငါ​သည်​သင်​နှင့်​စ​ကား​ပြော​ဆို​ခဲ့​ကြောင်း မှူး​မတ်​များ​ကြား​သိ​ကြ​သော​အ​ခါ သူ​တို့ သည်​သင့်​၏​ထံ​သို့​လာ​၍ ငါ​တို့​ပြော​ဆို​ကြ သည့်​ကိစ္စ​ကို​မေး​မြန်း​ကြ​လိမ့်​မည်။ သူ​တို့ က`ငါ​တို့​အား​ပြော​ပြ​လျှင်​သင့်​ကို​ငါ တို့​မ​သတ်​ပါ' ဟု​ကတိ​ပြု​ကြ​လိမ့်​မည်။-
فَقُلْ لَهُمْ: إِنِّي أَلْقَيْتُ تَضَرُّعِي أَمَامَ ٱلْمَلِكِ حَتَّى لَا يَرُدَّنِي إِلَى بَيْتِ يُونَاثَانَ لِأَمُوتَ هُنَاكَ». ٢٦ 26
၂၆သို့​သော်​လည်း​သင်​သည်​မိ​မိ​အ​သက်​မ​သေ ရ​လေ​အောင်​ယော​န​သန်​၏​အိမ်​သို့​ပြန်​၍​ပို့ တော်​မ​မူ​ပါ​နှင့်​ဟူ​၍​သာ​လျှင်​ငါ့​အား​ပန် ကြား​လျှောက်​ထား​ခဲ့​ကြောင်း​သူ​တို့​ကို​ပြော ကြား​ပါ​လော့'' ဟု​ဆို​၏။-
فَأَتَى كُلُّ ٱلرُّؤَسَاءِ إِلَى إِرْمِيَا وَسَأَلُوهُ، فَأَخْبَرَهُمْ حَسَبَ كُلِّ هَذَا ٱلْكَلَامِ ٱلَّذِي أَوْصَاهُ بِهِ ٱلْمَلِكُ. فَسَكَتُوا عَنْهُ لِأَنَّ ٱلْأَمْرَ لَمْ يُسْمَعْ. ٢٧ 27
၂၇မှူး​မတ်​အ​ပေါင်း​တို့​သည်​ငါ့​ထံ​လာ​၍​စစ် ဆေး​မေး​မြန်း​ကြ​၏။ သို့​ရာ​တွင်​ငါ​သည် မိ​မိ​ကို​မင်း​ကြီး​သင်​ကြား​ပေး​ထား​သည့် အ​တိုင်း​သာ​လျှင် တိ​ကျ​စွာ​ပြန်​လည်​ဖြေ ကြား​လိုက်​လေ​သည်။ အ​ဘယ်​သူ​မျှ​လည်း မင်း​ကြီး​နှင့်​ငါ​ပြော​ဆို​သော​စ​ကား​များ ကို​ကြား​ခဲ့​ရ​သူ​မ​ရှိ​သ​ဖြင့်​သူ​တို့​သည် အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်​ကြ​တော့​ချေ။
فَأَقَامَ إِرْمِيَا فِي دَارِ ٱلسِّجْنِ إِلَى ٱلْيَوْمِ ٱلَّذِي أُخِذَتْ فِيهِ أُورُشَلِيمَ. ٢٨ 28
၂၈ငါ​သည်​လည်း​ရန်​သူ့​လက်​သို့​ယေ​ရု​ရှ​လင် မြို့​ကျ​ရောက်​သည့်​နေ့​တိုင်​အောင် နန်း​တော် ဝင်း​အ​တွင်း​၌​နေ​ရ​လေ​တော့​သည်။

< إِرْمِيَا 38 >