< إِرْمِيَا 12 >

أَبَرُّ أَنْتَ يَارَبُّ مِنْ أَنْ أُخَاصِمَكَ. لَكِنْ أُكَلِّمُكَ مِنْ جِهَةِ أَحْكَامِكَ: لِمَاذَا تَنْجَحُ طَرِيقُ ٱلْأَشْرَارِ؟ اِطْمَأَنَّ كُلُّ ٱلْغَادِرِينَ غَدْرًا! ١ 1
အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့် တရားစကားကို ဆွေးနွေး သောအခါ ၊ ကိုယ်တော် သည် တရား တော်မူ၏။ သို့သော် လည်း၊ စစ်ကြော စီရင်တော်မူခြင်း အကြောင်းကို မေး လျှောက်ပါမည်။ မတရား သောသူတို့ သည် အဘယ်ကြောင့် အကြံ မြောက် ရကြပါ သနည်း။ အလွန်သစ္စာပျက် သော သူအပေါင်း တို့သည် အဘယ်ကြောင့်ချမ်းသာ ရကြပါသနည်း။
غَرَسْتَهُمْ فَأَصَّلُوا. نَمَوْا وَأَثْمَرُوا ثَمَرًا. أَنْتَ قَرِيبٌ فِي فَمِهِمْ وَبَعِيدٌ مِنْ كُلَاهُمْ. ٢ 2
ကိုယ်တော်သည် သူ တို့ကို စိုက် တော်မူသဖြင့် ၊ သူတို့သည် အမြစ် ကျ၍ ကြီးပွါး လျက် အသီး ကို သီး ကြပါ ၏။ ကိုယ်တော် သည် သူ တို့နှုတ် နှင့် နီး ၍ နှလုံး နှင့် ဝေး တော်မူ၏။
وَأَنْتَ يَارَبُّ عَرَفْتَنِي. رَأَيْتَنِي وَٱخْتَبَرْتَ قَلْبِي مِنْ جِهَتِكَ. اِفْرِزْهُمْ كَغَنَمٍ لِلذَّبْحِ، وَخَصِّصْهُمْ لِيَوْمِ ٱلْقَتْلِ. ٣ 3
အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ကို သိမြင် တော်မူ၏။ အကျွန်ုပ် သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြော တော်မူပြီ။ သိုး တို့ကို ထုတ်သကဲ့သို့ ၊ ထိုမတရားသောသူ တို့ ကို အသေ သတ်ခြင်းငှါ ဆွဲ ထုတ် တော်မူပါ။ သတ် ရသောနေ့ အဘို့ ပြင်ဆင် တော်မူပါ။
حَتَّى مَتَى تَنُوحُ ٱلْأَرْضُ وَيَيْبَسُ عُشْبُ كُلِّ ٱلْحَقْلِ؟ مِنْ شَرِّ ٱلسَّاكِنِينَ فِيهَا فَنِيَتِ ٱلْبَهَائِمُ وَٱلطُّيُورُ، لِأَنَّهُمْ قَالُوا: «لَا يَرَى آخِرَتَنَا». ٤ 4
ပြည် သား များပြုသောဒုစရိုက် အပြစ်ကြောင့် ၊ ပြည်သည် အဘယ် မျှကာလပတ်လုံး မြည်တမ်း ရပါအံ့နည်း။ အရပ်ရပ် တို့၌ရှိသောမြက်ပင် သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်း ရပါအံ့နည်း။ ငါ တို့ခံရသောအကျိုး အပြစ်ကို ဘုရားသခင်မ သိ မမြင်ဟု ပြည်သားများ ဆို သောကြောင့် ၊ သား များနှင့် ငှက် များတို့သည် ပျောက် ပျက် ကြပါပြီ။
«إِنْ جَرَيْتَ مَعَ ٱلْمُشَاةِ فَأَتْعَبُوكَ، فَكَيْفَ تُبَارِي ٱلْخَيْلَ؟ وَإِنْ كُنْتَ مُنْبَطِحًا فِي أَرْضِ ٱلسَّلَامِ، فَكَيْفَ تَعْمَلُ فِي كِبْرِيَاءِ ٱلْأُرْدُنِّ؟ ٥ 5
သင်သည် ခြေသည် တို့နှင့် ပြိုင်ပြေး ၍ မော လျှင် မြင်း တို့နှင့် အဘယ်သို့ ပြိုင် နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ် စွာ နေရသောပြည် ၌ မော လျှင် ၊ ယော်ဒန် မြစ်၏ ဂုဏ် အသရေထဲမှာ အဘယ် သို့ပြု လိမ့်မည်နည်း။
لِأَنَّ إِخْوَتَكَ أَنْفُسَهُمْ وَبَيْتَ أَبِيكَ قَدْ غَادَرُوكَ هُمْ أَيْضًا. هُمْ أَيْضًا نَادَوْا وَرَاءَكَ بِصَوْتٍ عَالٍ. لَا تَأْتَمِنْهُمْ إِذَا كَلَّمُوكَ بِٱلْخَيْرِ. ٦ 6
သင် ၏ညီအစ်ကို ၊ အဘ ၏ အိမ်သူ အိမ်သားတို့ ပင် သင့် ကို သစ္စာဖျက် ၍၊ သင့် နောက်သို့ အော်ဟစ် လျက် လိုက်ကြ၏။ သူ တို့သည် ကောင်း သောစကားကို ပြော သော်လည်း မ ယုံ နှင့်။
«قَدْ تَرَكْتُ بَيْتِي. رَفَضْتُ مِيرَاثِي. دَفَعْتُ حَبِيبَةَ نَفْسِي لِيَدِ أَعْدَائِهَا. ٧ 7
ငါသည်ကိုယ် အိမ် ကိုစွန့် ၍၊ ကိုယ် အမွေ ကို ပစ် ထားပြီ။ ငါ အလွန်ချစ် သောအစ်မကို သူ ၏ ရန်သူ လက် သို့ အပ်နှံ ပြီ။
صَارَ لِي مِيرَاثِي كَأَسَدٍ فِي ٱلْوَعْرِ. نَطَقَ عَلَيَّ بِصَوْتِهِ. مِنْ أَجْلِ ذَلِكَ أَبْغَضْتُهُ. ٨ 8
ငါ့ အမွေ သည် တော ၌ တွေ့သောခြင်္သေ့ ကဲ့သို့ ငါ့ အား ဖြစ် ၍၊ ငါ့ ကို ဟောက် သောကြောင့် ငါမုန်း လေ၏။
جَارِحَةٌ ضَبُعٌ مِيرَاثِي لِي. اَلْجَوَارِحُ حَوَالَيْهِ عَلَيْهِ. هَلُمَّ ٱجْمَعُوا كُلَّ حَيَوَانِ ٱلْحَقْلِ. اِيتُوا بِهَا لِلْأَكْلِ. ٩ 9
ငါ့ အမွေ သည် ဇဘော သားရဲ ကဲ့သို့ငါ့ အား ဖြစ်၏။ ပတ်လည် ၌ ရှိသောသားရဲ တို့သည် တိုက် ကြ၏။ လာကြ။ တော သားရဲ အပေါင်း တို့၊ စည်းဝေး ကြ။ ကိုက်စား ခြင်းငှါ လာ ကြစေ။
رُعَاةٌ كَثِيرُونَ أَفْسَدُوا كَرْمِي، دَاسُوا نَصِيبِي. جَعَلُوا نَصِيبِي ٱلْمُشْتَهَى بَرِّيَّةً خَرِبَةً. ١٠ 10
၁၀များစွာ သော သိုးထိန်း တို့သည် ငါ့ စပျစ် ဥယျာဉ် ကို ဖျက်ဆီး ကြပြီ။ ငါ ရထိုက်သောအဘို့ ကို ကျော်နင်း ကြပြီ။ ငါ ရထိုက်သောနှစ်သက် ရာအဘို့ ကို လူဆိတ်ညံ ရာ တော ဖြစ် စေကြပြီ။
جَعَلُوهُ خَرَابًا يَنُوحُ عَلَيَّ وَهُوَ خَرِبٌ. خَرِبَتْ كُلُّ ٱلْأَرْضِ، لِأَنَّهُ لَا أَحَدَ يَضَعُ فِي قَلْبِهِ. ١١ 11
၁၁သုတ်သင် ပယ်ရှင်းသောကြောင့် ၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့ အား ညဉ်းတွား လေ၏။ တပြည် လုံး ပျက်စီး သော်လည်း၊ အဘယ် သူမျှပမာဏ မပြုတတ်။
عَلَى جَمِيعِ ٱلرَّوَابِي فِي ٱلْبَرِّيَّةِ أَتَى ٱلنَّاهِبُونَ، لِأَنَّ سَيْفًا لِلرَّبِّ يَأْكُلُ مِنْ أَقْصَى ٱلْأَرْضِ إِلَى أَقْصَى ٱلْأَرْضِ. لَيْسَ سَلَامٌ لِأَحَدٍ مِنَ ٱلْبَشَرِ. ١٢ 12
၁၂တော ၌ မြင့် သော အရပ်အလုံးစုံ တို့အပေါ် မှာ လုယက် သောသူတို့ သည် တက် ကြပြီ။ အကယ်စင်စစ်ပြည် စွန်း တဘက်မှ တဘက် တိုင်အောင် ထာဝရဘုရား ၏ ထား တော်သည် ဖျက်ဆီး သဖြင့်၊ အဘယ်သူ မျှချမ်းသာ မ ရ။
زَرَعُوا حِنْطَةً وَحَصَدُوا شَوْكًا. أَعْيَوْا وَلَمْ يَنْتَفِعُوا، بَلْ خَزُوا مِنْ غَلَّاتِكُمْ، مِنْ حُمُوِّ غَضَبِ ٱلرَّبِّ». ١٣ 13
၁၃သူတို့သည် ဂျုံ စပါးမျိုးစေ့ကို ကြဲ ၍ ဆူး ပင်ကိုသာ ရိတ် ရကြ၏။ ပင်ပန်းစွာ ကြိုးစား သော်လည်းကျေးဇူး မ ရှိကြ။ ထာဝရဘုရား ၏ အမျက် တော်အရှိန် ကြောင့် ၊ မိမိ တို့ ခံရသောအကျိုး ကိုထောက် ၍ ရှက် ကြလိမ့်မည်။
هَكَذَا قَالَ ٱلرَّبُّ عَلَى جَمِيعِ جِيرَانِي ٱلْأَشْرَارِ ٱلَّذِينَ يَلْمِسُونَ ٱلْمِيرَاثَ ٱلَّذِي أَوْرَثْتُهُ لِشَعْبِي إِسْرَائِيلَ: «هَأَنَذَا أَقْتَلِعُهُمْ عَنْ أَرْضِهِمْ وَأَقْتَلِعُ بَيْتَ يَهُوذَا مِنْ وَسْطِهِمْ. ١٤ 14
၁၄ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါပေး သနား၍၊ ငါ ၏လူ ဣသရေလအမျိုးပိုင် ထိုက်သော အမွေ ကို ထိခိုက် သော၊ ငါ ၏အိမ်နီးချင်း ဆိုး အပေါင်း တို့ကို၊ သူ တို့ ပြည် ထဲက ငါ နှုတ် မည်။ သူ တို့အထဲ က လည်း ယုဒ အမျိုး ကို ငါနှုတ်မည်။
وَيَكُونُ بَعْدَ ٱقْتِلَاعِي إِيَّاهُمْ، أَنِّي أَرْجِعُ فَأَرْحَمُهُمْ، وَأَرُدُّهُمْ كُلَّ وَاحِدٍ إِلَى مِيرَاثِهِ، وَكُلَّ وَاحِدٍ إِلَى أَرْضِهِ. ١٥ 15
၁၅နှုတ် ပြီးမှ တဖန် ငါသနား ၍ ၊ အသီးအသီး တို့ကို မိမိ တို့ပိုင်ထိုက် သော မြေ၊ မိမိ တို့နေရင်းပြည် သို့ ငါပြန် ပို့ မည်။
وَيَكُونُ إِذَا تَعَلَّمُوا عِلْمًا طُرُقَ شَعْبِي أَنْ يَحْلِفُوا بِٱسْمِي: حَيٌّ هُوَ ٱلرَّبُّ، كَمَا عَلَّمُوا شَعْبِي أَنْ يَحْلِفُوا بِبَعْلٍ، أَنَّهُمْ يُبْنَوْنَ فِي وَسْطِ شَعْبِي. ١٦ 16
၁၆ဗာလ ဘုရားကိုတိုင်တည်၍ ကျိန်ဆို စေခြင်းငှါ ၊ သူတို့သည် ငါ ၏လူမျိုး ကို သွန်သင် ဘူးသည်နည်းတူ ၊ ထာဝရဘုရား အသက်ရှင် တော်မူသည်ဟု၊ ငါ ၏နာမ ကို တိုင်တည်၍ ကျိန်ဆို ခြင်းငှါ ၊ ငါ့ လူမျိုး ၏ ဘာသာ ဓလေ့ကို ကြိုးစား၍ သင် လျှင် ၊ ငါ ၏လူမျိုး အထဲ ၌ သူတို့ကို ငါတည် စေမည်။
وَإِنْ لَمْ يَسْمَعُوا، فَإِنِّي أَقْتَلِعُ تِلْكَ ٱلْأُمَّةَ ٱقْتِلَاعًا وَأُبِيدُهَا، يَقُولُ ٱلرَّبُّ». ١٧ 17
၁၇သို့မဟုတ် ၊ နား မ ထောင်ဘဲနေလျှင် ၊ နား မထောင်သော လူမျိုး ကို ငါသည် ရှင်းရှင်းနှုတ် ပယ် ဖျက်ဆီး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

< إِرْمِيَا 12 >