< يَعقُوب 4 >

مِنْ أَيْنَ ٱلْحُرُوبُ وَٱلْخُصُومَاتُ بَيْنَكُمْ؟ أَلَيْسَتْ مِنْ هُنَا: مِنْ لَذَّاتِكُمُ ٱلْمُحَارِبَةِ فِي أَعْضَائِكُمْ؟ ١ 1
သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ သင်တို့အင်္ဂါ များ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။
تَشْتَهُونَ وَلَسْتُمْ تَمْتَلِكُونَ. تَقْتُلُونَ وَتَحْسِدُونَ وَلَسْتُمْ تَقْدِرُونَ أَنْ تَنَالُوا. تُخَاصِمُونَ وَتُحَارِبُونَ وَلَسْتُمْ تَمْتَلِكُونَ، لِأَنَّكُمْ لَا تَطْلُبُونَ. ٢ 2
သင်တို့သည် တပ်မက်၍မရကြ။ လူအသက်ကို သတ်၍၎င်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲ နေကြ၏။
تَطْلُبُونَ وَلَسْتُمْ تَأْخُذُونَ، لِأَنَّكُمْ تَطْلُبُونَ رَدِيًّا لِكَيْ تُنْفِقُوا فِي لَذَّاتِكُمْ. ٣ 3
ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာတို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။
أَيُّهَا ٱلزُّنَاةُ وَٱلزَّوَانِي، أَمَا تَعْلَمُونَ أَنَّ مَحَبَّةَ ٱلْعَالَمِ عَدَاوَةٌ لِلهِ؟ فَمَنْ أَرَادَ أَنْ يَكُونَ مُحِبًّا لِلْعَالَمِ، فَقَدْ صَارَ عَدُوًّا لِلهِ. ٤ 4
မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။
أَمْ تَظُنُّونَ أَنَّ ٱلْكِتَابَ يَقُولُ بَاطِلًا: ٱلرُّوحُ ٱلَّذِي حَلَّ فِينَا يَشْتَاقُ إِلَى ٱلْحَسَدِ؟ ٥ 5
ကျမ်းစာချက် အချည်းနှီးသက်သက်ဖြစ်သည်ဟူ၍၎င်း၊ ငါတို့၌ တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည်ဟူ၍၎င်း၊ ထင်ကြသလော။
وَلَكِنَّهُ يُعْطِي نِعْمَةً أَعْظَمَ. لِذَلِكَ يَقُولُ: «يُقَاوِمُ ٱللهُ ٱلْمُسْتَكْبِرِينَ، وَأَمَّا ٱلْمُتَوَاضِعُونَ فَيُعْطِيهِمْ نِعْمَةً». ٦ 6
ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။
فَٱخْضَعُوا لِلهِ. قَاوِمُوا إِبْلِيسَ فَيَهْرُبَ مِنْكُمْ. ٧ 7
ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။
اِقْتَرِبُوا إِلَى ٱللهِ فَيَقْتَرِبَ إِلَيْكُمْ. نَقُّوا أَيْدِيَكُمْ أَيُّهَا ٱلْخُطَاةُ، وَطَهِّرُوا قُلُوبَكُمْ يَا ذَوِي ٱلرَّأْيَيْنِ. ٨ 8
ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသာသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။
ٱكْتَئِبُوا وَنُوحُوا وَٱبْكُوا. لِيَتَحَوَّلْ ضَحِكُكُمْ إِلَى نَوْحٍ، وَفَرَحُكُمْ إِلَى غَمٍّ. ٩ 9
ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်းရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်း၊ ဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့။
ٱتَّضِعُوا قُدَّامَ ٱلرَّبِّ فَيَرْفَعَكُمْ. ١٠ 10
၁၀ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော် မူလိမ့်မည်။
لَا يَذُمَّ بَعْضُكُمْ بَعْضًا أَيُّهَا ٱلْإِخْوَةُ. ٱلَّذِي يَذُمُّ أَخَاهُ وَيَدِينُ أَخَاهُ يَذُمُّ ٱلنَّامُوسَ وَيَدِينُ ٱلنَّامُوسَ. وَإِنْ كُنْتَ تَدِينُ ٱلنَّامُوسَ، فَلَسْتَ عَامِلًا بِٱلنَّامُوسِ، بَلْ دَيَّانًا لَهُ. ١١ 11
၁၁ညီအစ်ကိုတို့၊ အချင်းချင်းတယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကိုမပြုကြနှင့်။ ညီအစ်ကိုချင်းကို ကဲ့ရဲ့၍၊ သူ၌အပြစ်ရှိသည်ဟု စီရင်သောသူသည် တရားကို ကဲ့ရဲ့၏။ တရား၌အပြစ်ရှိသည်ဟုစီရင်၏။ ထိုသို့ပြုလျှင်၊ သင်သည်တရားကို ကျင့်သောသူမဟုတ်၊ တရားကို စစ်ကြောစီရင်သောသူဖြစ်၏။
وَاحِدٌ هُوَ وَاضِعُ ٱلنَّامُوسِ، ٱلْقَادِرُ أَنْ يُخَلِّصَ وَيُهْلِكَ. فَمَنْ أَنْتَ يَا مَنْ تَدِينُ غَيْرَكَ؟ ١٢ 12
၁၂ပညတ်တရားကို ထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တပါးတည်းရှိတော်မူ၏။ ထိုသူသည် ကယ်တင်ခြင်းငှါ၎င်း၊ ဖျက်ဆီးခြင်းငှါ၎င်း၊ တတ်နိုင်တော်မူ၏။ သူတပါးကိုစစ်ကြောစီရင်သောသင်သည်ကား အဘယ်သူနည်း။
هَلُمَّ ٱلْآنَ أَيُّهَا ٱلْقَائِلُونَ: «نَذْهَبُ ٱلْيَوْمَ أَوْ غَدًا إِلَى هَذِهِ ٱلْمَدِينَةِ أَوْ تِلْكَ، وَهُنَاكَ نَصْرِفُ سَنَةً وَاحِدَةً وَنَتَّجِرُ وَنَرْبَحُ». ١٣ 13
၁၃ယနေ့ နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။
أَنْتُمُ ٱلَّذِينَ لَا تَعْرِفُونَ أَمْرَ ٱلْغَدِ! لِأَنَّهُ مَا هِيَ حَيَاتُكُمْ؟ إِنَّهَا بُخَارٌ، يَظْهَرُ قَلِيلًا ثُمَّ يَضْمَحِلُّ. ١٤ 14
၁၄နက်ဖြန်နေ့၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။
عِوَضَ أَنْ تَقُولُوا: «إِنْ شَاءَ ٱلرَّبُّ وَعِشْنَا نَفْعَلُ هَذَا أَوْ ذَاكَ». ١٥ 15
၁၅ထဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်းအသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြ ကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ်၏။
وَأَمَّا ٱلْآنَ فَإِنَّكُمْ تَفْتَخِرُونَ فِي تَعَظُّمِكُمْ. كُلُّ ٱفْتِخَارٍ مِثْلُ هَذَا رَدِيءٌ. ١٦ 16
၁၆ယခုသင်တို့သည် မိမိထောင်လွှားခြင်း၌ ဝါကြွားကြသေး၏။ ထိုသို့သောဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်ဖြစ်၏။
فَمَنْ يَعْرِفُ أَنْ يَعْمَلَ حَسَنًا وَلَا يَعْمَلُ، فَذَلِكَ خَطِيَّةٌ لَهُ. ١٧ 17
၁၇ထိုကြောင့်၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသော သူသည်အပြစ်ရှိ၏။

< يَعقُوب 4 >