< إِشَعْيَاءَ 6 >

فِي سَنَةِ وَفَاةِ عُزِّيَّا ٱلْمَلِكِ، رَأَيْتُ ٱلسَّيِّدَ جَالِسًا عَلَى كُرْسِيٍّ عَالٍ وَمُرْتَفِعٍ، وَأَذْيَالُهُ تَمْلَأُ ٱلْهَيْكَلَ. ١ 1
သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။-
ٱلسَّرَافِيمُ وَاقِفُونَ فَوْقَهُ، لِكُلِّ وَاحِدٍ سِتَّةُ أَجْنِحَةٍ، بِٱثْنَيْنِ يُغَطِّي وَجْهَهُ، وَبِٱثْنَيْنِ يُغَطِّي رِجْلَيْهِ، وَبَٱثْنَيْنِ يَطِيرُ. ٢ 2
ကိုယ်​တော်​အား​မီး​လျှံ​ထ​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​သည် ခြံ​ရံ​ကာ​ရပ်​လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​တောင်​ခြောက်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင်​နှစ်​ခု​ဖြင့်​မိ​မိ​တို့​မျက်​နှာ​ကို​လည်း​ကောင်း၊ အ​ခြား​နှစ်​ခု​ဖြင့်​ကိုယ်​ခန္ဓာ​ကို​လည်း​ကောင်း​ဖုံး​အုပ်​ထား​ကာ​ကျန်​အ​တောင်​နှစ်​ခု​ကို​မူ​ပျံ​တက်​ရာ​တွင်​အ​သုံး​ပြု​ကြ​လေ​သည်။-
وَهَذَا نَادَى ذَاكَ وَقَالَ: «قُدُّوسٌ، قُدُّوسٌ، قُدُّوسٌ رَبُّ ٱلْجُنُودِ. مَجْدُهُ مِلْءُ كُلِّ ٱلْأَرْضِ». ٣ 3
သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​၏။'' ဟု​အ​ချင်း​ချင်း​ကြွေး​ကြော်​၍​နေ​ကြ​၏။
فَٱهْتَزَّتْ أَسَاسَاتُ ٱلْعَتَبِ مِنْ صَوْتِ ٱلصَّارِخِ، وَٱمْتَلَأَ ٱلْبَيْتُ دُخَانًا. ٤ 4
ဤ​သို့​သူ​တို့​ကြွေး​ကြော်​ကြ​သည့်​အ​သံ​ကြောင့်၊ ဗိ​မာန်​တော်​အုတ်​မြစ်​သည်​တုန်​လှုပ်​ကာ​ဗိ​မာန်​တော်​သည်​လည်း​မီး​ခိုး​များ​နှင့်​ပြည့်​၍​လာ​တော့​၏။
فَقُلْتُ: «وَيْلٌ لِي! إِنِّي هَلَكْتُ، لِأَنِّي إِنْسَانٌ نَجِسُ ٱلشَّفَتَيْنِ، وَأَنَا سَاكِنٌ بَيْنَ شَعْبٍ نَجِسِ ٱلشَّفَتَيْنِ، لِأَنَّ عَيْنَيَّ قَدْ رَأَتَا ٱلْمَلِكَ رَبَّ ٱلْجُنُودِ». ٥ 5
ငါ​က​လည်း၊``ငါ​၌​မျှော်​လင့်​စ​ရာ​မ​ရှိ​တော့​ပြီ။ ငါ​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။ ငါ​၏​နှုတ်​ထွက်​စ​ကား​မှန်​သ​မျှ​သည်​ညစ်​ညမ်း​၍ ညစ်​ညမ်း​သော​စ​ကား​ကို​သာ​လျှင်​ပြော​ဆို​တတ်​သူ​တို့​အ​ထဲ​တွင်​ငါ​နေ​ထိုင်​ရ​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဘု​ရင်​မင်း​ကို​ဖူး​မြင်​ရ​လေ​ပြီ'' ဟု​ဆို​၏။
فَطَارَ إِلَيَّ وَاحِدٌ مِنَ ٱلسَّرَافِيمِ وَبِيَدِهِ جَمْرَةٌ قَدْ أَخَذَهَا بِمِلْقَطٍ مِنْ عَلَى ٱلْمَذْبَحِ، ٦ 6
ထို​အ​ခါ​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပလ္လင်​မှ​မီး​ခဲ​တစ်​ခဲ​ကို​မီး​ညှပ်​နှင့်​ညှပ်​၍​ယူ​ဆောင်​ကာ ငါ့​ထံ​သို့​ပျံ​ဆင်း​လာ​၏။-
وَمَسَّ بِهَا فَمِي وَقَالَ: «إِنَّ هَذِهِ قَدْ مَسَّتْ شَفَتَيْكَ، فَٱنْتُزِعَ إِثْمُكَ، وَكُفِّرَ عَنْ خَطِيَّتِكَ». ٧ 7
သူ​သည်​ငါ့​နှုတ်​ခမ်း​ကို​မီး​ခဲ​နှင့်​တို့​ပြီး​လျှင် ``သင်​၏​နှုတ်​ခမ်း​သည်​ဤ​မီး​ခဲ​နှင့်​တို့​ထိ​ရ​ပြီး​ဖြစ်​သ​ဖြင့်​သင့်​မှာ​အ​ပြစ်​မ​ရှိ​တော့။ သင်​သည်​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​၍​သွား​ပေ​ပြီ'' ဟု​ဆို​၏။
ثُمَّ سَمِعْتُ صَوْتَ ٱلسَّيِّدِ قَائِلًا: «مَنْ أُرْسِلُ؟ وَمَنْ يَذْهَبُ مِنْ أَجْلِنَا؟» فَقُلْتُ: «هَأَنَذَا أَرْسِلْنِي». ٨ 8
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​ဘယ်​သူ​ကို​စေ​လွှတ်​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​က​လည်း``ကျွန်​တော်​မျိုး​သွား​ပါ​မည်။ ကျွန်​တော်​မျိုး​အား​စေ​လွှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
فَقَالَ: «ٱذْهَبْ وَقُلْ لِهَذَا ٱلشَّعْبِ: ٱسْمَعُوا سَمْعًا وَلَا تَفْهَمُوا، وَأَبْصِرُوا إِبْصَارًا وَلَا تَعْرِفُوا. ٩ 9
ဤ​သို့​ဖြင့်​ကိုယ်​တော်​သည်​ငါ့​အား​ထို​သူ​တို့​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သူ​တို့​အား`သင်​တို့​သည်​ထပ်​ကာ​ထပ်​ကာ​နား​ထောင်​သော်​လည်း​နား​လည်​လိမ့်​မည်​မ​ဟုတ်။ ထပ်​ကာ​ထပ်​ကာ​ကြည့်​သော်​လည်း​အ​ဖြစ်​အ​ပျက်​ကို​သိ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။-
غَلِّظْ قَلْبَ هَذَا ٱلشَّعْبِ وَثَقِّلْ أُذُنَيْهِ وَٱطْمُسْ عَيْنَيْهِ، لِئَلَّا يُبْصِرَ بِعَيْنَيْهِ وَيَسْمَعَ بِأُذُنَيْهِ وَيَفْهَمَ بِقَلْبِهِ، وَيَرْجِعَ فَيُشْفَى». ١٠ 10
၁၀ထို​နောက်​ကိုယ်​တော်​က``ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊ သူ​တို့​၏​နား​များ​သည်​လေး​လျက်၊ မျက်​စိ​များ​သည်​လည်း​ပိတ်​လျက်​နေ​အောင်​ပြု​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ နား​မ​လည်​နိုင်​ဘဲ​နေ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​မြင်​နိုင်​ကြား​နိုင်​နား​လည်​နိုင်​ကြ​မည်​ဆို​ပါ​မူ မိ​မိ​တို့​၏​ဝိ​ညာဉ်​ဆိုင်​ရာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​ရ​အောင်​စိတ်​နှ​လုံး​ပြောင်း​လဲ​ကြ​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။
فَقُلْتُ: «إِلَى مَتَى أَيُّهَا ٱلسَّيِّدُ؟» فَقَالَ: «إِلَى أَنْ تَصِيرَ ٱلْمُدُنُ خَرِبَةً بِلَا سَاكِنٍ، وَٱلْبُيُوتُ بِلَا إِنْسَانٍ، وَتَخْرَبَ ٱلْأَرْضُ وَتُقْفِرَ، ١١ 11
၁၁ငါ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ပါ​မည်​နည်း'' ဟု​လျှောက်​လျှင် ကိုယ်​တော်​က``မြို့​များ​ပျက်​စီး​ယို​ယွင်း​၍​ဟာ​လာ​ဟင်း​လင်း​ဖြစ်​၍​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။ အိမ်​များ​တွင်​လူ​သူ​ကင်း​မဲ့​ပြီး​ထို​ပြည်​ကိုယ်​တိုင်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။-
وَيُبْعِدَ ٱلرَّبُّ ٱلْإِنْسَانَ، وَيَكْثُرَ ٱلْخَرَابُ فِي وَسَطِ ٱلْأَرْضِ. ١٢ 12
၁၂ငါ​သည်​လူ​တို့​အား​တစ်​ပါး​အ​ရပ်​သို့​ပြောင်း​ရွှေ့​စေ​၍ ထို​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​စေ​မည်။-
وَإِنْ بَقِيَ فِيهَا عُشْرٌ بَعْدُ، فَيَعُودُ وَيَصِيرُ لِلْخَرَابِ، وَلَكِنْ كَٱلْبُطْمَةِ وَٱلْبَلُّوطَةِ، ٱلَّتِي وَإِنْ قُطِعَتْ فَلَهَا سَاقٌ، يَكُونُ سَاقُهُ زَرْعًا مُقَدَّسًا». ١٣ 13
၁၃အ​ကယ်​၍​ထို​ပြည်​တွင်​လူ​ဦး​ရေ​ဆယ်​ရာ​နှုန်း​မျှ​သာ​ကျန်​ရစ်​မည်​ဆို​လျှင်​လည်း ထို​သူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ထို​သူ​တို့​သည်​ခုတ်​လှဲ​လိုက်​သည့်​ဝက်​သစ်​ချ​ပင်​တို့​၏​ငုတ်​တို​များ​နှင့်​တူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (သစ်​ငုတ်​တို​များ​သည်​ဘု​ရား​သ​ခင်​လူ​မျိုး​တော်​၏​ဘ​ဝ​သစ်​အ​စ​ပျိုး​မှု​ကို​ဖော်​ပြ​သည်။)

< إِشَعْيَاءَ 6 >