< اَلتَّكْوِينُ 28 >

فَدَعَا إِسْحَاقُ يَعْقُوبَ وَبَارَكَهُ، وَأَوْصَاهُ وَقَالَ لَهُ: «لَا تَأْخُذْ زَوْجَةً مِنْ بَنَاتِ كَنْعَانَ. ١ 1
ထိုအခါ ဣဇာက်သည် ယာကုပ်ကို ခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ။
قُمِ ٱذْهَبْ إِلَى فَدَّانِ أَرَامَ، إِلَى بَيْتِ بَتُوئِيلَ أَبِي أُمِّكَ، وَخُذْ لِنَفْسِكَ زَوْجَةً مِنْ هُنَاكَ، مِنْ بَنَاتِ لَابَانَ أَخِي أُمِّكَ. ٢ 2
အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒ နာရံအရပ်သို့ ထ၍ သွားလော့။ သင့်ဦးရီးလာဗန်၏ သမီးတစုံတယောက်နှင့် အိမ်ထောင်ဘက်ပြုလော့။
وَٱللهُ ٱلْقَدِيرُ يُبَارِكُكَ، وَيَجْعَلُكَ مُثْمِرًا، وَيُكَثِّرُكَ فَتَكُونُ جُمْهُورًا مِنَ ٱلشُّعُوبِ. ٣ 3
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီး ပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည် အကြောင်းနှင့် များပြားစေတော်မူစေသတည်း။
وَيُعْطِيكَ بَرَكَةَ إِبْرَاهِيمَ لَكَ وَلِنَسْلِكَ مَعَكَ، لِتَرِثَ أَرْضَ غُرْبَتِكَ ٱلَّتِي أَعْطَاهَا ٱللهُ لِإِبْرَاهِيمَ». ٤ 4
အထက်က အာဗြဟံအား ပေးတော်မူ၍၊ သင် ယခု ဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေ ခံရမည်အကြောင်း၊ သင့်အား၎င်း၊ သင်၏အမျိုးအနွယ် အား၎င်း၊ အာဗြဟံ၏ ကောင်းကြီးမင်္ဂလာကို ပေးတော် မူစေသတည်းဟု ကောင်းကြီးပေးလျက်မှာထား၍ လွှတ် လိုက်လေ၏။
فَصَرَفَ إِسْحَاقُ يَعْقُوبَ فَذَهَبَ إِلَى فَدَّانِ أَرَامَ، إِلَى لَابَانَ بْنِ بَتُوئِيلَ ٱلْأَرَامِيِّ، أَخِي رِفْقَةَ أُمِّ يَعْقُوبَ وَعِيسُوَ. ٥ 5
ထိုသို့ ယာကုပ်နှင့် ဧသော၏ အမိ၊ ရေက္ကေ၏ မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည် သို့ ယာကုပ်သွားလေ၏။
فَلَمَّا رَأَى عِيسُو أَنَّ إِسْحَاقَ بَارَكَ يَعْقُوبَ وَأَرْسَلَهُ إِلَى فَدَّانِ أَرَامَ لِيَأْخُذَ لِنَفْسِهِ مِنْ هُنَاكَ زَوْجَةً، إِذْ بَارَكَهُ وَأَوْصَاهُ قَائِلًا: «لَا تَأْخُذْ زَوْجَةً مِنْ بَنَاتِ كَنْعَانَ». ٦ 6
ထိုသို့ ဣဇာက်သည် ယာကုပ်ကို ကောင်းကြီး ပေး၍၊ ပါဒနာရံပြည်၌ အိမ်ထောင်ဘက်ပြုစေခြင်းငှါ လွှတ်လိုက်သောအကြောင်းကို၎င်း၊ ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရဟု၊ ကောင်းကြီးပေးသောအခါ မှာထားကြောင်းကို၎င်း၊
وَأَنَّ يَعْقُوبَ سَمِعَ لِأَبِيهِ وَأُمِّهِ وَذَهَبَ إِلَى فَدَّانِ أَرَامَ،. ٧ 7
ယာကုပ်သည် မိဘစကားကို နားထောင်၍၊ ပါဒနာရံပြည်သို့ သွားကြောင်းကို၎င်း၊
رَأَى عِيسُو أَنَّ بَنَاتِ كَنْعَانَ شِرِّيرَاتٌ فِي عَيْنَيْ إِسْحَاقَ أَبِيهِ، ٨ 8
ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကို၎င်း၊ ဧသောသိမြင်လျှင်၊
فَذَهَبَ عِيسُو إِلَى إِسْمَاعِيلَ وَأَخَذَ مَحْلَةَ بِنْتَ إِسْمَاعِيلَ بْنِ إِبْرَاهِيمَ، أُخْتَ نَبَايُوتَ، زَوْجَةً لَهُ عَلَى نِسَائِهِ. ٩ 9
ဣရှမေလထံသို့သွား၍ အထက်မယားတို့မှ တပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တဖန် အိမ်ထောင်ဘက် ပြုပြန်လေ၏။
فَخَرَجَ يَعْقُوبُ مِنْ بِئْرِ سَبْعٍ وَذَهَبَ نَحْوَ حَارَانَ. ١٠ 10
၁၀ယာကုပ်သည် ဗေရရှေဘရွာမှ ထွက်၍၊ ခါရန် ပြည်သို့ ခရီးသွားစဉ်တွင်၊
وَصَادَفَ مَكَانًا وَبَاتَ هُنَاكَ لِأَنَّ ٱلشَّمْسَ كَانَتْ قَدْ غَابَتْ، وَأَخَذَ مِنْ حِجَارَةِ ٱلْمَكَانِ وَوَضَعَهُ تَحْتَ رَأْسِهِ، فَٱضْطَجَعَ فِي ذَلِكَ ٱلْمَكَانِ. ١١ 11
၁၁တစုံတခုသောအရပ်သို့ရောက်၍၊ မိုဃ်းချုပ် သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဘို့ ထားပြီးလျှင် အိပ်လေ၏။
وَرَأَى حُلْمًا، وَإِذَا سُلَّمٌ مَنْصُوبَةٌ عَلَى ٱلْأَرْضِ وَرَأْسُهَا يَمَسُّ ٱلسَّمَاءَ، وَهُوَذَا مَلَائِكَةُ ٱللهِ صَاعِدَةٌ وَنَازِلَةٌ عَلَيْهَا. ١٢ 12
၁၂မြင်ရသော အိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင်မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့ သည်၊ ထိုလှေကားဖြင့် ဆင်းလျက် တက်လျက်ရှိကြ၏။
وَهُوَذَا ٱلرَّبُّ وَاقِفٌ عَلَيْهَا، فَقَالَ: «أَنَا ٱلرَّبُّ إِلَهُ إِبْرَاهِيمَ أَبِيكَ وَإِلَهُ إِسْحَاقَ. ٱلْأَرْضُ ٱلَّتِي أَنْتَ مُضْطَجِعٌ عَلَيْهَا أُعْطِيهَا لَكَ وَلِنَسْلِكَ. ١٣ 13
၁၃ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူ လျက်၊ ငါသည် သင်၏အဘ အာဗြဟံဘုရား၊ ဣဇာက်၏ ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ် သော မြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေး မည်။
وَيَكُونُ نَسْلُكَ كَتُرَابِ ٱلْأَرْضِ، وَتَمْتَدُّ غَرْبًا وَشَرْقًا وَشَمَالًا وَجَنُوبًا، وَيَتَبَارَكُ فِيكَ وَفِي نَسْلِكَ جَمِيعُ قَبَائِلِ ٱلْأَرْضِ. ١٤ 14
၁၄သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြား လိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့်သင်၏အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
وَهَا أَنَا مَعَكَ، وَأَحْفَظُكَ حَيْثُمَا تَذْهَبُ، وَأَرُدُّكَ إِلَى هَذِهِ ٱلْأَرْضِ، لِأَنِّي لَا أَتْرُكُكَ حَتَّى أَفْعَلَ مَا كَلَّمْتُكَ بِهِ». ١٥ 15
၁၅ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာ ရာ၌ ငါစောင့်မမည်။ ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်။ ဂတိထားသည်အတိုင်း မပြည့်စုံမှီ၊ သင့်ကိုငါမစွန့်ဟု မိန့်တော်မူ၏။
فَٱسْتَيْقَظَ يَعْقُوبُ مِنْ نَوْمِهِ وَقَالَ: «حَقًّا إِنَّ ٱلرَّبَّ فِي هَذَا ٱلْمَكَانِ وَأَنَا لَمْ أَعْلَمْ!». ١٦ 16
၁၆ယာကုပ်သည်အိပ်ပျော်ရာမှ နိုးလျင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။
وَخَافَ وَقَالَ: «مَا أَرْهَبَ هَذَا ٱلْمَكَانَ! مَا هَذَا إِلَا بَيْتُ ٱللهِ، وَهَذَا بَابُ ٱلسَّمَاءِ». ١٧ 17
၁၇ဤအရပ်ကား၊ အဘယ်မျှလောက် ကြောက်မက် ဘွယ် ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည် တကားဟု၊ ကြောက်ရွံ့ခြင်းသို့ ရောက်၍ ဆို၏။
وَبَكَّرَ يَعْقُوبُ فِي ٱلصَّبَاحِ وَأَخَذَ ٱلْحَجَرَ ٱلَّذِي وَضَعَهُ تَحْتَ رَأْسِهِ وَأَقَامَهُ عَمُودًا، وَصَبَّ زَيْتًا عَلَى رَأْسِهِ. ١٨ 18
၁၈နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံး သော ကျောက်ကို ယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကို လောင်းလေ၏။
وَدَعَا ٱسْمَ ذَلِكَ ٱلْمَكَانِ «بَيْتَ إِيلَ»، وَلَكِنِ ٱسْمُ ٱلْمَدِينَةِ أَوَّلًا كَانَ لُوزَ. ١٩ 19
၁၉ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့် မှည့် လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူ သတည်း။
وَنَذَرَ يَعْقُوبُ نَذْرًا قَائِلًا: «إِنْ كَانَ ٱللهُ مَعِي، وَحَفِظَنِي فِي هَذَا ٱلطَّرِيقِ ٱلَّذِي أَنَا سَائِرٌ فِيهِ، وَأَعْطَانِي خُبْزًا لِآكُلَ وَثِيَابًا لِأَلْبَسَ، ٢٠ 20
၂၀ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါ့ဘက် ၌ ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနားတော်မူ လျှင်၎င်း၊
وَرَجَعْتُ بِسَلَامٍ إِلَى بَيْتِ أَبِي، يَكُونُ ٱلرَّبُّ لِي إِلَهًا، ٢١ 21
၂၁ငါသည် တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ်စွာ ပြန် ရောက်၍၊ ထာဝရဘုရားသည်ငါ၏ဘုရား ဖြစ်တော်မူ လျှင်၎င်း၊ မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက် သည်လည်း၊ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။
وَهَذَا ٱلْحَجَرُ ٱلَّذِي أَقَمْتُهُ عَمُودًا يَكُونُ بَيْتَ ٱللهِ، وَكُلُّ مَا تُعْطِينِي فَإِنِّي أُعَشِّرُهُ لَكَ». ٢٢ 22
၂၂ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။

< اَلتَّكْوِينُ 28 >