< اَلتَّكْوِينُ 18 >

وَظَهَرَ لَهُ ٱلرَّبُّ عِنْدَ بَلُّوطَاتِ مَمْرَا وَهُوَ جَالِسٌ فِي بَابِ ٱلْخَيْمَةِ وَقْتَ حَرِّ ٱلنَّهَارِ، ١ 1
ထာ​ဝ​ရ​ဘု​ရား​သည်​မံ​ရေ​ပိုင်​သော​သစ်​ပင်​များ ရှိ​ရာ​အ​ရပ်​တွင် အာ​ဗြ​ဟံ​အား​ကိုယ်​ထင်​ပြ တော်​မူ​၏။ နေ​အ​လွန်​ပူ​ပြင်း​သော​အ​ချိန်​၌ အာ​ဗြ​ဟံ​သည်​မိ​မိ​၏​တဲ​ဝ​မှာ​ထိုင်​နေ​စဉ်၊-
فَرَفَعَ عَيْنَيْهِ وَنَظَرَ وَإِذَا ثَلَاثَةُ رِجَالٍ وَاقِفُونَ لَدَيْهِ. فَلَمَّا نَظَرَ رَكَضَ لِٱسْتِقْبَالِهِمْ مِنْ بَابِ ٱلْخَيْمَةِ وَسَجَدَ إِلَى ٱلْأَرْضِ، ٢ 2
မျက်​နှာ​ကို​မော်​ကြည့်​လိုက်​ရာ လူ​သုံး​ဦး​ရပ်​နေ​သည် ကို​တွေ့​မြင်​ရ​လေ​သည်။ အာ​ဗြ​ဟံ​သည်​သူ​တို့​ကို မြင်​လျှင် ခ​ရီး​ဦး​ကြို​ဆို​ခြင်း​ငှာ​ပြေး​သွား​လေ​၏။ သူ​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊-
وَقَالَ: «يَا سَيِّدُ، إِنْ كُنْتُ قَدْ وَجَدْتُ نِعْمَةً فِي عَيْنَيْكَ فَلَا تَتَجَاوَزْ عَبْدَكَ. ٣ 3
``အ​ရှင်​သ​ခင်​တို့၊ အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု ပါ​ရ​စေ။ အ​ကျွန်ုပ်​၏​အိမ်​သို့​မ​ဝင်​ဘဲ​မ​နေ ပါ​နှင့်။-
لِيُؤْخَذْ قَلِيلُ مَاءٍ وَٱغْسِلُوا أَرْجُلَكُمْ وَٱتَّكِئُوا تَحْتَ ٱلشَّجَرَةِ، ٤ 4
ခြေ​ဆေး​ရန်​ရေ​ယူ​ခဲ့​ပါ​ရ​စေ။ ဤ​သစ်​ပင် အောက်​တွင်​အ​ပန်း​ဖြေ​နိုင်​ပါ​သည်။-
فَآخُذَ كِسْرَةَ خُبْزٍ، فَتُسْنِدُونَ قُلُوبَكُمْ ثُمَّ تَجْتَازُونَ، لِأَنَّكُمْ قَدْ مَرَرْتُمْ عَلَى عَبْدِكُمْ». فَقَالُوا: «هَكَذَا تَفْعَلُ كَمَا تَكَلَّمْتَ». ٥ 5
အ​ရှင်​တို့​အ​တွက်​စား​စ​ရာ​အ​နည်း​ငယ်​ယူ​ခဲ့ ပါ​မည်။ သို့​မှ​သာ​လျှင်​အား​ပြည့်​လာ​၍​ခ​ရီး ဆက်​နိုင်​ပါ​မည်။ အ​ရှင်​တို့​သည်​အ​ကျွန်ုပ်​အိမ် သို့​ကြွ​ရောက်​လာ​ကြ​ခြင်း​ဖြင့် အ​ကျွန်ုပ်​အား ချီး​မြှင့်​ပါ​ပြီ။ သို့​ဖြစ်​၍​အ​ရှင်​တို့​အား​ဧည့် ဝတ်​ပြု​ပါ​ရ​စေ'' ဟု​ဆို​လေ​၏။ ထို​သူ​တို့​က``သင်​ပြော​သည်​အ​တိုင်း​ပြု​ပါ​လေ'' ဟု​ပြန်​ပြော​လေ​၏။
فَأَسْرَعَ إِبْرَاهِيمُ إِلَى ٱلْخَيْمَةِ إِلَى سَارَةَ، وَقَالَ: «أَسْرِعِي بِثَلَاثِ كَيْلَاتٍ دَقِيقًا سَمِيذًا. ٱعْجِنِي وَٱصْنَعِي خُبْزَ مَلَّةٍ». ٦ 6
အာ​ဗြ​ဟံ​သည်​တဲ​ထဲ​ရှိ​စာ​ရာ​ထံ​သို့​အ​လျင် အ​မြန်​ဝင်​သွား​ပြီး​လျှင်``အ​ကောင်း​ဆုံး​မုန့်​ညက် ကို​ယူ​၍​မုန့်​အ​မြန်​ဖုတ်​ပါ'' ဟု​စေ​ခိုင်း​လေ သည်။-
ثُمَّ رَكَضَ إِبْرَاهِيمُ إِلَى ٱلْبَقَرِ وَأَخَذَ عِجْلًا رَخْصًا وَجَيِّدًا وَأَعْطَاهُ لِلْغُلَامِ فَأَسْرَعَ لِيَعْمَلَهُ. ٧ 7
အာ​ဗြ​ဟံ​သည်​နွား​အုပ်​ရှိ​ရာ​သို့​ပြေး​ပြီး​လျှင် ဆူ​ဖြိုး​နု​နယ်​သော​နွား​က​လေး​တစ်​ကောင်​ကို ရွေး​လျက် ကျွန်​တစ်​ဦး​၏​လက်​သို့​အပ်​၍​ဟင်း လျာ​ကို​အ​လျင်​အ​မြန်​ပြင်​ဆင်​စေ​၏။-
ثُمَّ أَخَذَ زُبْدًا وَلَبَنًا، وَٱلْعِجْلَ ٱلَّذِي عَمِلَهُ، وَوَضَعَهَا قُدَّامَهُمْ. وَإِذْ كَانَ هُوَ وَاقِفًا لَدَيْهِمْ تَحْتَ ٱلشَّجَرَةِ أَكَلُوا. ٨ 8
ထို​နောက်​မ​လိုင်၊ နို့​နှင့်​အ​မဲ​ဟင်း​တို့​ကို​ဧည့်​သည် များ​ရှေ့​၌​တည်​ခင်း​သည်။ သူ​ကိုယ်​တိုင်​ထို​သူ​တို့ အား​သစ်​ပင်​အောက်​တွင်​ဧည့်​ခံ​ကျွေး​မွေး​သ​ဖြင့် သူ​တို့​သည်​စား​သုံး​ကြ​၏။
وَقَالُوا لَهُ: «أَيْنَ سَارَةُ ٱمْرَأَتُكَ؟» فَقَالَ: «هَا هِيَ فِي ٱلْخَيْمَةِ». ٩ 9
သူ​တို့​က``သင်​၏​မ​ယား​စာ​ရာ​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​မေး​၏။ အာ​ဗြ​ဟံ​က``တဲ​ထဲ​မှာ​ရှိ​ပါ​သည်'' ဟု​ပြန် ဖြေ​၏။
فَقَالَ: «إِنِّي أَرْجِعُ إِلَيْكَ نَحْوَ زَمَانِ ٱلْحَيَاةِ وَيَكُونُ لِسَارَةَ ٱمْرَأَتِكَ ٱبْنٌ». وَكَانَتْ سَارَةُ سَامِعَةً فِي بَابِ ٱلْخَيْمَةِ وَهُوَ وَرَاءَهُ. ١٠ 10
၁၀တစ်​ယောက်​သော​ဧည့်​သည်​က``ယ​ခု​မှ​စ​၍​ကိုး​လ ကြာ​သော​အ​ခါ ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ချိန်​၌ သင်​၏​မ​ယား​စာ​ရာ​၌​သား​ဖွား​လိမ့်​မည်'' ဟု ဆို​လေ​၏။ ထို​အ​ချိန်​၌​စာ​ရာ​သည် ထို​သူ​၏​နောက်​ကွယ် တဲ​ဝ​မှာ​နေ​၍ နား​ထောင်​လျက်​ရှိ​၏။-
وَكَانَ إِبْرَاهِيمُ وَسَارَةُ شَيْخَيْنِ مُتَقَدِّمَيْنِ فِي ٱلْأَيَّامِ، وَقَدِ ٱنْقَطَعَ أَنْ يَكُونَ لِسَارَةَ عَادَةٌ كَٱلنِّسَاءِ. ١١ 11
၁၁အာ​ဗြ​ဟံ​နှင့်​စာ​ရာ​တို့​သည်​အ​ရွယ်​လွန်​ကြ ပြီ​ဖြစ်​၍ စာ​ရာ​၌​သွေး​ဆုံး​နေ​ပြီ​ဖြစ်​သည်။-
فَضَحِكَتْ سَارَةُ فِي بَاطِنِهَا قَائِلَةً: «أَبَعْدَ فَنَائِي يَكُونُ لِي تَنَعُّمٌ، وَسَيِّدِي قَدْ شَاخَ؟». ١٢ 12
၁၂သို့​ဖြစ်​၍​စာ​ရာ​က``ငါ​သည်​အို​၍​အား​အင်​ကုန် ခန်း​လျက်​ရှိ​ပြီ။ ကာ​မ​စည်း​စိမ်​ကို​မည်​သို့​ခံ​စား နိုင်​မည်​နည်း။ ထို့​အ​ပြင်​ငါ​၏​ယောကျာ်း​သည်​လည်း အို​ပြီ'' ဟု​တွေး​တော​ကာ​ပြုံး​ရယ်​လေ​၏။
فَقَالَ ٱلرَّبُّ لِإِبْرَاهِيمَ: «لِمَاذَا ضَحِكَتْ سَارَةُ قَائِلَةً: أَفَبِٱلْحَقِيقَةِ أَلِدُ وَأَنَا قَدْ شِخْتُ؟ ١٣ 13
၁၃ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``စာ​ရာ​သည် ငါ​ဤ မျှ​လောက်​အ​ရွယ်​ကြီး​ရင့်​ကာ​မှ သား​သ​မီး​ရ နိုင်​ဦး​မည်​လော​ဟု​ဆို​၍ အ​ဘယ်​ကြောင့်​ပြုံး ရယ်​ရ​သ​နည်း။-
هَلْ يَسْتَحِيلُ عَلَى ٱلرَّبِّ شَيْءٌ؟ فِي ٱلْمِيعَادِ أَرْجِعُ إِلَيْكَ نَحْوَ زَمَانِ ٱلْحَيَاةِ وَيَكُونُ لِسَارَةَ ٱبْنٌ». ١٤ 14
၁၄ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​ရာ​ဟူ​၍​ရှိ ပါ​သ​လော။ ငါ​ပြော​ခဲ့​ပြီး​သည့်​အ​တိုင်း​နောက် ကိုး​လ​ကြာ​လျှင် ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ စာ​ရာ​သည်​သား​ကို​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​မိန့်​တော်​မူ​၏။
فَأَنْكَرَتْ سَارَةُ قَائِلَةً: «لَمْ أَضْحَكْ». لِأَنَّهَا خَافَتْ. فَقَالَ: «لَا! بَلْ ضَحِكْتِ». ١٥ 15
၁၅စာ​ရာ​သည်​ကြောက်​ရွံ့​သ​ဖြင့်``ကျွန်​မ၊ မ​ရယ် ပါ'' ဟု​ဆို​လေ​၏။ ကိုယ်​တော်​က``သင်​အ​မှန်​ပင်​ရယ်​သည်'' ဟု မိန့်​တော်​မူ​၏။
ثُمَّ قَامَ ٱلرِّجَالُ مِنْ هُنَاكَ وَتَطَلَّعُوا نَحْوَ سَدُومَ. وَكَانَ إِبْرَاهِيمُ مَاشِيًا مَعَهُمْ لِيُشَيِّعَهُمْ. ١٦ 16
၁၆ထို​သူ​တို့​သည်​ထွက်​ခွာ​၍ သော​ဒုံ​မြို့​ကို​မြင်​နိုင် သော​နေ​ရာ​သို့​ရောက်​ကြ​၏။ အာ​ဗြ​ဟံ​သည် လည်း သူ​တို့​အား​ပို့​ရန်​လိုက်​ပါ​လာ​ခဲ့​သည်။-
فَقَالَ ٱلرَّبُّ: «هَلْ أُخْفِي عَنْ إِبْرَاهِيمَ مَا أَنَا فَاعِلُهُ، ١٧ 17
၁၇ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပြု​မည့်​ကိစ္စ​ကို အာ​ဗြ​ဟံ​အား​အ​သိ​မ​ပေး​ဘဲ​မ​ဖြစ်​နိုင်။-
وَإِبْرَاهِيمُ يَكُونُ أُمَّةً كَبِيرَةً وَقَوِيَّةً، وَيَتَبَارَكُ بِهِ جَمِيعُ أُمَمِ ٱلْأَرْضِ؟ ١٨ 18
၁၈သူ​၏​အ​ဆက်​အ​နွယ်​တို့​သည်​တန်​ခိုး​အင်​အား ကြီး​သော​လူ​မျိုး​ဖြစ်​မည်။ ငါ​သည်​သူ့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-
لِأَنِّي عَرَفْتُهُ لِكَيْ يُوصِيَ بَنِيهِ وَبَيْتَهُ مِنْ بَعْدِهِ أَنْ يَحْفَظُوا طَرِيقَ ٱلرَّبِّ، لِيَعْمَلُوا بِرًّا وَعَدْلًا، لِكَيْ يَأْتِيَ ٱلرَّبُّ لِإِبْرَاهِيمَ بِمَا تَكَلَّمَ بِهِ». ١٩ 19
၁၉သူ​သည်​မိ​မိ​၏​သား​မြေး​တို့​အား ငါ့​စ​ကား​ကို နာ​ခံ​စေ​ရန်​နှင့်​မှန်​ကန်​ဖြောင့်​မတ်​စွာ​ကျင့်​ကြံ​စေ ရန် ပ​ညတ်​ထား​နိုင်​စေ​အံ့​သော​ငှာ​သူ့​ကို​ငါ​ရွေး ကောက်​ပြီ။ ထို​သို့​သူ​တို့​နာ​ခံ​ကျင့်​ကြံ​ကြ​လျှင် သူ့​အား​က​တိ​ထား​သ​မျှ​အ​တိုင်း​ငါ​ပြု​မည်'' ဟု​အ​ကြံ​တော်​ရှိ​၏။
وَقَالَ ٱلرَّبُّ: «إِنَّ صُرَاخَ سَدُومَ وَعَمُورَةَ قَدْ كَثُرَ، وَخَطِيَّتُهُمْ قَدْ عَظُمَتْ جِدًّا. ٢٠ 20
၂၀ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က အာ​ဗြ​ဟံ​အား ``သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​အား အ​ပြစ် တင်​စွပ်​စွဲ​သံ​ပြင်း​ထန်​လှ​၏။ ထို​မြို့​တို့​၏​ပြစ် မှု​သည်​လည်း​ကြီး​လေး​လှ​၏။-
أَنْزِلُ وَأَرَى هَلْ فَعَلُوا بِٱلتَّمَامِ حَسَبَ صُرَاخِهَا ٱلْآتِي إِلَيَّ، وَإِلَا فَأَعْلَمُ». ٢١ 21
၂၁ငါ​သည်​ကြား​ရ​သော​ပြစ်​တင်​စွပ်​စွဲ​ချက်​များ မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန် သွား​၍​စုံ​စမ်း​မည်'' ဟု​မိန့်​တော်​မူ​၏။
وَٱنْصَرَفَ ٱلرِّجَالُ مِنْ هُنَاكَ وَذَهَبُوا نَحْوَ سَدُومَ، وَأَمَّا إِبْرَاهِيمُ فَكَانَ لَمْ يَزَلْ قَائِمًا أَمَامَ ٱلرَّبِّ. ٢٢ 22
၂၂ထို​သူ​တို့​သုံး​ဦး​ထဲ​မှ​နှစ်​ဦး​သည် သော​ဒုံ​မြို့ ဘက်​သို့​ထွက်​ခွာ​သွား​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မူ အာ​ဗြ​ဟံ​နှင့်​အ​တူ​နေ​ရစ်​ခဲ့​လေ​သည်။-
فَتَقَدَّمَ إِبْرَاهِيمُ وَقَالَ: «أَفَتُهْلِكُ ٱلْبَارَّ مَعَ ٱلْأَثِيمِ؟ ٢٣ 23
၂၃အာ​ဗြ​ဟံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​ချဉ်း​ကပ် ၍``ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​တို့​ကို အ​ပြစ် ရှိ​သူ​တို့​နှင့်​အ​တူ​အ​မှန်​ပင်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​မည်​လော။-
عَسَى أَنْ يَكُونَ خَمْسُونَ بَارًّا فِي ٱلْمَدِينَةِ. أَفَتُهْلِكُ ٱلْمَكَانَ وَلَا تَصْفَحُ عَنْهُ مِنْ أَجْلِ ٱلْخَمْسِينَ بَارًّا ٱلَّذِينَ فِيهِ؟ ٢٤ 24
၂၄အ​ကယ်​၍​မြို့​ထဲ​၌​အ​ပြစ်​မဲ့​သူ​ဦး​ရေ​ငါး ဆယ်​ရှိ​လျှင် တစ်​မြို့​လုံး​ကို​ဖျက်​ဆီး​ပစ်​မည် လော။ ထို​သူ​ငါး​ဆယ်​ကို​ထောက်​ထား​၍ မြို့​ကို ချမ်း​သာ​မ​ပေး​ဘဲ​နေ​မည်​လော။-
حَاشَا لَكَ أَنْ تَفْعَلَ مِثْلَ هَذَا ٱلْأَمْرِ، أَنْ تُمِيتَ ٱلْبَارَّ مَعَ ٱلْأَثِيمِ، فَيَكُونُ ٱلْبَارُّ كَٱلْأَثِيمِ. حَاشَا لَكَ! أَدَيَّانُ كُلِّ ٱلْأَرْضِ لَا يَصْنَعُ عَدْلًا؟» ٢٥ 25
၂၅ကိုယ်​တော်​သည်​အ​ပြစ်​မဲ့​သူ​များ​ကို အ​ပြစ်​ရှိ သူ​တို့​နှင့်​ရော​၍​သုတ်​သင်​ပစ်​မည်​လော။ ထို​သို့ မ​ဖြစ်​နိုင်​ပါ။ ကိုယ်​တော်​သည်​ထို​သို့​မ​ပြု​နိုင် ပါ။ ကိုယ်​တော်​သည်​ထို​သို့​ပြု​လျှင် အ​ပြစ်​မဲ့​သူ တို့​သည်​အ​ပြစ်​ရှိ​သူ​တို့​နှင့်​အ​တူ​ဒဏ်​ခံ​ရ ကြ​ပါ​မည်။ ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်။ ကမ္ဘာ​မြေ ကြီး​တစ်​ခု​လုံး​ကို​တ​ရား​စီ​ရင်​သော​အ​ရှင် သည် တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​မ​ဟုတ် ပါ​လော'' ဟု​လျှောက်​လေ​၏။
فَقَالَ ٱلرَّبُّ: «إِنْ وَجَدْتُ فِي سَدُومَ خَمْسِينَ بَارًّا فِي ٱلْمَدِينَةِ، فَإِنِّي أَصْفَحُ عَنِ ٱلْمَكَانِ كُلِّهِ مِنْ أَجْلِهِمْ». ٢٦ 26
၂၆ထာ​ဝ​ရ​ဘု​ရား​က``သော​ဒုံ​မြို့​ထဲ​၌​အ​ပြစ် မဲ့​သူ​ဦး​ရေ​ငါး​ဆယ်​ရှိ​လျှင် ထို​သူ​တို့​ကို ထောက်​ထား​၍​တစ်​မြို့​လုံး​ကို​ငါ​ချမ်း​သာ​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။
فَأَجَابَ إِبْرَاهِيمُ وَقَالَ: «إِنِّي قَدْ شَرَعْتُ أُكَلِّمُ ٱلْمَوْلَى وَأَنَا تُرَابٌ وَرَمَادٌ. ٢٧ 27
၂၇တစ်​ဖန်​အာ​ဗြ​ဟံ​က``ဘု​ရား​ရှင်​အား အ​တင့် ရဲ​၍​ဆက်​လက်​လျှောက်​ဆို​ခြင်း​ကို​ခွင့်​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​လူ​သား​ဖြစ်​၍ မည်​သို့​မျှ​လျှောက်​ခွင့်​မ​ရှိ​ပါ။-
رُبَّمَا نَقَصَ ٱلْخَمْسُونَ بَارًّا خَمْسَةً. أَتُهْلِكُ كُلَّ ٱلْمَدِينَةِ بِٱلْخَمْسَةِ؟» فَقَالَ: «لَا أُهْلِكُ إِنْ وَجَدْتُ هُنَاكَ خَمْسَةً وَأَرْبَعِينَ». ٢٨ 28
၂၈သို့​သော်​အ​ပြစ်​မဲ့​သူ​ငါး​ဆယ်​အ​စား​လေး ဆယ့်​ငါး​ယောက်​မျှ​ရှိ​ကောင်း​ရှိ​ပါ​မည်။ ထို ကဲ့​သို့​ငါး​ယောက်​လို​သော​ကြောင့် ကိုယ်​တော် သည်​တစ်​မြို့​လုံး​ကို​ဖျက်​ဆီး​ပစ်​မည်​လော'' ဟု​မေး​လျှောက်​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က``အ​ပြစ်​မဲ့​သူ​လေး​ဆယ် ငါး​ယောက်​ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
فَعَادَ يُكَلِّمُهُ أَيْضًا وَقَالَ: «عَسَى أَنْ يُوجَدَ هُنَاكَ أَرْبَعُونَ». فَقَالَ: «لَا أَفْعَلُ مِنْ أَجْلِ ٱلْأَرْبَعِينَ». ٢٩ 29
၂၉``အ​ပြစ်​မဲ့​သူ​လေး​ဆယ်​မျှ​သာ​ရှိ​လျှင် မြို့ ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' ဟု​အာ​ဗြ​ဟံ က​ထပ်​၍​မေး​လျှောက်​လေ​၏။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​လေး​ဆယ်​ရှိ​လျှင် ငါ​သည်​မြို့​ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။
فَقَالَ: «لَا يَسْخَطِ ٱلْمَوْلَى فَأَتَكَلَّمَ. عَسَى أَنْ يُوجَدَ هُنَاكَ ثَلَاثُونَ». فَقَالَ: «لَا أَفْعَلُ إِنْ وَجَدْتُ هُنَاكَ ثَلَاثِينَ». ٣٠ 30
၃၀တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက် ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​ထပ်​၍​လျှောက် တင်​ပါ​ရ​စေ။ အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' မေး​လျှောက် ပြန်​၏။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် ငါ​သည်​မြို့​ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။
فَقَالَ: «إِنِّي قَدْ شَرَعْتُ أُكَلِّمُ ٱلْمَوْلَى. عَسَى أَنْ يُوجَدَ هُنَاكَ عِشْرُونَ». فَقَالَ: «لَا أُهْلِكُ مِنْ أَجْلِ ٱلْعِشْرِينَ». ٣١ 31
၃၁တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​ကျွန်ုပ် အ​တင့်​ရဲ​၍ ဆက်​လက်​လျှောက်​ဆို​ခြင်း​ကို​ခွင့် လွှတ်​တော်​မူ​ပါ။ အ​ပြစ်​မဲ့​သူ​နှစ်​ဆယ်​မျှ​သာ ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' ဟု မေး​လျှောက်​ပြန်​၏။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​နှစ်​ဆယ်​ရှိ​လျှင် မြို့ ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။
فَقَالَ: «لَا يَسْخَطِ ٱلْمَوْلَى فَأَتَكَلَّمَ هَذِهِ ٱلْمَرَّةَ فَقَطْ. عَسَى أَنْ يُوجَدَ هُنَاكَ عَشْرَةٌ». فَقَالَ: «لَا أُهْلِكُ مِنْ أَجْلِ ٱلْعَشْرَةِ». ٣٢ 32
၃၂နောက်​တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​တစ် ကြိမ်​သာ​ထပ်​၍​လျှောက်​တင်​ပါ​ရ​စေ။ အ​ပြစ် မဲ့​သူ​ဆယ်​ယောက်​မျှ​သာ​ရှိ​လျှင် မြို့​ကို​ဖျက် ဆီး​ပစ်​ဦး​မည်​လော'' ဟု​လျှောက်​ပြန်​သည်။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​ဆယ်​ယောက်​ရှိ လျှင် မြို့​ကို​ငါ​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။-
وَذَهَبَ ٱلرَّبُّ عِنْدَمَا فَرَغَ مِنَ ٱلْكَلَامِ مَعَ إِبْرَاهِيمَ، وَرَجَعَ إِبْرَاهِيمُ إِلَى مَكَانِهِ. ٣٣ 33
၃၃ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ​အား​မိန့်​ကြား ပြီး​သော​အ​ခါ ကြွ​သွား​တော်​မူ​၏။ အာ​ဗြ​ဟံ သည်​လည်း​မိ​မိ​နေ​အိမ်​သို့​ပြန်​ခဲ့​လေ​သည်။

< اَلتَّكْوِينُ 18 >