< عَزْرَا 5 >

فَتَنَبَّأَ ٱلنَّبِيَّانِ حَجَّيِ ٱلنَّبِيُّ وَزَكَرِيَّا بْنُ عِدُّوَ لِلْيَهُودِ ٱلَّذِينَ فِي يَهُوذَا وَأُورُشَلِيمَ بِٱسْمِ إِلَهِ إِسْرَائِيلَ عَلَيْهِمْ. ١ 1
ပ​ရော​ဖက်​ဟ္ဂဲ​နှင့်​ဣ​ဒေါ​သား​ပ​ရော​ဖက်​ဇာ​ခ​ရိ​တို့​သည် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ကြ​၏။-
حِينَئِذٍ قَامَ زَرُبَّابِلُ بْنُ شَأَلْتِئِيلَ وَيَشُوعُ بْنُ يُوصَادَاقَ، وَشَرَعَا بِبُنْيَانِ بَيْتِ ٱللهِ ٱلَّذِي فِي أُورُشَلِيمَ، وَمَعَهُمَا أَنْبِيَاءُ ٱللهِ يُسَاعِدُونَهُمَا. ٢ 2
ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ​နှင့်​ယော​ဇ​ဒက်​၏​သား​ယော​ရှု​တို့​သည် ထို​ဗျာ​ဒိတ်​စ​ကား​များ​ကို​ကြား​သော​အ​ခါ​ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​ကို​ပြန်​လည်​စ​တင်​တည်​ဆောက်​ကြ​လေ​သည်။ ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်​သူ​တို့​အား​ဝိုင်း​ဝန်း​ကူ​ညီ​ကြ​၏။
فِي ذَلِكَ ٱلزَّمَانِ جَاءَ إِلَيْهِمْ تَتْنَايُ وَالِي عَبْرِ ٱلنَّهْرِ وَشَتَرْبُوزْنَايُ وَرُفَقَاؤُهُمَا وَقَالُوا لَهُمْ هَكَذَا: «مَنْ أَمَرَكُمْ أَنْ تَبْنُوا هَذَا ٱلْبَيْتَ وَتُكَمِّلُوا هَذَا ٱلسُّورَ؟». ٣ 3
ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​၏​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့်​သူ​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သည် ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍``ဤ​ဗိ​မာန်​တော်​ကို​တည်​ဆောက်​မွမ်း​မံ​ရန် သင်​တို့​အား​အ​ဘယ်​သူ​အ​မိန့်​ပေး​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-
حِينَئِذٍ أَخْبَرْنَاهُمْ عَلَى هَذَا ٱلْمَنْوَالِ مَا هِيَ أَسْمَاءُ ٱلرِّجَالِ ٱلَّذِينَ يَبْنُونَ هَذَا ٱلْبِنَاءَ. ٤ 4
သူ​တို့​သည်​ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ပါ​ဝင်​ကူ​ညီ​ကြ​သူ​တို့​၏​အ​မည်​များ​ကို​တောင်း​ယူ​ကြ​၏။-
وَكَانَتْ عَلَى شُيُوخِ ٱلْيَهُودِ عَيْنُ إِلَهِهِمْ فَلَمْ يُوقِفُوهُمْ حَتَّى وَصَلَ ٱلْأَمْرُ إِلَى دَارِيُوسَ، وَحِينَئِذٍ جَاوَبُوا بِرِسَالَةٍ عَنْ هَذَا. ٥ 5
သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​စောင့်​ထိန်း​ကြည့်​ရှု​လျက်​နေ​တော်​မူ​သ​ဖြင့် ပေ​ရ​သိ​အ​ရာ​ရှိ​တို့​သည်​ဒါ​ရိ​မင်း​ထံ​သို့​စာ​ရေး​အ​ကြောင်း​ကြား​ရန်​နှင့် ထို​မင်း​ထံ​မှ​အ​မိန့်​တစ်​စုံ​တစ်​ရာ​ပြန်​လည်​မ​ရ​မ​ချင်း​မည်​သို့​မျှ​အ​ရေး​ယူ​ဆောင်​ရွက်​ခြင်း​မ​ပြု​ရန်​ဆုံး​ဖြတ်​ကြ​၏။-
صُورَةُ ٱلرِّسَالَةِ ٱلَّتِي أَرْسَلَهَا تَتْنَايُ وَالِي عَبْرِ ٱلنَّهْرِ وَشَتَرْبُوزْنَايُ وَرُفَقَاؤُهُمَا ٱلْأَفَرْسَكِيِّينَ ٱلَّذِينَ فِي عَبْرِ ٱلنَّهْرِ إِلَى دَارِيُوسَ ٱلْمَلِكِ. ٦ 6
သူ​တို့​သည်​မင်း​ကြီး​ထံ​သို့​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ကြ​၏။
أَرْسَلُوا إِلَيْهِ رِسَالَةً وَكَانَ مَكْتُوبًا فِيهَا هَكَذَا: «لِدَارِيُوسَ ٱلْمَلِكِ كُلُّ سَلَامٍ. ٧ 7
ထို​အ​စီ​ရင်​ခံ​စာ​တွင်``ဧ​က​ရာဇ်​မင်း​ဒါ​ရိ​ထံ​သို့​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ အ​ရှင်​သည်​ငြိမ်း​ချမ်း​စွာ​စိုး​စံ​တော်​မူ​နိုင်​ပါ​စေ​သော။
لِيَكُنْ مَعْلُومًا لَدَى ٱلْمَلِكِ أَنَّنَا ذَهَبْنَا إِلَى بِلَادِ يَهُوذَا، إِلَى بَيْتِ ٱلْإِلَهِ ٱلْعَظِيمِ، وَإِذَا بِهِ يُبْنَى بِحِجَارَةٍ عَظِيمَةٍ، وَيُوضَعُ خَشَبٌ فِي ٱلْحِيطَانِ. وَهَذَا ٱلْعَمَلُ يُعْمَلُ بِسُرْعَةٍ وَيَنْجَحُ فِي أَيْدِيهِمْ. ٨ 8
``အ​ကျွန်ုပ်​တို့​သည်​ယု​ဒ​ပြည်​သို့​သွား​ရောက်​ကြ​ရာ ကြီး​မြတ်​သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​တည်​ဆောက်​၍ ကျောက်​နံ​ရံ​များ​ပေါ်​တွင်​သစ်​သား​ယက်​မ​များ​ကပ်​လျက်​လုပ်​ဆောင်​နေ​ကြ​သည်​ကို​တွေ့​မြင်​ရ​ကြောင်း အ​ရှင်​မင်း​ကြီး​အား​လျှောက်​ထား​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ တည်​ဆောက်​မှု​ကို​လုံ့​လ​ဖြင့်​လုပ်​ဆောင်​ကြ​သော​ကြောင့် တိုး​တက်​အောင်​မြင်​လျက်​ရှိ​ပါ​သည်။
حِينَئِذٍ سَأَلْنَا أُولَئِكَ ٱلشُّيُوخَ وَقُلْنَا لَهُمْ هَكَذَا: مَنْ أَمَرَكُمْ بِبِنَاءِ هَذَا ٱلْبَيْتِ وَتَكْمِيلِ هَذِهِ ٱلْأَسْوَارِ؟ ٩ 9
``ထို​နောက်​အ​ကျွန်ုပ်​တို့​သည်​ပြည်​သူ့​ခေါင်း​ဆောင်​များ​အား ထို​ဗိ​မာန်​ကို​အ​ဘယ်​သူ​၏​အ​မိန့်​ခွင့်​ပြု​ချက်​အ​ရ​ပြန်​လည်​တည်​ဆောက်​ကြ​သည်​ကို​မေး​မြန်း​ပါ​သည်။-
وَسَأَلْنَاهُمْ أَيْضًا عَنْ أَسْمَائِهِمْ لِنُعْلِمَكَ، وَكَتَبْنَا أَسْمَاءَ ٱلرِّجَالِ رُؤُوسِهِمْ. ١٠ 10
၁၀ထို​တည်​ဆောက်​မှု​ကို​ခေါင်း​ဆောင်​သူ​များ​၏​အ​မည်​များ​ကို​လည်း အ​ရှင့်​ထံ​အ​ကြောင်း​ကြား​နိုင်​ရန်​အ​ကျွန်ုပ်​တို့​တောင်း​ယူ​ကြ​ပါ​သည်။-
وَبِمِثْلِ هَذَا ٱلْجَوَابِ جَاوَبُوا قَائِلِينَ: نَحْنُ عَبِيدُ إِلَهِ ٱلسَّمَاءِ وَٱلْأَرْضِ، وَنَبْنِي هَذَا ٱلْبَيْتَ ٱلَّذِي بُنِيَ قَبْلَ هَذِهِ ٱلسِّنِينَ ٱلْكَثِيرَةِ، وَقَدْ بَنَاهُ مَلِكٌ عَظِيمٌ لِإِسْرَائِيلَ وَأَكْمَلَهُ. ١١ 11
၁၁သူ​တို့​က`ငါ​တို့​သည်​မိုး​မြေ​ရှင်​ဘု​ရား​သ​ခင်​အ​စေ​ခံ​များ​ဖြစ်​၍ ရှေး​နှစ်​ပေါင်း​များ​စွာ​က​ပင်​တန်​ခိုး​ကြီး​မား​သည့် ဣ​သ​ရေ​လ​ဘု​ရင်​တစ်​ပါး​တည်​ဆောက်​မွမ်း​မံ​ထား​ခဲ့​သည့်​ဗိ​မာန်​တော်​ကို ပြန်​လည်​တည်​ဆောက်​မွမ်း​မံ​ကြ​ခြင်း​ဖြစ်​ပါ​သည်။-
وَلَكِنْ بَعْدَ أَنْ أَسْخَطَ آبَاؤُنَا إِلَهَ ٱلسَّمَاءِ دَفَعَهُمْ لِيَدِ نَبُوخَذْنَصَّرَ مَلِكِ بَابِلَ ٱلْكَلْدَانِيِّ، ٱلَّذِي هَدَمَ هَذَا ٱلْبَيْتَ وَسَبَى ٱلشَّعْبَ إِلَى بَابِلَ. ١٢ 12
၁၂သို့​ရာ​တွင်​ငါ​တို့​သည်​မိုး​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​လက်​သို့​အပ်​တော်​မူ​လေ​သည်။ ဗိ​မာန်​တော်​သည်​လည်း​ပြို​ပျက်​၍​ပြည်​သူ​တို့​သည် ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင်​ဒဏ်​သင့်​ကြ​ရ​ပါ​၏'' ဟု​ပြော​ကြား​ကြ​ပါ​သည်။-
عَلَى أَنَّهُ فِي ٱلسَّنَةِ ٱلْأُولَى لِكُورَشَ مَلِكَ بَابِلَ، أَصْدَرَ كُورَشُ ٱلْمَلِكُ أَمْرًا بِبِنَاءِ بَيْتِ ٱللهِ هَذَا. ١٣ 13
၁၃ထို့​နောက်​သူ​တို့​က`ဗာ​ဗု​လုန်​ဧ​က​ရာဇ်​ဘု​ရင်​ကု​ရု​သည် မိ​မိ​နန်း​စံ​ပ​ထ​မ​နှစ်​၌​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန် အ​မိန့်​ထုတ်​ဆင့်​တော်​မူ​ပါ​၏။-
حَتَّى إِنَّ آنِيَةَ بَيْتِ ٱللهِ هَذَا، ٱلَّتِي مِنْ ذَهَبٍ وَفِضَّةٍ، ٱلَّتِي أَخْرَجَهَا نَبُوخَذْنَصَّرُ مِنَ ٱلْهَيْكَلِ ٱلَّذِي فِي أُورُشَلِيمَ وَأَتَى بِهَا إِلَى ٱلْهَيْكَلِ ٱلَّذِي فِي بَابِلَ، أَخْرَجَهَا كُورَشُ ٱلْمَلِكُ مِنَ ٱلْهَيْكَلِ ٱلَّذِي فِي بَابِلَ وَأُعْطِيَتْ لِوَاحِدٍ ٱسْمُهُ شِيشْبَصَّرُ ٱلَّذِي جَعَلَهُ وَالِيًا. ١٤ 14
၁၄ထို​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​နေ​ဗု​ခဒ်​နေ​ဇာ​သိမ်း​ယူ​ကာ ဗာ​ဗု​လုန်​မြို့​ဘု​ရား​ဗိ​မာန်​တွင်​ထား​ရှိ​သည့်​ဗိ​မာန်​တော်​ဆိုင်​ရာ​ရွှေ၊ ငွေ​အ​သုံး​အ​ဆောင်​တော်​များ​ကို​ပြန်​လည်​ပေး​အပ်​တော်​မူ​ခဲ့​ပါ​၏။-
وَقَالَ لَهُ: خُذْ هَذِهِ ٱلْآنِيَةَ وَٱذْهَبْ وَٱحْمِلْهَا إِلَى ٱلْهَيْكَلِ ٱلَّذِي فِي أُورُشَلِيمَ، وَلْيُبْنَ بَيْتُ ٱللهِ فِي مَكَانِهِ. ١٥ 15
၁၅ကု​ရု​မင်း​သည်​ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ် မိ​မိ​ခန့်​ထား​သည့်​ရှေ​ရှ​ဗာ​ဇာ​အ​မည်​ရှိ​သူ​၏​လက်​သို့ ထို​အ​သုံး​အ​ဆောင်​တော်​များ​ကို​အပ်​နှံ​တော်​မူ​၍ ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​ပြန်​လည်​ယူ​ဆောင်​သွား​စေ​ပြီး​လျှင် ထို​ဗိ​မာန်​တော်​ကို​နေ​ရာ​ဟောင်း​တွင် ပြန်​လည်​တည်​ဆောက်​ရန်​မိန့်​မှာ​တော်​မူ​ပါ​၏။-
حِينَئِذٍ جَاءَ شِيشْبَصَّرُ هَذَا وَوَضَعَ أَسَاسَ بَيْتِ ٱللهِ ٱلَّذِي فِي أُورُشَلِيمَ، وَمِنْ ذَلِكَ ٱلْوَقْتِ إِلَى ٱلْآنَ يُبْنَى وَلَمْ يُكْمَلْ. ١٦ 16
၁၆သို့​ဖြစ်​၍​ရှေ​ရှ​ဗာ​ဇာ​သည်​လာ​ရောက်​ပြီး​နောက် ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချ​ပါ​၏။ ထို​ဗိ​မာန်​တော်​တည်​ဆောက်​မှု​မှာ ယ​နေ့​တိုင်​ဆက်​လက်​လုပ်​ကိုင်​လာ​ခဲ့​သော်​လည်း​မ​ပြီး​ပြတ်​သေး​ပါ' ဟု​ပြန်​လည်​ပြော​ကြား​ကြ​ပါ​သည်။
وَٱلْآنَ إِذَا حَسُنَ عِنْدَ ٱلْمَلِكِ فَلْيُفَتَّشْ فِي بَيْتِ خَزَائِنِ ٱلْمَلِكِ ٱلَّذِي هُوَ هُنَاكَ فِي بَابِلَ: هَلْ كَانَ قَدْ صَدَرَ أَمْرٌ مِنْ كُورَشَ ٱلْمَلِكِ بِبِنَاءِ بَيْتِ ٱللهِ هَذَا فِي أُورُشَلِيمَ؟ وَلْيُرْسِلِ ٱلْمَلِكُ إِلَيْنَا مُرَادَهُ فِي ذَلِكَ». ١٧ 17
၁၇``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​စေ​ရန် ကု​ရု​မင်း​အ​မိန့်​တော်​ရှိ​မ​ရှိ​သိ​နိုင်​ရန် အ​ရှင်​မင်း​ကြီး​အ​လို​ရှိ​တော်​မူ​ပါ​လျှင် နန်း​တွင်း​မှတ်​တမ်း​များ​တွင်​ယ​ခု​ရှာ​ဖွေ​၍​ကြည့်​စေ​တော်​မူ​ပါ။ ထို​နောက်​ဤ​အ​မှု​ကို​အ​ရှင်​အ​ဘယ်​သို့​ပြု​စေ​တော်​မူ​လို​သည်​ကို အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။

< عَزْرَا 5 >