< حِزْقِيَال 35 >
وَكَانَ إِلَيَّ كَلَامُ ٱلرَّبِّ قَائِلًا: | ١ 1 |
၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
«يَا ٱبْنَ آدَمَ، ٱجْعَلْ وَجْهَكَ نَحْوَ جَبَلِ سَعِيرَ وَتَنَبَّأْ عَلَيْهِ، | ٢ 2 |
၂အချင်းလူသား၊ သင်သည် စိရတောင်တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
وَقُلْ لَهُ: هَكَذَا قَالَ ٱلسَّيِّدُ ٱلرَّبُّ: هَأَنَذَا عَلَيْكَ يَا جَبَلَ سَعِيرَ، وَأَمُدُّ يَدِي عَلَيْكَ وَأَجْعَلُكَ خَرَابًا مُقْفِرًا. | ٣ 3 |
၃အိုစိရတောင်၊ သင့်တဘက်၌ ငါနေ၏။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။
أَجْعَلُ مُدُنَكَ خَرِبَةً، وَتَكُونُ أَنْتَ مُقْفِرًا، وَتَعْلَمُ أَنِّي أَنَا ٱلرَّبُّ. | ٤ 4 |
၄သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက်ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သိရလိမ့်မည်။
لِأَنَّهُ كَانَتْ لَكَ بُغْضَةٌ أَبَدِيَّةٌ، وَدَفَعْتَ بَنِي إِسْرَائِيلَ إِلَى يَدِ ٱلسَّيْفِ فِي وَقْتِ مُصِيبَتِهِمْ، وَقْتِ إِثْمِ ٱلنِّهَايَةِ. | ٥ 5 |
၅သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုး သားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရ သောကာလအဆုံး၌၊ သူတို့အသက်ကို ထားနှင့် သတ် သောကြောင့်၊
لِذَلِكَ حَيٌّ أَنَا، يَقُولُ ٱلسَّيِّدُ ٱلرَّبُّ، إِنِّي أُهَيِّئُكَ لِلدَّمِ، وَٱلدَّمُ يَتْبَعُكَ. إِذْ لَمْ تَكْرَهِ ٱلدَّمَ فَٱلدَّمُ يَتْبَعُكَ. | ٦ 6 |
၆အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည်သင့်ကို လိုက်မည်။ အသက် သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။
فَأَجْعَلُ جَبَلَ سَعِيرَ خَرَابًا وَمُقْفِرًا، وَأَسْتَأْصِلُ مِنْهُ ٱلذَّاهِبَ وَٱلْآئِبَ. | ٧ 7 |
၇ထိုသို့စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည်။
وَأَمْلَأُ جِبَالَهُ مِنْ قَتْلَاهُ. تِلَالُكَ وَأَوْدِيَتُكَ وَجَمِيعُ أَنْهَارِكَ يَسْقُطُونَ فِيهَا قَتْلَى بِٱلسَّيْفِ. | ٨ 8 |
၈သင်၏တောင်တို့ကိုလည်း သင်၏သူရဲအသေ ကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ထားဖြင့် အသေခံရသော သူတို့သည် ရှိကြ လိမ့်မည်။
وَأُصَيِّرُكَ خِرَبًا أَبَدِيَّةً، وَمُدُنُكَ لَنْ تَعُودَ، فَتَعْلَمُونَ أَنِّي أَنَا ٱلرَّبُّ. | ٩ 9 |
၉သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏မြို့တို့၌ အဘယ်သူမျှမနေရ။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
لِأَنَّكَ قُلْتَ: إِنَّ هَاتَيْنِ ٱلْأُمَّتَيْنِ، وَهَاتَيْنِ ٱلْأَرْضَيْنِ تَكُونَانِ لِي فَنَمْتَلِكُهُمَا وَٱلرَّبُّ كَانَ هُنَاكَ، | ١٠ 10 |
၁၀သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကိုငါတို့သည် သိမ်း၍ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊
فَلِذَلِكَ حَيٌّ أَنَا، يَقُولُ ٱلسَّيِّدُ ٱلرَّبُّ، لِأَفْعَلَنَّ كَغَضَبِكَ وَكَحَسَدِكَ ٱللَّذَيْنِ عَامَلْتَ بِهِمَا مِنْ بُغْضَتِكَ لَهُمْ، وَأُعَرِّفُ بِنَفْسِي بَيْنَهُمْ عِنْدَمَا أَحْكُمُ عَلَيْكَ، | ١١ 11 |
၁၁အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည်သူတို့ကို ရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။
فَتَعْلَمُ أَنِّي أَنَا ٱلرَّبُّ، قَدْ سَمِعْتُ كُلَّ إِهَانَتِكَ ٱلَّتِي تَكَلَّمْتَ بِهَا عَلَى جِبَالِ إِسْرَائِيلَ قَائِلًا: قَدْ خَرِبَتْ. قَدْ أُعْطِينَاهَا مَأْكَلًا. | ١٢ 12 |
၁၂သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာရဘို့ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။
قَدْ تَعَظَّمْتُمْ عَلَيَّ بِأَفْوَاهِكُمْ وَكَثَّرْتُمْ كَلَامَكُمْ عَلَيَّ. أَنَا سَمِعْتُ. | ١٣ 13 |
၁၃ထိုသို့သင်သည် ငါ့တဘက်၌ဝါကြွား၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။
هَكَذَا قَالَ ٱلسَّيِّدُ ٱلرَّبُّ: عِنْدَ فَرَحِ كُلِّ ٱلْأَرْضِ أَجْعَلُكَ مُقْفِرًا. | ١٤ 14 |
၁၄အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံးရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။
كَمَا فَرِحْتَ عَلَى مِيرَاثِ بَيْتِ إِسْرَائِيلَ لِأَنَّهُ خَرِبَ، كَذَلِكَ أَفْعَلُ بِكَ. تَكُونُ خَرَابًا يَا جَبَلَ سَعِيرَ أَنْتَ وَكُلُّ أَدُومَ بِأَجْمَعِهَا، فَيَعْلَمُونَ أَنِّي أَنَا ٱلرَّبُّ. | ١٥ 15 |
၁၅ဣသရေလအမျိုးသားတို့ အမွေမြေ ပျက်စီး သည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အိုစိရတောင်၊ သင်နှင့်တကွ ဧဒုံပြည် သည် အကုန်အစင်ပျက်စီး၍ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။