< حِزْقِيَال 30 >

وَكَانَ إِلَيَّ كَلَامُ ٱلرَّبِّ قَائِلًا: ١ 1
တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
«يَا ٱبْنَ آدَمَ تَنَبَّأْ وَقُلْ: هَكَذَا قَالَ ٱلسَّيِّدُ ٱلرَّبُّ: وَلْوِلُوا: يَا لِلْيَوْمِ! ٢ 2
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​အ​သံ ကျယ်​စွာ​ဟော​ပြော​ရ​မည်​မှာ ကြောက်​ရွံ့​ထိတ်​လန့်​ဖွယ်​ကောင်း​သော​နေ့​သည် ကျ​ရောက်​လတ္တံ့။
لِأَنَّ ٱلْيَوْمَ قَرِيبٌ، وَيَوْمٌ لِلرَّبِّ قَرِيبٌ، يَوْمُ غَيْمٍ. يَكُونُ وَقْتًا لِلْأُمَمِ. ٣ 3
ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​မည့်​နေ့ သည် နီး​ကပ်​လာ​လေ​ပြီ။ မိုး​တိမ်​များ​ဖုံး​လွှမ်း​မည့်​နေ့၊လူ​မျိုး​တ​ကာ​တို့ ဒုက္ခ​ရောက်​မည့်​နေ့​နီး​ကပ်​လာ​ပြီ။
وَيَأْتِي سَيْفٌ عَلَى مِصْرَ، وَيَكُونُ فِي كُوشَ خَوْفٌ شَدِيدٌ، عِنْدَ سُقُوطِ ٱلْقَتْلَى فِي مِصْرَ، وَيَأْخُذُونَ ثَرْوَتَهَا وَتُهْدَمُ أُسُسُهَا. ٤ 4
အီ​ဂျစ်​ပြည်​တွင်​စစ်​ဖြစ်​လိမ့်​မည်။ ကု​ရှ​ပြည်​တွင်​ကြီး​စွာ​သော​ဘေး​အန္တ​ရာယ်​နှင့် ကြုံ​တွေ့​ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​ပင်​အီ​ဂျစ်​ပြည်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လု​ယက်​ဖျက်​ဆီး​ခြင်း​ခံ​ရ​၍ ယို​ယွင်း​ပျက်​စီး​၍​ကျန်​ရစ်​လိမ့်​မည်။
يَسْقُطُ مَعَهُمْ بِٱلسَّيْفِ كُوشُ وَفُوطُ وَلُودُ وَكُلُّ ٱللَّفِيفِ، وَكُوبُ وَبَنُو أَرْضِ ٱلْعَهْدِ. ٥ 5
``စစ်​ပွဲ​တွင်​ကု​ရှ​ပြည်၊ ဖု​တ​ပြည်၊ လု​ဒ​ပြည်၊ အာ​ရေ​ဗျ​ပြည်​နှင့်​ခု​ဘ​ပြည်​တို့​မှ​အ​ငှား စစ်​သည်​များ​နှင့် ငါ​၏​လူ​မျိုး​တော်​အ​ထဲ မှ​ပင်​လျှင်​အ​ချို့​သော​သူ​တို့​ကျ​ဆုံး​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
هَكَذَا قَالَ ٱلرَّبُّ: وَيَسْقُطُ عَاضِدُو مِصْرَ، وَتَنْحَطُّ كِبْرِيَاءُ عِزَّتِهَا. مِنْ مَجْدَلَ إِلَى أَسْوَانَ يَسْقُطُونَ فِيهَا بِٱلسَّيْفِ، يَقُولُ ٱلسَّيِّدُ ٱلرَّبُّ. ٦ 6
ထာ​ဝ​ရ​ဘု​ရား​က``မြောက်​ဘက်​ရှိ​မိ​ဂ ဒေါ​လ​မြို့​မှ​သည်​တောင်​ဘက်​ရှိ​သု​ဏေ မြို့​တိုင်​အောင်​အီ​ဂျစ်​ပြည်​ဘက်​မှ​နေ​၍ ခု​ခံ​ကာ​ကွယ်​ကြ​သူ​အ​ပေါင်း​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​ဂုဏ်​ယူ​ဝါ​ကြွား​ရ​သော​တပ်​မ​တော် သည်​ပြို​ပျက်​သွား​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-
فَتُقْفِرُ فِي وَسْطِ ٱلْأَرَاضِي ٱلْمُقْفِرَةِ، وَتَكُونُ مُدُنُهَا فِي وَسْطِ ٱلْمُدُنِ ٱلْخَرِبَةِ. ٧ 7
အီ​ဂျစ်​ပြည်​သည်​ကမ္ဘာ​ပေါ်​တွင်​လူ​သူ အ​ဆိတ်​ငြိမ်​ဆုံး​သော​အ​ရပ်​ဖြစ်​လျက် ထို​ပြည်​ရှိ​မြို့​တို့​သည်​လုံး​ဝ​ယို​ယွင်း ပျက်​စီး​၍​ကျန်​ရစ်​ကြ​လိမ့်​မည်။-
فَيَعْلَمُونَ أَنِّي أَنَا ٱلرَّبُّ عِنْدَ إِضْرَامِي نَارًا فِي مِصْرَ، وَيُكْسَرُ جَمِيعُ أَعْوَانِهَا. ٨ 8
ငါ​သည်​အီ​ဂျစ်​ပြည်​ကို​မီး​လောင်​ကျွမ်း​စေ ၍ ထို​ပြည်​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​ကြ​သူ တို့​အ​သတ်​ခံ​ရ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ လိမ့်​မည်။
فِي ذَلِكَ ٱلْيَوْمِ يَخْرُجُ مِنْ قِبَلِي رُسُلٌ فِي سُفُنٍ لِتَخْوِيفِ كُوشَ ٱلْمُطْمَئِنَّةِ، فَيَأْتِي عَلَيْهِمْ خَوْفٌ عَظِيمٌ كَمَا فِي يَوْمِ مِصْرَ، لِأَنَّهُ هُوَذَا يَأْتِي. ٩ 9
``အ​ချိန်​ကျ​၍​အီ​ဂျစ်​ပြည်​ပျက်​စီး​သွား သော​အ​ခါ ငါ​သည်​အ​မှု​မဲ့​အ​မှတ်​မဲ့​နေ သူ​ကု​ရှ​ပြည်​သား​တို့​အား တပ်​လှန့်​နှိုး ဆော်​ရန်​စေ​တ​မန်​တို့​ကို​သင်္ဘော​များ​ဖြင့် စေ​လွှတ်​မည်။ သူ​တို့​သည်​ကြောက်​ရွံ့​ထိတ် လန့်​သွား​ကြ​လိမ့်​မည်။ ထို​နေ့​ကား​နီး ကပ်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
«هَكَذَا قَالَ ٱلسَّيِّدُ ٱلرَّبُّ: إِنِّي أُبِيدُ ثَرْوَةَ مِصْرَ بِيَدِ نَبُوخَذْرَاصَّرَ مَلِكِ بَابِلَ. ١٠ 10
၁၀အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အီ​ဂျစ် ပြည်​၏​ဋ္ဌ​န​အင်​အား​ကို​ပ​ပျောက်​စေ​ရန် ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း ကို​အ​သုံး​ပြု​မည်။-
هُوَ وَشَعْبُهُ مَعَهُ، عُتَاةُ ٱلْأُمَمِ يُؤْتَى بِهِمْ لِخَرَابِ ٱلْأَرْضِ، فَيُجَرِّدُونَ سُيُوفَهُمْ عَلَى مِصْرَ وَيَمْلَأُونَ ٱلْأَرْضَ مِنَ ٱلْقَتْلَى. ١١ 11
၁၁သူ​သည်​ရက်​စက်​ကြမ်း​ကြုတ်​သော​စစ်​သူ​ရဲ များ​နှင့်​လာ​၍ ထို​ပြည်​ကို​ဖျက်​ဆီး​ပစ်​လိမ့် မည်။ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​ဋ္ဌား​လက် နက်​နှင့်​တိုက်​ခိုက်​၍ ထို​ပြည်​ကို​လူ​သေ အ​လောင်း​များ​နှင့်​ပြည့်​နှက်​စေ​ကြ​လိမ့် မည်။-
وَأَجْعَلُ ٱلْأَنْهَارَ يَابِسَةً وَأَبِيعُ ٱلْأَرْضَ لِيَدِ ٱلْأَشْرَارِ، وَأُخْرِبُ ٱلْأَرْضَ وَمِلْأَهَا بِيَدِ ٱلْغُرَبَاءِ. أَنَا ٱلرَّبَّ تَكَلَّمْتُ. ١٢ 12
၁၂ငါ​သည်​နိုင်း​မြစ်​ကို​ခန်း​ခြောက်​စေ​၍ အီ​ဂျစ် ပြည်​ကို​ဆိုး​ညစ်​သူ​တို့​၏​လက်​အောက်​သို့ ကျ​ရောက်​စေ​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို ပြည်​တစ်​ပြည်​လုံး​ကို​ပျက်​ပြုန်း​စေ​ကြ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
هَكَذَا قَالَ ٱلسَّيِّدُ ٱلرَّبُّ: وَأُبِيدُ ٱلْأَصْنَامَ وَأُبَطِّلُ ٱلْأَوْثَانَ مِنْ نُوفَ. وَلَا يَكُونُ بَعْدُ رَئِيسٌ مِنْ أَرْضِ مِصْرَ، وَأُلْقِي ٱلرُّعْبَ فِي أَرْضِ مِصْرَ. ١٣ 13
၁၃အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​နော​ဖ မြို့​ရှိ​ရုပ်​တု​များ​နှင့်​ဘု​ရား​အ​တု​များ​ကို ဖျက်​ဆီး​ပစ်​မည်။ အီ​ဂျစ်​ပြည်​ကို​အုပ်​စိုး မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လိမ့်​မည် မ​ဟုတ်။ ငါ​သည်​လူ​အ​ပေါင်း​တို့​ကို​ကြောက် ရွံ့​ထိတ်​လန့်​စေ​မည်။-
وَأُخْرِبُ فَتْرُوسَ، وَأُضْرِمُ نَارًا في صُوعَنَ، وَأُجْرِي أَحْكَامًا فِي نُو. ١٤ 14
၁၄အီ​ဂျစ်​ပြည်​တောင်​ပိုင်း​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​အ​ရပ်​ဖြစ်​စေ​၍ မြောက်​ပိုင်း​တွင်​ရှိ​သော ဇော​န​မြို့​ကို​မီး​ရှို့​မည်။ နော​မြို့​တော်​ကို လည်း​အ​ပြစ်​ဒဏ်​ခတ်​မည်။-
وَأَسْكُبُ غَضَبِي عَلَى سِينَ، حِصْنِ مِصْرَ، وَأَسْتَأْصِلُ جُمْهُورَ نُو. ١٥ 15
၁၅အီ​ဂျစ်​ပြည်​၏​ခံ​တပ်​မြို့​ကြီး​ဖြစ်​သော​သိန် မြို့​အား ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​စေ မည်။ နော​မြို့​၏​ဋ္ဌ​န​အင်​အား​ကို​ဖျက်​ဆီး မည်။-
وَأُضْرِمُ نَارًا فِي مِصْرَ. سِينُ تَتَوَجَّعُ تَوَجُّعًا، وَنُو تَكُونُ لِلتَّمْزِيقِ، وَلِنُوفَ ضِيقَاتٌ كُلَّ يَوْمٍ. ١٦ 16
၁၆ငါ​သည်​အီ​ဂျစ်​ပြည်​ကို​မီး​လောင်​စေ​၍ သိန်​မြို့​ကို​လည်း​ပြင်း​ထန်​စွာ​နာ​ကျင်​စေ မည်။ ထို​မြို့​၏​မြို့​ရိုး​များ​သည်​ဖြို​ဖျက် ခြင်း​ခံ​ရ​သ​ဖြင့်​ထို​မြို့​ကို​ရေ​လွှမ်း​မိုး လိမ့်​မည်။-
شُبَّانُ آوَنَ وَفِيبِسْتَةَ يَسْقُطُونَ بِٱلسَّيْفِ، وَهُمَا تَذْهَبَانِ إِلَى ٱلسَّبْيِ. ١٧ 17
၁၇အာ​ဝင်​မြို့​နှင့်​ဖိ​ဗေ​သက်​မြို့​တို့​မှ​လူ​ငယ် လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ အ​ခြား​သူ​တို့​သည်​ကား​သုံ့​ပန်း​အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။-
وَيُظْلِمُ ٱلنَّهَارُ فِي تَحْفَنْحِيسَ عِنْدَ كَسْرِي أَنْيَارَ مِصْرَ هُنَاكَ. وَتَبْطُلُ فِيهَا كِبْرِيَاءُ عِزِّهَا. أَمَّا هِيَ فَتَغْشَاهَا سَحَابَةٌ، وَتَذْهَبُ بَنَاتُهَا إِلَى ٱلسَّبْيِ. ١٨ 18
၁၈အီ​ဂျစ်​ပြည်​၏​တန်​ခိုး​အာ​ဏာ​တည်း​ဟူ သော​ထမ်း​ပိုး​ကို ငါ​ချိုး​နှိမ်​သော​အ​ခါ​သူ တို့​ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စွမ်း​ရည်​သတ္တိ ကို​ပ​ပျောက်​စေ​မည်။ တာ​ပ​နက်​မြို့​သည် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင် မိုး​တိမ်​များ​အုပ်​ဆိုင်း​လျက်​မြို့​အား​လုံး မှ​လူ​တို့​သည်​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး သိမ်း​ယူ​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
فَأُجْرِي أَحْكَامًا فِي مِصْرَ، فَيَعْلَمُونَ أَنِّي أَنَا ٱلرَّبُّ». ١٩ 19
၁၉ဤ​ကဲ့​သို့​အီ​ဂျစ်​ပြည်​အား​အ​ပြစ်​ဒဏ် ခတ်​သော​အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
وَكَانَ فِي ٱلسَّنَةِ ٱلْحَادِيَةِ عَشَرَةَ، فِي ٱلشَّهْرِ ٱلْأَوَّلِ، فِي ٱلسَّابِعِ مِنَ ٱلشَّهْرِ، أَنَّ كَلَامَ ٱلرَّبِّ صَارَ إِلَيَّ قَائِلًا: ٢٠ 20
၂၀ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​တစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ခု​နစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
«يَا ٱبْنَ آدَمَ، إِنِّي كَسَرْتُ ذِرَاعَ فِرْعَوْنَ مَلِكِ مِصْرَ، وَهَا هِيَ لَنْ تُجْبَرُ بِوَضْعِ رَفَائِدَ وَلَا بِوَضْعِ عِصَابَةٍ لِتُجْبَرَ فَتُمْسِكَ ٱلسَّيْفَ. ٢١ 21
၂၁ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​အီ​ဂျစ် ဘု​ရင်​၏​လက်​ရုံး​ကို​ကျိုး​စေ​ပြီ။ အ​ရိုး​ပြန် ဆက်​ပြီး​လျှင်​ဋ္ဌား​ကို​တစ်​ဖန်​ကိုင်​နိုင်​လာ​စေ ရန်​ထို​လက်​ကို​အ​ဘယ်​သူ​မျှ​ကြပ်​စည်း​၍ အ​ဝတ်​ဖြင့်​ဆွဲ​ဆိုင်း​၍​မ​ပေး​ကြ။-
لِذَلِكَ هَكَذَا قَالَ ٱلسَّيِّدُ ٱلرَّبُّ: هَأَنَذَا عَلَى فِرْعَوْنَ مَلِكِ مِصْرَ، فَأُكَسِّرُ ذِرَاعَيْهِ ٱلْقَوِيَّةَ وَٱلْمَكْسُورَةَ، وَأُسْقِطُ ٱلسَّيْفَ مِنْ يَدِهِ. ٢٢ 22
၂၂သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား ငါ​သည်​အီ​ဂျစ်​ဘု​ရင် ၏​ရန်​သူ​ဖြစ်​၏။ သူ​၏​လက်​နှစ်​ဖက်​စ​လုံး ကို​ငါ​ချိုး​မည်။ ကျိုး​နေ​သော​လက်​နှင့်​မ ကျိုး​သေး​သော​လက်​ကို​ပါ​ချိုး​မည်။ ထို အ​ခါ​သူ​၏​လက်​မှ​ဋ္ဌား​သည်​ကျ​သွား လိမ့်​မည်။-
وَأُشَتِّتُ ٱلْمِصْرِيِّينَ بَيْنَ ٱلْأُمَمِ، وَأُذَرِّيهِمْ فِي ٱلْأَرَاضِي. ٢٣ 23
၂၃အီ​ဂျစ်​ပြည်​သား​တို့​အား​ငါ​သည်​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။-
وَأُشَدِّدُ ذِرَاعَيْ مَلِكِ بَابِلَ وَأَجْعَلُ سَيْفِي فِي يَدِهِ، وَأُكَسِّرُ ذِرَاعَيْ فِرْعَوْنَ فَيَئِنُّ قُدَّامَهُ أَنِينَ ٱلْجَرِيحِ. ٢٤ 24
၂၄ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​အား​ခွန်​အား ကြီး​မား​လာ​စေ​၍ သူ​၏​လက်​သို့​ငါ​၏​ဋ္ဌား ကို​ပေး​အပ်​မည်။ သို့​ရာ​တွင်​အီ​ဂျစ်​ဘု​ရင် ၏​လက်​ရုံး​တို့​ကို​မူ​ငါ​ချိုး​မည်။ သူ​သည် ညည်း​တွား​မြည်​တမ်း​လျက် မိ​မိ​ရန်​သူ​၏ ရှေ့​မှောက်​တွင်​သေ​ရ​လိမ့်​မည်။-
وَأُشَدِّدُ ذِرَاعَيْ مَلِكِ بَابِلَ، أَمَّا ذِرَاعَا فِرْعَوْنَ فَتَسْقُطَانِ، فَيَعْلَمُونَ أَنِّي أَنَا ٱلرَّبُّ حِينَ أَجْعَلُ سَيْفِي فِي يَدِ مَلِكِ بَابِلَ، فَيَمُدُّهُ عَلَى أَرْضِ مِصْرَ. ٢٥ 25
၂၅ငါ​သည်​သူ့​အား​အ​မှန်​ပင်​ချည့်​နဲ့​စေ​၍ ဗာ​ဗု​လုန်​မင်း​အား​သန်​မာ​စေ​မည်။ ငါ​၏ ဋ္ဌား​ကို​ဗာ​ဗု​လုန်​ဘု​ရင်​လက်​သို့​ပေး​အပ် ၍ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ဋ္ဌား​ဦး​ကို​လှည့် လိုက်​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။-
وَأُشَتِّتُ ٱلْمِصْرِيِّينَ بَيْنَ ٱلْأُمَمِ وَأُذَرِّيهِمْ فِي ٱلْأَرَاضِي، فَيَعْلَمُونَ أَنِّي أَنَا ٱلرَّبُّ». ٢٦ 26
၂၆ငါ​သည်​အီ​ဂျစ်​ပြည်​သား​တို့​အား​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< حِزْقِيَال 30 >