< حِزْقِيَال 1 >

كَانَ فِي سَنَةِ ٱلثَّلَاثِينَ، فِي ٱلشَّهْرِ ٱلرَّابِعِ، فِي ٱلْخَامِسِ مِنَ ٱلشَّهْرِ، وَأَنَا بَيْنَ ٱلْمَسْبِيِّينَ عِنْدَ نَهْرِ خَابُورَ، أَنَّ ٱلسَّمَاوَاتِ ٱنْفَتَحَتْ، فَرَأَيْتُ رُؤَى ٱللهِ. ١ 1
သုံး​ဆယ်​နှစ်​မြောက် စ​တုတ္ထ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ငါ​သည် ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​တူ​ဗာ​ဗု​လုန်​ပြည်၊ ခေ​ဗာ​မြစ်​အ​နီး​တွင်​နေ​ထိုင်​လျက်​ရှိ​စဉ် မိုး​ကောင်း​ကင်​ကွဲ​ဟ​၍​ဘုရား​သ​ခင်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်​ရ​၏။-
فِي ٱلْخَامِسِ مِنَ ٱلشَّهْرِ، وَهِيَ ٱلسَّنَةُ ٱلْخَامِسَةُ مِنْ سَبْيِ يُويَاكِينَ ٱلْمَلِكِ، ٢ 2
(ထို​နှစ်​ကား​ယေ​ခေါ​နိ​မင်း​ပြည်​နှင်​ဒဏ်​သင့်​ချိန်​ငါး​နှစ်​မြောက်​ဖြစ်​သ​တည်း။-)
صَارَ كَلَامُ ٱلرَّبِّ إِلَى حِزْقِيَالَ ٱلْكَاهِنِ ٱبْنِ بُوزِي فِي أَرْضِ ٱلْكَلْدَانِيِّينَ عِنْدَ نَهْرِ خَابُورَ. وَكَانَتْ عَلَيْهِ هُنَاكَ يَدُ ٱلرَّبِّ. ٣ 3
ဗာ​ဗု​လုန်​ပြည်​ခေ​ဗာ​မြစ်​အ​နီး​တွင် ဗု​ဇိ​၏​သား​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​ယေ​ဇ​ကျေ​လ​သည် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သံ​ကို​ကြား​ရ​၍​တန်​ခိုး​တော်​သည်​သူ့​အ​ပေါ်​သို့​သက်​ရောက်​၏။
فَنَظَرْتُ وَإِذَا بِرِيحٍ عَاصِفَةٍ جَاءَتْ مِنَ ٱلشِّمَالِ. سَحَابَةٌ عَظِيمَةٌ وَنَارٌ مُتَوَاصِلَةٌ وَحَوْلَهَا لَمَعَانٌ، وَمِنْ وَسْطِهَا كَمَنْظَرِ ٱلنُّحَاسِ ٱللَّامِعِ مِنْ وَسْطِ ٱلنَّارِ. ٤ 4
ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။-
وَمِنْ وَسْطِهَا شِبْهُ أَرْبَعَةِ حَيَوَانَاتٍ. وَهَذَا مَنْظَرُهَا: لَهَا شِبْهُ إِنْسَانٍ. ٥ 5
မီး​တောက်​၏​အ​လယ်​ဗ​ဟို​တွင် သတ္တ​ဝါ​လေး​ဦး​နှင့်​တူ​သော​ပုံ​သဏ္ဌာန်​များ​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည်​လူ​၏​အ​သွင်​ကို​ဆောင်​၏။-
وَلِكُلِّ وَاحِدٍ أَرْبَعَةُ أَوْجُهٍ، وَلِكُلِّ وَاحِدٍ أَرْبَعَةُ أَجْنِحَةٍ. ٦ 6
သို့​ရာ​တွင်​သူ​တို့​၌​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​စီ​ရှိ​၏။-
وَأَرْجُلُهَا أَرْجُلٌ قَائِمَةٌ، وَأَقْدَامُ أَرْجُلِهَا كَقَدَمِ رِجْلِ ٱلْعِجْلِ، وَبَارِقَةٌ كَمَنْظَرِ ٱلنُّحَاسِ ٱلْمَصْقُولِ. ٧ 7
သူ​တို့​၏​ခြေ​တို့​သည်​ဖြောင့်​တန်း​လျက်​နေ​သော်​လည်း ယင်း​တို့​တွင်​နွား​ခွာ​နှင့်​တူ​သော​ခွာ​များ​ရှိ​၏။ ထို​သတ္တ​ဝါ​တို့​သည်​တိုက်​ချွတ်​ထား​သော​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​၏။-
وَأَيْدِي إِنْسَانٍ تَحْتَ أَجْنِحَتِهَا عَلَى جَوَانِبِهَا ٱلْأَرْبَعَةِ. وَوُجُوهُهَا وَأَجْنِحَتُهَا لِجَوَانِبِهَا ٱلْأَرْبَعَةِ. ٨ 8
သူ​တို့​တွင်​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​အ​ပြင် တောင်​ပံ​တစ်​ခု​စီ​၏​အောက်​၌​လူ​လက်​ရှိ​၏။-
وَأَجْنِحَتُهَا مُتَّصِلَةٌ ٱلْوَاحِدُ بِأَخِيهِ. لَمْ تَدُرْ عِنْدَ سَيْرِهَا. كُلُّ وَاحِدٍ يَسِيرُ إِلَى جِهَةِ وَجْهِهِ. ٩ 9
ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​ထိ​အောင်​တောင်​ပံ​နှစ်​ခု​စီ​ကို​ဖြန့်​လျက် ရှေ့​တူ​ရူ​သို့​အ​သီး​သီး​မျက်​နှာ​မူ​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​ကိုယ်​ကို​မ​လှည့်​ဘဲ​အ​စု​လိုက်​သွား​လာ​ကြ​၏။
أَمَّا شِبْهُ وُجُوهِهَا فَوَجْهُ إِنْسَانٍ وَوَجْهُ أَسَدٍ لِلْيَمِينِ لِأَرْبَعَتِهَا، وَوَجْهُ ثَوْرٍ مِنَ ٱلشِّمَالِ لِأَرْبَعَتِهَا، وَوَجْهُ نَسْرٍ لِأَرْبَعَتِهَا. ١٠ 10
၁၀ထို​သတ္တ​ဝါ​တစ်​ပါး​စီ​၌​ရှိ​သော​မျက်​နှာ​လေး​ခု​တို့​သည် တစ်​ခု​နှင့်​တစ်​ခု​မ​တူ​ကြ။ ရှေ့​ဘက်​တွင်​လူ​မျက်​နှာ၊ လက်​ယာ​ဘက်​တွင်​ခြင်္သေ့​မျက်​နှာ၊ လက်​ဝဲ​ဘက်​တွင်​နွား​မျက်​နှာ၊ နောက်​ဘက်​တွင်​လင်း​ယုန်​မျက်​နှာ​ရှိ​၏။-
فَهَذِهِ أَوْجُهُهَا. أَمَّا أَجْنِحَتُهَا فَمَبْسُوطَةٌ مِنْ فَوْقُ. لِكُلِّ وَاحِدٍ ٱثْنَانِ مُتَّصِلَانِ أَحَدُهُمَا بِأَخِيهِ، وَٱثْنَانِ يُغَطِّيَانِ أَجْسَامَهَا. ١١ 11
၁၁ထို​သတ္တ​ဝါ​တို့​သည်​တစ်​ပါး​နှင့်​တစ်​ပါး​အ​တောင်​ဖျား​ချင်း​ထိ​အောင် တောင်​ပံ​နှစ်​ခု​စီ​ဖြန့်​၍​ထား​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။-
وَكُلُّ وَاحِدٍ كَانَ يَسِيرُ إِلَى جِهَةِ وَجْهِهِ. إِلَى حَيْثُ تَكُونُ ٱلرُّوحُ لِتَسِيرَ تَسِيرُ. لَمْ تَدُرْ عِنْدَ سَيْرِهَا. ١٢ 12
၁၂သူ​တို့​အား​လုံး​ပင်​အ​ရပ်​လေး​မျက်​နှာ​သို့​မျက်​နှာ​ပြု​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​စု​လိုက်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​မ​လှည့်​ဘဲ​သွား​နိုင်​ကြ​၏။
أَمَّا شِبْهُ ٱلْحَيَوَانَاتِ فَمَنْظَرُهَا كَجَمْرِ نَارٍ مُتَّقِدَةٍ، كَمَنْظَرِ مَصَابِيحَ هِيَ سَالِكَةٌ بَيْنَ ٱلْحَيَوَانَاتِ. وَلِلنَّارِ لَمَعَانٌ، وَمِنَ ٱلنَّارِ كَانَ يَخْرُجُ بَرْقٌ. ١٣ 13
၁၃ထို​သတ္တ​ဝါ​တို့​၏​အ​လယ်​တွင်​မီး​လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​နှင့်​တူ​သည့်​အ​ရာ​တစ်​ခု​သည် အ​စဉ်​ပင်​ရွေ့​လျား​လျက်​နေ​၏။ ထို​အ​ရာ​မှ​မီး​လျှံ​တက်​ပြီး​လျှင်​လျှပ်​စစ်​နွယ်​များ​ထွက်​ပေါ်​လာ​၏။-
ٱلْحَيَوَانَاتُ رَاكِضَةٌ وَرَاجِعَةٌ كَمَنْظَرِ ٱلْبَرْقِ. ١٤ 14
၁၄သတ္တ​ဝါ​များ​ကိုယ်​တိုင်​ပင်​လျှင်​လျှပ်​စစ်​သ​ဖွယ် လျင်​မြန်​စွာ​သွား​လာ​ကြ​၏။
فَنَظَرْتُ ٱلْحَيَوَانَاتِ وَإِذَا بَكَرَةٌ وَاحِدَةٌ عَلَى ٱلْأَرْضِ بِجَانِبِ ٱلْحَيَوَانَاتِ بِأَوْجُهِهَا ٱلْأَرْبَعَةِ. ١٥ 15
၁၅ငါ​သည်​မျက်​နှာ​လေး​မျိုး​ရှိ​သော​သတ္တ​ဝါ​လေး​ပါး​ကို​ကြည့်​၍​နေ​စဉ် သူ​တို့​အ​သီး​သီး​၏​အ​နီး​တွင်​မြေ​နှင့်​ထိ​၍​နေ​သော​ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ​၍​နေ​သည်​ကို​မြင်​ရ​၏။-
مَنْظَرُ ٱلْبَكَرَاتِ وَصَنْعَتُهَا كَمَنْظَرِ ٱلزَّبَرْجَدِ. وَلِلْأَرْبَعِ شَكْلٌ وَاحِدٌ، وَمَنْظَرُهَا وَصَنْعَتُهَا كَأَنَّهَا كَانَتْ بَكَرَةً وَسْطِ بَكَرَةٍ. ١٦ 16
၁၆ထို​ဘီး​အား​လုံး​သည်​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ တောက်​ပ​လျက်​တစ်​ခု​နှင့်​တစ်​ခု​တူ​ကြ​၏။ ဘီး​တိုင်း​တွင်​အ​လယ်​မှ​ထောင့်​မှန်​ကန့်​လန့်​ဖြတ်​၍​နေ​သော​ဘီး​တစ်​ခု​ရှိ​၏။-
لَمَّا سَارَتْ، سَارَتْ عَلَى جَوَانِبِهَا ٱلْأَرْبَعَةِ. لَمْ تَدُرْ عِنْدَ سَيْرِهَا. ١٧ 17
၁၇သို့​ဖြစ်​၍​ထို​ဘီး​တို့​သည်​မ​လှည့်​ဘဲ​အ​ရပ်​လေး​မျက်​နှာ​သို့ သတ္တ​ဝါ​လေး​ပါး​သွား​လာ​သည့်​အ​တိုင်း​သွား​နိုင်​ကြ​၏။-
أَمَّا أُطُرُهَا فَعَالِيَةٌ وَمُخِيفَةٌ. وَأُطُرُهَا مَلْآنَةٌ عُيُونًا حَوَالَيْهَا لِلْأَرْبَعِ. ١٨ 18
၁၈ဘီး​ခွေ​တို့​သည်​မျက်​စိ​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၍ မြင့်​မား​လျက်​စိုး​ရိမ်​ထိတ်​လန့်​ဖွယ်​ကောင်း​၏။-
فَإِذَا سَارَتِ ٱلْحَيَوَانَاتُ، سَارَتِ ٱلْبَكَرَاتُ بِجَانِبِهَا، وَإِذَا ٱرْتَفَعَتِ ٱلْحَيَوَانَاتُ عَنِ ٱلْأَرْضِ ٱرْتَفَعَتِ ٱلْبَكَرَاتُ. ١٩ 19
၁၉သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သည့်​အ​ခါ​တိုင်း ထို​ဘီး​တို့​သည်​လိုက်​၍​ရွေ့​လျား​ကြ​၏။ သတ္တ​ဝါ​များ​မြေ​ကြီး​မှ​ခွာ​၍​အ​ထက်​သို့​တက်​ကြ​သော​အ​ခါ​၌​လည်း ဘီး​တို့​သည်​လိုက်​၍​တက်​ကြ​၏။-
إِلَى حَيْثُ تَكُونُ ٱلرُّوحُ لِتَسِيرَ يَسِيرُونَ، إِلَى حَيْثُ ٱلرُّوحُ لِتَسِيرَ وَٱلْبَكَرَاتُ تَرْتَفِعُ مَعَهَا، لِأَنَّ رُوحَ ٱلْحَيَوَانَاتِ كَانَتْ فِي ٱلْبَكَرَاتِ. ٢٠ 20
၂၀
فَإِذَا سَارَتْ تِلْكَ سَارَتْ هَذِهِ، وَإِذَا وَقَفَتْ تِلْكَ وَقَفَتْ. وَإِذَا ٱرْتَفَعَتْ تِلْكَ عَنِ ٱلْأَرْضِ ٱرْتَفَعَتِ ٱلْبَكَرَاتُ مَعَهَا، لِأَنَّ رُوحَ ٱلْحَيَوَانَاتِ كَانَتْ فِي ٱلْبَكَرَاتِ. ٢١ 21
၂၁ဝိ​ညာဉ်​သည်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​သွား​ကြ​သော​အ​ခါ ဘီး​တို့​သည်​လည်း​သတ္တ​ဝါ​များ​ပြု​သည့်​အ​တိုင်း​အ​ထက်​သို့​တက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သတ္တ​ဝါ​များ​၏​ဝိ​ညာဉ်​သည်​ဘီး​တို့​အား​ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍​သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သော​အ​ခါ ရပ်​ဆိုင်း​သည့်​အ​ခါ​လေ​ထဲ​သို့​တက်​ကြ​သည့်​အ​ခါ​၌ ဘီး​တို့​သည်​ထပ်​တူ​ထပ်​မျှ​လိုက်​၍​ပြု​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​တို့​အား​သတ္တ​ဝါ​တို့​၏​ဝိ​ညာဉ်​တို့​က ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​၏။
وَعَلَى رُؤُوسِ ٱلْحَيَوَانَاتِ شِبْهُ مُقَبَّبٍ كَمَنْظَرِ ٱلْبِلَّوْرِ ٱلْهَائِلِ مُنْتَشِرًا عَلَى رُؤُوسِهَا مِنْ فَوْقُ. ٢٢ 22
၂၂သတ္တ​ဝါ​များ​၏​ဦး​ခေါင်း​အ​ထက်​တွင်​အ​ရောင်​လက်​၍​နေ​သော​ကျောက်​သ​လင်း​သ​ဖွယ်​ရှိ​၍ ထိတ်​လန့်​ဖွယ်​ကောင်း​သော​လိပ်​ခုံး​ပုံ​သဏ္ဌာန်​ကြီး​တစ်​ခု​ရှိ​၏။-
وَتَحْتَ ٱلْمُقَبَّبِ أَجْنِحَتُهَا مُسْتَقِيمَةٌ ٱلْوَاحِدُ نَحْوَ أَخِيهِ. لِكُلِّ وَاحِدٍ ٱثْنَانِ يُغَطِّيَانِ مِنْ هُنَا، وَلِكُلِّ وَاحِدٍ ٱثْنَانِ يُغَطِّيَانِ مِنْ هُنَاكَ أَجْسَامَهَا. ٢٣ 23
၂၃ထို​အ​ရာ​၏​အောက်​တွင်​သတ္တ​ဝါ​တစ်​ပါး​စီ​တို့​သည် မိ​မိ​တို့​နှင့်​နီး​ရာ​သတ္တ​ဝါ​များ​ဘက်​သို့​တောင်​ပံ​နှစ်​ခု​ကို​ဖြန့်​ပြီး​လျှင် အ​ခြား​တောင်​ပံ​နှစ်​ခု​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​အုပ်​ထား​ကြ​၏။-
فَلَمَّا سَارَتْ سَمِعْتُ صَوْتَ أَجْنِحَتِهَا كَخَرِيرِ مِيَاهٍ كَثِيرَةٍ، كَصَوْتِ ٱلْقَدِيرِ. صَوْتَ ضَجَّةٍ، كَصَوْتِ جَيْشٍ. وَلَمَّا وَقَفَتْ أَرْخَتْ أَجْنِحَتَهَا. ٢٤ 24
၂၄သူ​တို့​ပျံ​သန်း​ကြ​သော​အ​ခါ​အ​တောင်​ခတ်​သည့်​အ​သံ​ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​ပင်​လယ်​မြည်​ဟည်း​သ​ကဲ့​သို့​လည်း​ကောင်း၊ ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​၏​အ​သံ​ကဲ့​သို့​ကဲ့​သို့​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကဲ့​သို့​ဖြစ်​၏။ သူ​တို့​ရပ်​နား​ကြ​သော​အ​ခါ​မိ​မိ​တို့​၏​အ​တောင်​များ​ကို​ချ​ထား​ကြ​၏။-
فَكَانَ صَوْتٌ مِنْ فَوْقِ ٱلْمُقَبَّبِ ٱلَّذِي عَلَى رُؤُوسِهَا. إِذَا وَقَفَتْ أَرْخَتْ أَجْنِحَتَهَا. ٢٥ 25
၂၅ထို​သို့​အ​တောင်​များ​ကို​ချ​လျက်​ရပ်​နေ​စဉ် သူ​တို့​၏​ဦး​ခေါင်း​အ​ထက်​ရှိ​လိပ်​ခုံး​မိုး​အ​ပေါ်​မှ အ​သံ​တစ်​ခု​ထွက်​ပေါ်​လာ​၏။
وَفَوْقَ ٱلْمُقَبَّبِ ٱلَّذِي عَلَى رُؤُوسِهَا شِبْهُ عَرْشٍ كَمَنْظَرِ حَجَرِ ٱلْعَقِيقِ ٱلْأَزْرَقِ، وَعَلَى شِبْهِ ٱلْعَرْشِ شِبْهٌ كَمَنْظَرِ إِنْسَانٍ عَلَيْهِ مِنْ فَوْقُ. ٢٦ 26
၂၆ထို​လိပ်​ခုံး​မိုး​အ​ပေါ်​၌​နီ​လာ​ဖြင့်​ပြီး​သည့်​ရာ​ဇ​ပလ္လင်​နှင့်​တူ​သော​အ​ရာ​တစ်​ခု​ရှိ​၏။ ထို​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​လူ​ပုံ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​ထိုင်​နေ​၏။-
وَرَأَيْتُ مِثْلَ مَنْظَرِ ٱلنُّحَاسِ ٱللَّامِعِ كَمَنْظَرِ نَارٍ دَاخِلَهُ مِنْ حَوْلِهِ، مِنْ مَنْظَرِ حَقْوَيْهِ إِلَى فَوْقُ، وَمِنْ مَنْظَرِ حَقْوَيْهِ إِلَى تَحْتُ، رَأَيْتُ مِثْلَ مَنْظَرِ نَارٍ وَلَهَا لَمَعَانٌ مِنْ حَوْلِهَا. ٢٧ 27
၂၇ထို​သူ​၏​ခါး​အ​ထက်​ပိုင်း​သည်​မီး​လျှံ​ထဲ​မှ​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​၍​နေ​၏။ ခါး​မှ​ခြေ​ဖျား​ထိ​သူ​၏​အောက်​ပိုင်း​သည် မီး​ရောင်​ဖြင့်​ပင်​လျှင်​တစ်​ကိုယ်​လုံး​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​ပေ​သည်။-
كَمَنْظَرِ ٱلْقَوْسِ ٱلَّتِي فِي ٱلسَّحَابِ يَوْمَ مَطَرٍ، هَكَذَا مَنْظَرُ ٱللَّمَعَانِ مِنْ حَوْلِهِ. هَذَا مَنْظَرُ شِبْهِ مَجْدِ ٱلرَّبِّ. وَلَمَّا رَأَيْتُهُ خَرَرْتُ عَلَى وَجْهِي، وَسَمِعْتُ صَوْتَ مُتَكَلِّمٍ. ٢٨ 28
၂၈ယင်း​သို့​ထွန်း​လင်း​တောက်​ပ​သော​အ​ရောင်​အ​ဝါ​သည် မိုး​တိမ်​များ​၌​ဖြစ်​ပေါ်​တတ်​သော​သက်​တံ​နှင့်​တူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ကို ဖော်​ပြ​သော​တောက်​ပ​သည့်​အ​လင်း​ရောင်​ဖြစ်​သ​တည်း။

< حِزْقِيَال 1 >