< اَلْخُرُوجُ 29 >

«وَهَذَا مَا تَصْنَعُهُ لَهُمْ لِتَقْدِيسِهِمْ لِيَكْهَنُوا لِي: خُذْ ثَوْرًا وَاحِدًا ٱبْنَ بَقَرٍ، وَكَبْشَيْنِ صَحِيحَيْنِ، ١ 1
``ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဤ​သို့​ဆက်​ကပ်​ရ​မည်။ အ​ပြစ်​အ​နာ​ကင်း​သော နွား​ပေါက်​တစ်​ကောင်​နှင့်​သိုး​ထီး​နှစ်​ကောင်​ကို ယူ​ခဲ့​လော့။-
وَخُبْزَ فَطِيرٍ، وَأَقْرَاصَ فَطِيرٍ مَلْتُوتَةً بِزَيْتٍ، وَرُقَاقَ فَطِيرٍ مَدْهُونَةً بِزَيْتٍ. مِنْ دَقِيقِ حِنْطَةٍ تَصْنَعُهَا. ٢ 2
ဆီ​ပါ​သော​မုန့်၊ ဆီ​လူး​သော​မုန့်​ချပ်​တို့​ကို လည်း​ယူ​လော့။ ထို​မုန့်​များ​ကို​တ​ဆေး​မ​ပါ သော​အ​ကောင်း​ဆုံး​ဂျုံ​မုန့်​ညက်​ဖြင့်​ပြု​လုပ် ရ​မည်။-
وَتَجْعَلُهَا فِي سَلَّةٍ وَاحِدَةٍ، وَتُقَدِّمُهَا فِي ٱلسَّلَّةِ مَعَ ٱلثَّوْرِ وَٱلْكَبْشَيْنِ. ٣ 3
ထို​မုန့်​များ​ကို​တောင်း​တစ်​လုံး​တွင်​ထည့် လော့။ နွား​နှင့်​သိုး​နှစ်​ကောင်​ကို​ယဇ်​ပူ​ဇော် သော​အ​ခါ၊ မုန့်​များ​ကို​ပါ​ငါ့​အား​ပူ​ဇော် လော့။
«وَتُقَدِّمُ هَارُونَ وَبَنِيهِ إِلَى بَابِ خَيْمَةِ ٱلِٱجْتِمَاعِ وَتَغْسِلُهُمْ بِمَاءٍ. ٤ 4
``အာ​ရုန်​နှင့်​သူ​၏​သား​များ​ကို ငါ​စံ​ရာ​တဲ တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင် သူ တို့​အား​ရေ​ချိုး​စေ​ရ​မည်။-
وَتَأْخُذُ ٱلثِّيَابَ وَتُلْبِسُ هَارُونَ ٱلْقَمِيصَ وَجُبَّةَ ٱلرِّدَاءِ وَٱلرِّدَاءَ وَٱلصُّدْرَةَ، وَتَشُدُّهُ بِزُنَّارِ ٱلرِّدَاءِ، ٥ 5
ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ များ​ဖြစ်​သော​အင်္ကျီ၊ ဝတ်​ရုံ၊ သင်​တိုင်း​နှင့် ရင်​ဖုံး​တို့​ကို​အာ​ရုန်​အား​ဝတ်​ဆင်​ပေး​၍ ရင်​စည်း​ကို​ပေး​ရ​မည်။-
وَتَضَعُ ٱلْعِمَامَةَ عَلَى رَأْسِهِ، وَتَجْعَلُ ٱلْإِكْلِيلَ ٱلْمُقَدَّسَ عَلَى ٱلْعِمَامَةِ، ٦ 6
ဦး​ခေါင်း​ပေါ်​တွင်​ခေါင်း​ပေါင်း​ကို​တင်​၍ `ထာ​ဝ​ရ ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟု​ကမ္ပည်း​ထွင်း ထား​သော​ရွှေ​ပြား​ကို​ခေါင်း​ပေါင်း​ပေါ်​တွင် ချည်​ရ​မည်။-
وَتَأْخُذُ دُهْنَ ٱلْمَسْحَةِ وَتَسْكُبُهُ عَلَى رَأْسِهِ وَتَمْسَحُهُ. ٧ 7
ထို​နောက်​သူ​၏​ဦး​ခေါင်း​ပေါ်​မှာ​ဘိ​သိက်​ဆီ လောင်း​လျက်​ဘိ​သိက်​ပေး​ရ​မည်။
وَتُقَدِّمُ بَنِيهِ وَتُلْبِسُهُمْ أَقْمِصَةً. ٨ 8
``သူ​၏​သား​များ​ကို​လည်း​ခေါ်​ပြီး​လျှင် အင်္ကျီ​များ​ကို​ဝတ်​ပေး​လော့။-
وَتُنَطِّقُهُمْ بِمَنَاطِقَ، هَارُونَ وَبَنِيهِ، وَتَشُدُّ لَهُمْ قَلَانِسَ. فَيَكُونُ لَهُمْ كَهَنُوتٌ فَرِيضَةً أَبَدِيَّةً. وَتَمْلَأُ يَدَ هَارُونَ وَأَيْدِيَ بَنِيهِ. ٩ 9
ခါး​ပန်း​ကို​စည်း​ပေး​လော့။ ဦး​ထုပ်​ရှည်​များ ကို​ဆောင်း​ပေး​လော့။ သင်​သည်​ဤ​သို့​လျှင် အာ​ရုန်​နှင့်​သူ​၏​သား​များ​တို့​ကို​ဘိ​သိက် ပေး​ရ​မည်။ သူ​တို့​နှင့်​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့် ငါ​၏​အ​မှု​တော်​ကို​အ​စဉ်​ထာ​ဝ​ရ ဆောင်​ရွက်​ရ​မည်။
«وَتُقَدِّمُ ٱلثَّوْرَ إِلَى قُدَّامِ خَيْمَةِ ٱلِٱجْتِمَاعِ، فَيَضَعُ هَارُونُ وَبَنُوهُ أَيْدِيَهُمْ عَلَى رَأْسِ ٱلثَّوْرِ. ١٠ 10
၁၀``ထို​နောက်​နွား​ထီး​ကို​ငါ​စံ​ရာ​တဲ​တော်​အ​ရှေ့ သို့​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အား နွား​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​စေ​ရ​မည်။-
فَتَذْبَحُ ٱلثَّوْرَ أَمَامَ ٱلرَّبِّ عِنْدَ بَابِ خَيْمَةِ ٱلِٱجْتِمَاعِ. ١١ 11
၁၁ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ၊ ငါ​၏​ရှေ့​တော်​တွင် နွား​ကို​သတ်​ရ​မည်။-
وَتَأْخُذُ مِنْ دَمِ ٱلثَّوْرِ وَتَجْعَلُهُ عَلَى قُرُونِ ٱلْمَذْبَحِ بِإِصْبِعِكَ، وَسَائِرَ ٱلدَّمِ تَصُبُّهُ إِلَى أَسْفَلِ ٱلْمَذْبَحِ. ١٢ 12
၁၂ဦး​ချို​သဏ္ဌာန်​ရှိ​သော​ပလ္လင်​၏​အ​ချွန်​အ​တက် များ​တွင် နွား​သွေး​အ​နည်း​ငယ်​ကို၊ သင်​၏ လက်​ချောင်း​ဖြင့်​သုတ်​ရ​မည်။ ကျန်​ရှိ​နေ​သော နွား​သွေး​အား​လုံး​ကို၊ ပလ္လင်​၏​ခြေ​ရင်း​တွင် လောင်း​ရ​မည်။-
وَتَأْخُذُ كُلَّ ٱلشَّحْمِ ٱلَّذِي يُغَشِّي ٱلْجَوْفَ، وَزِيَادَةَ ٱلْكَبِدِ وَٱلْكُلْيَتَيْنِ وَٱلشَّحْمَ ٱلَّذِي عَلَيْهِمَا، وَتُوقِدُهَا عَلَى ٱلْمَذْبَحِ. ١٣ 13
၁၃ထို​နောက်​နွား​ဝမ်း​တွင်း​သား​မှ​အ​ဆီ​ရှိ​သ​မျှ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​တ​ကွ အ​ဆီ​တို့​ကို၊ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။-
وَأَمَّا لَحْمُ ٱلثَّوْرِ وَجِلْدُهُ وَفَرْثُهُ فَتَحْرِقُهَا بِنَارٍ خَارِجَ ٱلْمَحَلَّةِ. هُوَ ذَبِيحَةُ خَطِيَّةٍ. ١٤ 14
၁၄နွား​၏​အ​သား၊ သား​ရေ​နှင့်​ဝမ်း​တွင်း​သား​တို့ ကို​မူ​ကား၊ စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ရ​မည်။ ထို ယဇ်​ပူ​ဇော်​ခြင်း​သည်​ယဇ်​ပု​ရော​ဟိတ်​များ​၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​၏။
«وَتَأْخُذُ ٱلْكَبْشَ ٱلْوَاحِدَ، فَيَضَعُ هَارُونُ وَبَنُوهُ أَيْدِيَهُمْ عَلَى رَأْسِ ٱلْكَبْشِ. ١٥ 15
၁၅``အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် သိုး​ထီး​တစ် ကောင်​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​ရ​မည်။-
فَتَذْبَحُ ٱلْكَبْشَ وَتَأْخُذُ دَمَهُ وَتَرُشُّهُ عَلَى ٱلْمَذْبَحِ مِنْ كُلِّ نَاحِيَةٍ. ١٦ 16
၁၆ထို​နောက်​သိုး​ကို​သတ်​၍​အ​သွေး​ကို ယဇ်​ပလ္လင် ၏​လေး​ဘက်​လေး​တန်​အ​ပေါ်​သို့​ပက်​ဖျန်း ရ​မည်။-
وَتَقْطَعُ ٱلْكَبْشَ إِلَى قِطَعِهِ، وَتَغْسِلُ جَوْفَهُ وَأَكَارِعَهُ وَتَجْعَلُهَا عَلَى قِطَعِهِ وَعَلَى رَأْسِهِ، ١٧ 17
၁၇သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ရ​မည်။ သိုး​၏​ဝမ်း​တွင်း သား​နှင့်​နောက်​ခြေ​ထောက်​တို့​ကို​ဆေး​ကြော​၍၊ ဦး​ခေါင်း​နှင့်​အ​ခြား​အ​သား​ပိုင်း​များ​ပေါ် တွင်​တင်​ပြီး​လျှင်၊-
وَتُوقِدُ كُلَّ ٱلْكَبْشِ عَلَى ٱلْمَذْبَحِ. هُوَ مُحْرَقَةٌ لِلرَّبِّ. رَائِحَةُ سَرُورٍ، وَقُودٌ هُوَ لِلرَّبِّ. ١٨ 18
၁၈သိုး​တစ်​ကောင်​လုံး​ကို​ယဇ်​ပလ္လင်​ထက်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။ ဤ​သို့​ပူ​ဇော်​ခြင်း​သည်​ထာ​ဝ​ရ ဘု​ရား​အား ဆက်​သ​သော​မီး​ရှို့​ပူ​ဇော်​သကာ ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ယဇ်​မှ​ရ​နံ့ ကို​နှစ်​သက်​တော်​မူ​၏။
«وَتَأْخُذُ ٱلْكَبْشَ ٱلثَّانِي، فَيَضَعُ هَارُونُ وَبَنُوهُ أَيْدِيَهُمْ عَلَى رَأْسِ ٱلْكَبْشِ. ١٩ 19
၁၉``ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဒု​တိ​ယ​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​စေ​ရ​မည်။ ထို​သိုး​သည်​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ခံ​ယူ​ရာ​၌​ပူ​ဇော်​သော​သိုး​ဖြစ်​၏။-
فَتَذْبَحُ ٱلْكَبْشَ وَتَأْخُذُ مِنْ دَمِهِ وَتَجْعَلُ عَلَى شَحْمَةِ أُذُنِ هَارُونَ، وَعَلَى شَحْمِ آذَانِ بَنِيهِ ٱلْيُمْنَى، وَعَلَى أَبَاهِمِ أَيْدِيهِمِ ٱلْيُمْنَى، وَعَلَى أَبَاهِمِ أَرْجُلِهِمِ ٱلْيُمْنَى. وَتَرُشُّ ٱلدَّمَ عَلَى ٱلْمَذْبَحِ مِنْ كُلِّ نَاحِيَةٍ. ٢٠ 20
၂၀သိုး​ကို​သတ်​၍​သွေး​အ​နည်း​ငယ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​၏​ယာ​ဘက်​နား​ပျဉ်း၊ ယာ ဘက်​လက်​မ​နှင့်​ယာ​ဘက်​ခြေ​မ​တို့​ကို​သုတ် ရ​မည်။ ကျန်​ရှိ​နေ​သော​သွေး​ကို​ယဇ်​ပလ္လင်​၏ လေး​ဘက်​လေး​တန်​အ​ပေါ်​သို့​ပက်​ဖျန်း​ရ မည်။-
وَتَأْخُذُ مِنَ ٱلدَّمِ ٱلَّذِي عَلَى ٱلْمَذْبَحِ وَمِنْ دُهْنِ ٱلْمَسْحَةِ، وَتَنْضِحُ عَلَى هَارُونَ وَثِيَابِهِ، وَعَلَى بَنِيهِ وَثِيَابِ بَنِيهِ مَعَهُ، فَيَتَقَدَّسُ هُوَ وَثِيَابُهُ وَبَنُوهُ وَثِيَابُ بَنِيهِ مَعَهُ. ٢١ 21
၂၁ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း​ငယ်​နှင့် ဘိ​သိက်​ဆီ​အ​နည်း​ငယ်​ကို​ယူ​၍၊ အာ​ရုန်​နှင့် သူ​၏​အဝတ်​အင်္ကျီ​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့​၏​အ​ဝတ်​အင်္ကျီ​တို့ အ​ပေါ်​၌​လည်း​ကောင်း​ဖျန်း​ရ​မည်။ ဤ​နည်း အား​ဖြင့်​အာ​ရုန်​နှင့်​သူ​၏​အ​ဝတ်​အင်္ကျီ​တို့ ကို​လည်း​ကောင်း၊ သူ​၏​သား​များ​နှင့်​သူ​တို့ ၏​အ​ဝတ်​အင်္ကျီ​များ​ကို​လည်း​ကောင်း​ငါ့ အား​ဆက်​ကပ်​ရ​မည်။
ثُمَّ تَأْخُذُ مِنَ ٱلْكَبْشِ: ٱلشَّحْمَ وَٱلْإِلْيَةَ وَٱلشَّحْمَ ٱلَّذِي يُغَشِّي ٱلْجَوْفَ، وَزِيَادَةَ ٱلْكَبِدِ وَٱلْكُلْيَتَيْنِ، وَٱلشَّحْمَ ٱلَّذِي عَلَيْهِمَا، وَٱلسَّاقَ ٱلْيُمْنَى. فَإِنَّهُ كَبْشُ مِلْءٍ. ٢٢ 22
၂၂``သိုး​၏​အ​ဆီ၊ အ​ဆီ​ရှိ​သော​အ​မြီး၊ ဝမ်း​တွင်း ဆီ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​ယင်း တို့​ကို​ဖုံး​သော​အ​ဆီ​နှင့်​ယာ​ဘက်​ပေါင်​တို့ ကို​ဖြတ်​ယူ​ရ​မည်။-
وَرَغِيفًا وَاحِدًا مِنَ ٱلْخُبْزِ، وَقُرْصًا وَاحِدًا مِنَ ٱلْخُبْزِ بِزَيْتٍ، وَرُقَاقَةً وَاحِدَةً مِنْ سَلَّةِ ٱلْفَطِيرِ ٱلَّتِي أَمَامَ ٱلرَّبِّ. ٢٣ 23
၂၃ငါ့​အား​ဆက်​သ​ထား​သော​မုန့်​ခြင်း​တောင်း ထဲ​မှ တ​ဆေး​မ​ပါ​သော​မုန့်​တစ်​လုံး၊ ဆီ​နှင့် လုပ်​သော​မုန့်​တစ်​လုံး၊ မုန့်​ပြား​တစ်​ချပ်​ကို ယူ​လော့။
وَتَضَعُ ٱلْجَمِيعَ فِي يَدَيْ هَارُونَ وَفِي أَيْدِي بَنِيهِ، وَتُرَدِّدُهَا تَرْدِيدًا أَمَامَ ٱلرَّبِّ. ٢٤ 24
၂၄``ထို​ပူ​ဇော်​သ​ကာ​အား​လုံး​တို့​ကို​အာ​ရုန်​နှင့် သူ​၏​သား​များ​လက်​ထဲ​သို့​ထည့်​၍ သူ​တို့​က အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ငါ့​အား​ဆက် သ​စေ​ရ​မည်။-
ثُمَّ تَأْخُذُهَا مِنْ أَيْدِيهِمْ وَتُوقِدُهَا عَلَى ٱلْمَذْبَحِ فَوْقَ ٱلْمُحْرَقَةِ رَائِحَةَ سَرُورٍ أَمَامَ ٱلرَّبِّ. وَقُودٌ هُوَ لِلرَّبِّ. ٢٥ 25
၂၅ထို​နောက်​သူ​တို့​၏​လက်​ထဲ​မှ​ပူ​ဇော်​သ​ကာ တို့​ကို​ယူ​၍ ပလ္လင်​ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​အ​ပေါ် တွင်​တင်​လျက်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ​သည်​ထို ယဇ်​မှ​ရ​နံ့​ကို​နှစ်​သက်​တော်​မူ​၏။
«ثُمَّ تَأْخُذُ ٱلْقَصَّ مِنْ كَبْشِ ٱلْمِلْءِ ٱلَّذِي لِهَارُونَ، وَتُرَدِّدُهُ تَرْدِيدًا أَمَامَ ٱلرَّبِّ، فَيَكُونُ لَكَ نَصِيبًا. ٢٦ 26
၂၆``ထို​သိုး​၏​ရင်​ပုံ​သား​ကို​ယူ​၍ အ​ထူး​ပူ ဇော်​သ​ကာ​အ​ဖြစ်​ငါ့​အား​ဆက်​သ​ရ​မည်။ ဤ​ရင်​ပုံ​သား​သည်​သင့်​အ​တွက်​ဖြစ်​သည်။
وَتُقَدِّسُ قَصَّ ٱلتَّرْدِيدِ وَسَاقَ ٱلرَّفِيعَةِ ٱلَّذِي رُدِّدَ وَٱلَّذِي رُفِعَ مِنْ كَبْشِ ٱلْمِلْءِ مِمَّا لِهَارُونَ وَلِبَنِيهِ، ٢٧ 27
၂၇``ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော် သော​သိုး​၏​ရင်​ပုံ​သား​နှင့်​ပေါင်​ကို​အ​ထူး ပူ​ဇော်​သကာ​အ​ဖြစ် ငါ့​အား​ဆက်​သ​သော အ​ခါ​ထို​အ​သား​ပိုင်း​တို့​သည် ယဇ်​ပု​ရော ဟိတ်​များ​၏​ဝေ​စု​ဖြစ်​စေ​ရ​မည်။-
فَيَكُونَانِ لِهَارُونَ وَبَنِيهِ فَرِيضَةً أَبَدِيَّةً مِنْ بَنِي إِسْرَائِيلَ لِأَنَّهُمَا رَفِيعَةٌ. وَيَكُونَانِ رَفِيعَةً مِنْ بَنِي إِسْرَائِيلَ مِنْ ذَبَائِحِ سَلَامَتِهِمْ، رَفِيعَتَهُمْ لِلرَّبِّ. ٢٨ 28
၂၈ငါ​၏​လူ​မျိုး​တော်​သည်​မိတ်​သ​ဟာ​ယ​ယဇ် ကို​ပူ​ဇော်​သော​အ​ခါ၊ ယဇ်​ကောင်​၏​ရင်​ပုံ​သား နှင့်​ပေါင်​ကို​ယဇ်​ပု​ရော​ဟိတ်​အား​ဝေ​ပုံ​စု အ​ဖြစ်​ပေး​ရ​မည်​ဟူ​သော​ပ​ညတ်​ကို​အ​မြဲ စောင့်​ရှောက်​လော့။ ဤ​ကား၊ လူ​တို့​က​ငါ​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၏။
«وَٱلثِّيَابُ ٱلْمُقَدَّسَةُ ٱلَّتِي لِهَارُونَ تَكُونُ لِبَنِيهِ بَعْدَهُ، لِيُمْسَحُوا فِيهَا، وَلِتُمْلَأَ فِيهَا أَيْدِيهِمْ. ٢٩ 29
၂၉``အာ​ရုန်​အ​နိစ္စ​ရောက်​သော​အ​ခါ၊ သူ​၏​သား တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခံ​ယူ​ရာ​၌ ဝတ်​ဆင်​နိုင်​စေ​ရန်၊ သူ​၏​ယဇ်​ပု​ရော​ဟိတ် ဝတ်​စုံ​ကို​ဆက်​ခံ​စေ​ရ​မည်။-
سَبْعَةَ أَيَّامٍ يَلْبَسُهَا ٱلْكَاهِنُ ٱلَّذِي هُوَ عِوَضٌ عَنْهُ مِنْ بَنِيهِ، ٱلَّذِي يَدْخُلُ خَيْمَةَ ٱلِٱجْتِمَاعِ لِيَخْدِمَ فِي ٱلْقُدْسِ. ٣٠ 30
၃၀ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​အာ​ရုန်​ကို​ဆက်​ခံ​၍ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင်​ရန်၊ ငါ​စံ​ရာ​တဲ​တော်​ထဲ​သို့​ဝင်​သော​သား​သည် အာ​ရုန်​၏​ဝတ်​စုံ​ကို​ခု​နစ်​ရက်​ပတ်​လုံး​ဝတ် ဆင်​ရ​မည်။
«وَأَمَّا كَبْشُ ٱلْمِلْءِ فَتَأْخُذُهُ وَتَطْبُخُ لَحْمَهُ فِي مَكَانٍ مُقَدَّسٍ. ٣١ 31
၃၁``အာ​ရုန်​နှင့်​သူ​၏​သား​များ​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ခံ​ယူ​ရာ​၌ ပူ​ဇော်​သော​သိုး​၏​အ​သား ကို၊ သီး​သန့်​ရာ​ဌာ​န​တွင်​ပြုတ်​ရ​မည်။-
فَيَأْكُلُ هَارُونُ وَبَنُوهُ لَحْمَ ٱلْكَبْشِ وَٱلْخُبْزَ ٱلَّذِي فِي ٱلسَّلَّةِ عِنْدَ بَابِ خَيْمَةِ ٱلِٱجْتِمَاعِ. ٣٢ 32
၃၂ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ​တွင်​အာ​ရုန်​နှင့်​သူ ၏​သား​တို့​သည်၊ ထို​အ​သား​နှင့်​တောင်း​ထဲ​တွင် ကျန်​သော​မုန့်​ကို​စား​ရ​ကြ​မည်။-
يَأْكُلُهَا ٱلَّذِينَ كُفِّرَ بِهَا عَنْهُمْ لِمِلْءِ أَيْدِيهِمْ لِتَقْدِيسِهِمْ. وَأَمَّا ٱلْأَجْنَبِيُّ فَلَا يَأْكُلُ لِأَنَّهَا مُقَدَّسَةٌ. ٣٣ 33
၃၃သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ​ရာ​၌ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သော​အ​စား အ​စာ​များ​ကို​စား​ရ​မည်။ ထို​အ​စား​အ​စာ တို့​သည်​သန့်​ရှင်း​သော​ကြောင့်​ယဇ်​ပု​ရော​ဟိတ် များ​က​သာ​စား​ရ​ကြ​မည်။-
وَإِنْ بَقِيَ شَيْءٌ مِنْ لَحْمِ ٱلْمِلْءِ أَوْ مِنَ ٱلْخُبْزِ إِلَى ٱلصَّبَاحِ، تُحْرِقُ ٱلْبَاقِيَ بِٱلنَّارِ. لَا يُؤْكَلُ لِأَنَّهُ مُقَدَّسٌ. ٣٤ 34
၃၄ထို​အ​သား​နှင့်​မုန့်​တို့​သည်​နံ​နက်​သို့​တိုင်​အောင် ကျန်​ကြွင်း​နေ​သေး​လျှင်​မီး​ရှို့​ပစ်​ရ​မည်။ ထို အ​စား​အ​စာ​တို့​သည်​သန့်​ရှင်း​သော​ကြောင့် မည်​သူ​မျှ​မ​စား​ရ။
وَتَصْنَعُ لِهَارُونَ وَبَنِيهِ هَكَذَا بِحَسَبِ كُلِّ مَا أَمَرْتُكَ. سَبْعَةَ أَيَّامٍ تَمْلَأُ أَيْدِيَهُمْ. ٣٥ 35
၃၅``ငါ​မိန့်​မှာ​သည့်​အ​တိုင်း​အာ​ရုန်​နှင့်​သူ​၏ သား​တို့​အား ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ခံ​ယူ စေ​သည့်​မင်္ဂ​လာ​ကို​ခု​နစ်​ရက်​ပတ်​လုံး​ကျင်း​ပ ရ​မည်။-
وَتُقَدِّمُ ثَوْرَ خَطِيَّةٍ كُلَّ يَوْمٍ لِأَجْلِ ٱلْكَفَّارَةِ. وَتُطَهِّرُ ٱلْمَذْبَحَ بِتَكْفِيرِكَ عَلَيْهِ، وَتَمْسَحُهُ لِتَقْدِيسِهِ. ٣٦ 36
၃၆အ​ပြစ်​ပြေ​စေ​ရန်​နွား​ထီး​တစ်​ကောင်​ကို​နေ့ တိုင်း​ယဇ်​ပူ​ဇော်​ရ​မည်။ ဤ​သို့​အား​ဖြင့်​ယဇ် ပလ္လင်​ကို​သန့်​ရှင်း​စေ​မည်။ ထို​နောက်​ယဇ်​ပလ္လင် ကို​သံ​လွင်​ဆီ​လောင်း​၍​ဆက်​ကပ်​ရ​မည်။-
سَبْعَةَ أَيَّامٍ تُكَفِّرُ عَلَى ٱلْمَذْبَحِ وَتُقَدِّسُهُ، فَيَكُونُ ٱلْمَذْبَحُ قُدْسَ أَقْدَاسٍ. كُلُّ مَا مَسَّ ٱلْمَذْبَحَ يَكُونُ مُقَدَّسًا. ٣٧ 37
၃၇ခု​နစ်​ရက်​တိုင်​အောင်​နေ့​စဉ်​ဤ​သို့​ပြု​လုပ်​ရ မည်။ ထို​အ​ခါ​ယဇ်​ပလ္လင်​သည်​အ​လွန်​သန့်​ရှင်း သ​ဖြင့်၊ ပလ္လင်​နှင့်​ထိ​မိ​သော​အ​ရာ​နှင့်​လူ​မှန် သ​မျှ​တို့​သည်​ဘေး​သင့်​လိမ့်​မည်။
«وَهَذَا مَا تُقَدِّمُهُ عَلَى ٱلْمَذْبَحِ: خَرُوفَانِ حَوْلِيَّانِ كُلَّ يَوْمٍ دَائِمًا. ٣٨ 38
၃၈``ယဇ်​ပလ္လင်​ပေါ်​တွင်​နေ့​စဉ်​မ​ပြတ်​တစ်​နှစ် သား​သိုး​က​လေး​နှစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
ٱلْخَرُوفُ ٱلْوَاحِدُ تُقَدِّمُهُ صَبَاحًا، وَٱلْخَرُوفُ ٱلثَّانِي تُقَدِّمُهُ فِي ٱلْعَشِيَّةِ. ٣٩ 39
၃၉နံ​နက်​တွင်​တစ်​ကောင်၊ ည​နေ​တွင်​တစ်​ကောင် ပူ​ဇော်​ရ​မည်။-
وَعُشْرٌ مِنْ دَقِيقٍ مَلْتُوتٍ بِرُبْعِ ٱلْهِينِ مِنْ زَيْتِ ٱلرَّضِّ، وَسَكِيبٌ رُبْعُ ٱلْهِينِ مِنَ ٱلْخَمْرِ لِلْخَرُوفِ ٱلْوَاحِدِ. ٤٠ 40
၄၀ပ​ထ​မ​သိုး​နှင့်​အ​တူ​ဂျုံ​မုန့်​ညက်​နှစ်​ပေါင်​နှင့် သံ​လွင်​ဆီ​တစ်​ကွတ်​ရော​သော​ပူ​ဇော်​သ​ကာ ကို​လည်း​ပူ​ဇော်​ရ​မည်။ စ​ပျစ်​ရည်​တစ်​ကွတ် ကို​လည်း​ပူ​ဇော်​သ​ကာ​အ​ဖြစ်​လောင်း​ချ ရ​မည်။-
وَٱلْخَرُوفُ ٱلثَّانِي تُقَدِّمُهُ فِي ٱلْعَشِيَّةِ. مِثْلَ تَقْدِمَةِ ٱلصَّبَاحِ وَسَكِيبِهِ تَصْنَعُ لَهُ. رَائِحَةُ سَرُورٍ، وَقُودٌ لِلرَّبِّ. ٤١ 41
၄၁ည​နေ​တွင်​ဒု​တိ​ယ​သိုး​ကို​ပူ​ဇော်​လော့။ နံ နက်​တွင်​ပူ​ဇော်​သော​မုန့်​ညက်၊ သံ​လွင်​ဆီ၊ စ​ပျစ် ရည်​အ​ခြင်​အ​တွယ်​အ​တိုင်း၊ ည​နေ​၌​လည်း ပူ​ဇော်​လော့။ ဤ​သည်​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​မွှေး​ကြိုင်​သည့်​ပူ​ဇော် သ​ကာ​ဖြစ်​၏။-
مُحْرَقَةٌ دَائِمَةٌ فِي أَجْيَالِكُمْ عِنْدَ بَابِ خَيْمَةِ ٱلِٱجْتِمَاعِ أَمَامَ ٱلرَّبِّ، حَيْثُ أَجْتَمِعُ بِكُمْ لِأُكَلِّمَكَ هُنَاكَ. ٤٢ 42
၄၂ငါ​စံ​ရာ​တဲ​တော်​တံ​ခါး​ဝ​၌​ဤ​မီး​ရှို့​ရာ ယဇ်​ကို၊ ငါ​၏​ရှေ့​တော်​တွင်​သား​စဉ်​မြေး​ဆက် ပူ​ဇော်​ရ​မည်။ ထို​နေ​ရာ​တွင်​ငါ​သည်​ငါ​၏ လူ​မျိုး​တော်​နှင့်​တွေ့​ဆုံ​စ​ကား​ပြော​မည်။-
وَأَجْتَمِعُ هُنَاكَ بِبَنِي إِسْرَائِيلَ فَيُقَدَّسُ بِمَجْدِي. ٤٣ 43
၄၃ထို​နေ​ရာ​တွင်​ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​နှင့်​တွေ့​ဆုံ​၍၊ ငါ​၏​တောက်​ပ​သော ဘုန်း​အ​သ​ရေ​တော်​ဖြင့် ထို​အ​ရပ်​ကို​သန့်​ရှင်း ရာ​အ​ရပ်​ဖြစ်​စေ​မည်။-
وَأُقَدِّسُ خَيْمَةَ الِٱجْتِمَاعِ وَٱلْمَذْبَحَ، وَهَارُونُ وَبَنُوهُ أُقَدِّسُهُمْ لِكَيْ يَكْهَنُوا لِي. ٤٤ 44
၄၄ငါ​သည်​ငါ​စံ​ရာ​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​တို့​ကို သန့်​ရှင်း​စေ​၍၊ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ် ငါ ၏​အ​မှု​တော်​ကို​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏ သား​တို့​ကို​သီး​သန့်​ရွေး​ချယ်​ခန့်​ထား​မည်။-
وَأَسْكُنُ فِي وَسَطِ بَنِي إِسْرَائِيلَ وَأَكُونُ لَهُمْ إِلَهًا، ٤٥ 45
၄၅ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​၍၊ သူ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​မည်။-
فَيَعْلَمُونَ أَنِّي أَنَا ٱلرَّبُّ إِلَهُهُمُ ٱلَّذِي أَخْرَجَهُمْ مِنْ أَرْضِ مِصْرَ لِأَسْكُنَ فِي وَسْطِهِمْ. أَنَا ٱلرَّبُّ إِلَهُهُمْ. ٤٦ 46
၄၆ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သော​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​မည်​ဖြစ်​၍၊ ငါ သည်​သူ​တို့​နှင့်​နေ​မည်။ ငါ​သည်​သူ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

< اَلْخُرُوجُ 29 >