< اَلْخُرُوجُ 28 >

«وَقَرِّبْ إِلَيْكَ هَارُونَ أَخَاكَ وَبَنِيهِ مَعَهُ مِنْ بَيْنِ بَنِي إِسْرَائِيلَ لِيَكْهَنَ لِي. هَارُونَ نَادَابَ وَأَبِيهُوَ أَلِعَازَارَ وَإِيثَامَارَ بَنِي هَارُونَ. ١ 1
``သင်​၏​အစ်​ကို​အာ​ရုန်​နှင့် သူ​၏​သား​များ​ဖြစ် သော​နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣသ​မာ​တို့ အ​ထဲ​က​ရွေး​ထုတ်​လော့။-
وَٱصْنَعْ ثِيَابًا مُقَدَّسَةً لِهَارُونَ أَخِيكَ لِلْمَجْدِ وَٱلْبَهَاءِ. ٢ 2
သင့်​အစ်​ကို​အာ​ရုန်​အ​တွက်​ခန့်​ညား​ထည်​ဝါ သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချုပ်​လုပ်​ပေး ရ​မည်။-
وَتُكَلِّمُ جَمِيعَ حُكَمَاءِ ٱلْقُلُوبِ ٱلَّذِينَ مَلَأْتُهُمْ رُوحَ حِكْمَةٍ، أَنْ يَصْنَعُوا ثِيَابَ هَارُونَ لِتَقْدِيسِهِ لِيَكْهَنَ لِي. ٣ 3
အာ​ရုန်​သည်​ငါ့​ထံ​၌​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဆက်​ကပ်​၍ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​စေ​ရန်၊ ငါ​ကျွမ်း​ကျင်​မှု​ပ​ညာ​ပေး​ထား​သူ​တို့​ကို​ဆင့် ခေါ်​၍​သူ့​အ​တွက်​ဝတ်​စုံ​ကို​ချုပ်​စေ​ရ​မည်။-
وَهَذِهِ هِيَ ٱلثِّيَابُ ٱلَّتِي يَصْنَعُونَهَا: صُدْرَةٌ وَرِدَاءٌ وَجُبَّةٌ وَقَمِيصٌ مُخَرَّمٌ وَعِمَامَةٌ وَمِنْطَقَةٌ. فَيَصْنَعُونَ ثِيَابًا مُقَدَّسَةً لِهَارُونَ أَخِيكَ وَلِبَنِيهِ لِيَكْهَنَ لِي. ٤ 4
ထို​သူ​တို့​ချုပ်​လုပ်​ရ​မည့်​အ​ထည်​ဝတ်​စုံ​တို့ သည်​ကား ရင်​ဖုံး၊ သင်​တိုင်း၊ ဝတ်​ရုံ၊ ပန်း​ဖောက်​ထား သော​အင်္ကျီ၊ ခေါင်း​ပေါင်း၊ ခါး​ပန်း​တို့​ဖြစ်​သည်။ ထို အ​ဝတ်​တန်​ဆာ​တို့​သည်​သင်​၏​အစ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​သည်၊ ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ် ငါ​၏​အ​မှု​ကို​ထမ်း​ဆောင်​ရာ​၌​ဝတ် ဆင်​ရ​မည့်​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သည်။-
وَهُمْ يَأْخُذُونَ ٱلذَّهَبَ وَٱلْأَسْمَانْجُونِيَّ وَٱلْأُرْجُوَانَ وَٱلْقِرْمِزَ وَٱلْبُوصَ. ٥ 5
အ​တတ်​ပ​ညာ​ရှင်​တို့​သည်​ချုပ်​လုပ်​ရာ​၌ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ရွှေ​ချည်၊ ပိတ်​ချော၊ တို့​ကို​အ​သုံး​ပြု​ရ​မည်။
«فَيَصْنَعُونَ ٱلرِّدَاءَ مِنْ ذَهَبٍ وَأَسْمَانْجُونِيٍّ وَأُرْجُوَانٍ وَقِرْمِزٍ وَبُوصٍ مَبْرُومٍ صَنْعَةَ حَائِكٍ حَاذِقٍ. ٦ 6
``သင်​တိုင်း​ကို​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး၊ ရွှေ​ချည်၊ ပိတ်​ချော​တို့​နှင့်​ချုပ် ၍​ပန်း​ဖော်​ထား​ရ​မည်။-
يَكُونُ لَهُ كَتِفَانِ مَوْصُولَانِ فِي طَرَفَيْهِ لِيَتَّصِلَ. ٧ 7
သင်​တိုင်း​နှစ်​စွန်း​ကို​ဆက်​စပ်​ရန်​ပ​ခုံး​သိုင်း ကြိုး​နှစ်​ပင်​ရှိ​ရ​မည်။-
وَزُنَّارُ شَدِّهِ ٱلَّذِي عَلَيْهِ يَكُونُ مِنْهُ كَصَنْعَتِهِ. مِنْ ذَهَبٍ وَأَسْمَانْجُونِيٍّ وَقِرْمِزٍ وَبُوصٍ مَبْرُومٍ. ٨ 8
ရင်​စည်း​ကို​လည်း​အ​လား​တူ​ပစ္စည်း​တို့​ဖြင့်​ချုပ် လုပ်​၍ သင်​တိုင်း​နှင့်​တစ်​ဆက်​တည်း​ဖြစ်​စေ​ရ​မည်။-
وَتَأْخُذُ حَجَرَيْ جَزْعٍ وَتُنَقِّشُ عَلَيْهِمَا أَسْمَاءَ بَنِي إِسْرَائِيلَ. ٩ 9
မ​ဟူ​ရာ​ကျောက်​နှစ်​လုံး​ကို​ယူ​၍၊ ၎င်း​တို့​အ​ပေါ် တွင် ယာ​ကုပ်​၏​သား​တစ်​ဆယ့်​နှစ်​ယောက်​တို့​၏ နာ​မည်​များ​ကို​ထွင်း​ရ​မည်။-
سِتَّةً مِنْ أَسْمَائِهِمْ عَلَى ٱلْحَجَرِ ٱلْوَاحِدِ، وَأَسْمَاءَ ٱلسِّتَّةِ ٱلْبَاقِينَ عَلَى ٱلْحَجَرِ ٱلثَّانِي حَسَبَ مَوَالِيدِهِمْ. ١٠ 10
၁၀တစ်​လုံး​ပေါ်​တွင်​သား​ခြောက်​ယောက်​၏​နာ​မည် များ​ကို​ကြီး​စဉ်​ငယ်​လိုက်​ထွင်း​၍၊ အ​ခြား ကျောက်​တစ်​လုံး​ပေါ်​တွင် ကျန်​သော​သား​ခြောက် ယောက်​၏​နာ​မည်​ကို​ထွင်း​ရ​မည်။-
صَنْعَةَ نَقَّاشِ ٱلْحِجَارَةِ نَقْشَ ٱلْخَاتِمِ تُنَقِّشُ ٱلْحَجَرَيْنِ عَلَى حَسَبِ أَسْمَاءِ بَنِي إِسْرَائِيلَ. مُحَاطَيْنِ بِطَوْقَيْنِ مِنْ ذَهَبٍ تَصْنَعُهُمَا. ١١ 11
၁၁ပန်း​ထိမ်​ပ​ညာ​သည်​၏​လက်​စွမ်း​ဖြင့်​ကျောက်​နှစ် လုံး​ပေါ်​တွင် ယာ​ကုပ်​သား​တို့​၏​နာ​မည်​များ​ကို ထွင်း​၍၊ ထို​ကျောက်​များ​ကို​ရွှေ​ပန်း​ထည်​၌​ထည့် ထား​ရ​မည်။-
وَتَضَعُ ٱلْحَجَرَيْنِ عَلَى كَتِفَيِ ٱلرِّدَاءِ حَجَرَيْ تَذْكَارٍ لِبَنِي إِسْرَائِيلَ. فَيَحْمِلُ هَارُونُ أَسْمَاءَهُمْ أَمَامَ ٱلرَّبِّ عَلَى كَتِفَيْهِ لِلتَّذْكَارِ. ١٢ 12
၁၂ဣသ​ရေလ​တစ်​ဆယ့်​နှစ်​မျိုး​တို့​ကို​သ​တိ​ရ စေ​ရန် ထို​ကျောက်​နှစ်​လုံး​ကို​သင်​တိုင်း​၏​ပ​ခုံး သိုင်း​ကြိုး​များ​ပေါ်​မှာ​တပ်​ဆင်​ရ​မည်။ ထို​နည်း အား​ဖြင့်​အာ​ရုန်​သည်​သူ​တို့​၏​နာ​မည်​များ ကို​ပ​ခုံး​ပေါ်​တွင်​ဆောင်​ထား​သ​ဖြင့် ငါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​မျိုး​တော် ကို​အ​စဉ်​သ​တိ​ရ​တော်​မူ​လိမ့်​မည်။-
وَتَصْنَعُ طَوْقَيْنِ مِنْ ذَهَبٍ، ١٣ 13
၁၃ရွှေ​ပန်း​ထည်​နှစ်​ခု​ကို​ပြု​လုပ်​၍၊-
وَسِلْسِلَتَيْنِ مِنْ ذَهَبٍ نَقِيٍّ. مَجْدُولَتَيْنِ تَصْنَعُهُمَا صَنْعَةَ ٱلضَّفْرِ، وَتَجْعَلُ سِلْسِلَتَيِ ٱلضَّفَائِرِ فِي ٱلطَّوْقَيْنِ. ١٤ 14
၁၄ရွှေ​ကြိုး​လိမ်​နှစ်​ပင်​ကို​ပန်း​ထည်​များ​တွင် တပ်​ထား​ရ​မည်။
«وَتَصْنَعُ صُدْرَةَ قَضَاءٍ. صَنْعَةَ حَائِكٍ حَاذِقٍ كَصَنْعَةِ ٱلرِّدَاءِ تَصْنَعُهَا. مِنْ ذَهَبٍ وَأَسْمَانْجُونِيٍّ وَأُرْجُوَانٍ وَقِرْمِزٍ وَبُوصٍ مَبْرُومٍ تَصْنَعُهَا. ١٥ 15
၁၅``ဘု​ရား​သ​ခင်​၏​အ​လို​တော်​မည်​သို့​ရှိ​သည် ကို​သိ​နိုင်​ရန် အ​သုံး​ပြု​သည့်​ရင်​ဖုံး​ကို​ယဇ် ပု​ရော​ဟိတ်​မင်း​အ​တွက်​ချုပ်​လုပ်​လော့။ ရင်​ဖုံး ကို​သင်​တိုင်း​ချုပ်​သည့်​ပစ္စည်း​များ​နှင့်​ချုပ်​လုပ် ၍​အ​လား​တူ​ပန်း​ဖော်​ထား​ရ​မည်။-
تَكُونُ مُرَبَّعَةً مَثْنِيَّةً، طُولُهَا شِبْرٌ وَعَرْضُهَا شِبْرٌ. ١٦ 16
၁၆ရင်​ဖုံး​သည်​နှစ်​ထပ်​ခေါက်​လျက်​အ​လျား​အ​နံ ကိုး​လက်​မ​စီ​စ​တု​ရန်း​ဖြစ်​ရ​မည်။-
وَتُرَصِّعُ فِيهَا تَرْصِيعَ حَجَرٍ أَرْبَعَةَ صُفُوفِ حِجَارَةٍ. صَفُّ: عَقِيقٍ أَحْمَرَ وَيَاقُوتٍ أَصْفَرَ وَزُمُرُّدٍ، ٱلصَّفُّ ٱلْأَوَّلُ. ١٧ 17
၁၇ရင်​ဖုံး​ပေါ်​တွင်​ကျောက်​မျက်​လေး​တန်း​တပ် ဆင်​ထား​ရ​မည်။ ပ​ထ​မ​အ​တန်း​တွင်​ပတ္တ​မြား၊ ဥ​ဿ​ဖ​ယား၊ ကျောက်​နီ၊-
وَٱلصَّفُّ ٱلثَّانِي: بَهْرَمَانٌ وَيَاقُوتٌ أَزْرَقُ وَعَقِيقٌ أَبْيَضُ. ١٨ 18
၁၈ဒု​တိ​ယ​အ​တန်း​တွင် မြ၊ နီ​လာ၊ စိန်၊-
وَٱلصَّفُّ ٱلثَّالِثُ: عَيْنُ ٱلْهِرِّ وَيَشْمٌ وَجَمَشْتٌ. ١٩ 19
၁၉တ​တိ​ယ​အ​တန်း​တွင်​ကျောက်​စိမ်း၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်၊-
وَٱلصَّفُّ ٱلرَّابِعُ: زَبَرْجَدٌ وَجَزْعٌ وَيَشْبٌ. تَكُونُ مُطَوَّقَةً بِذَهَبٍ فِي تَرْصِيعِهَا. ٢٠ 20
၂၀စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​တို့ ကို​ရွှေ​ပန်း​ထည်​များ​၌​ထည့်​သွင်း​ထား​ရ​မည်။-
وَتَكُونُ ٱلْحِجَارَةُ عَلَى أَسْمَاءِ بَنِي إِسْرَائِيلَ، ٱثْنَيْ عَشَرَ عَلَى أَسْمَائِهِمْ. كَنَقْشِ ٱلْخَاتِمِ كُلُّ وَاحِدٍ عَلَى ٱسْمِهِ تَكُونُ لِلِٱثْنَيْ عَشَرَ سِبْطًا. ٢١ 21
၂၁ဣ​သ​ရေ​လ​တစ်​ဆယ်​နှစ်​မျိုး​ကို​ရည်​ဆောင်​၍ ကျောက်​မျက်​တစ်​ဆယ်​နှစ်​လုံး​တွင်​တစ်​လုံး​စီ ၌ ယာ​ကုပ်​၏​သား​တစ်​ယောက်​စီ​၏​နာ​မည်​ကို ထွင်း​ထား​ရ​မည်။-
«وَتَصْنَعُ عَلَى ٱلصُّدْرَةِ سَلَاسِلَ مَجْدُولَةً صَنْعَةَ ٱلضَّفْرِ مِنْ ذَهَبٍ نَقِيٍّ. ٢٢ 22
၂၂ရင်​ဖုံး​အ​တွက်​ရွှေ​ကြိုး​လိမ်​များ​ကို​ပြု​လုပ်​လော့။-
وَتَصْنَعُ عَلَى ٱلصُّدْرَةِ حَلْقَتَيْنِ مِنْ ذَهَبٍ، وَتَجْعَلُ ٱلْحَلْقَتَيْنِ عَلَى طَرَفَيِ ٱلصُّدْرَةِ. ٢٣ 23
၂၃ရင်​ဖုံး​အ​ထက်​ထောင့်​စွန်း​များ​တွင်​ချိတ်​တပ် ဆင်​ရန် ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​ရ​မည်။-
وَتَجْعَلُ ضَفِيرَتَيِ ٱلذَّهَبِ فِي ٱلْحَلْقَتَيْنِ عَلَى طَرَفَيِ ٱلصُّدْرَةِ. ٢٤ 24
၂၄ရွှေ​ကြိုး​အ​စ​နှစ်​စ​ကို​ကွင်း​နှစ်​ကွင်း​တွင်​တပ် ထား​ရ​မည်။-
وَتَجْعَلُ طَرَفَيِ ٱلضَّفِيرَتَيْنِ ٱلْآخَرَيْنِ فِي ٱلطَّوْقَيْنِ، وَتَجْعَلُهُمَا عَلَى كَتِفَيِ ٱلرِّدَاءِ إِلَى قُدَّامِهِ. ٢٥ 25
၂၅အ​ခြား​ရွှေ​ကြိုး​နှစ်​စ​ကို​ရွှေ​ပန်း​ထည်​နှစ်​ခု​တွင် တပ်​ဆင်​သ​ဖြင့် ရင်​ဖုံး​ကို​သင်​တိုင်း​ပ​ခုံး​သိုင်း ကြိုး​များ​နှင့်​ဆက်​လျက်​ရှိ​စေ​မည်။-
وَتَصْنَعُ حَلْقَتَيْنِ مِنْ ذَهَبٍ وَتَضَعُهُمَا عَلَى طَرَفَيِ ٱلصُّدْرَةِ عَلَى حَاشِيَتِهَا ٱلَّتِي إِلَى جِهَةِ ٱلرِّدَاءِ مِنْ دَاخِلٍ. ٢٦ 26
၂၆ထို​နောက်​ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ပြု​လုပ်​၍ သင် တိုင်း​နှင့်​ကပ်​လျက်​ရှိ​သော​ရင်​ဖုံး​အောက်​ထောင့် အ​တွင်း​နား​တွင်​တပ်​ဆင်​ထား​ရ​မည်။-
وَتَصْنَعُ حَلْقَتَيْنِ مِنْ ذَهَبٍ، وَتَجْعَلُهُمَا عَلَى كَتِفَيِ ٱلرِّدَاءِ مِنْ أَسْفَلُ مِنْ قُدَّامِهِ عِنْدَ وَصْلِهِ مِنْ فَوْقِ زُنَّارِ ٱلرِّدَاءِ. ٢٧ 27
၂၇ရွှေ​ကွင်း​နှစ်​ကွင်း​ကို​ထပ်​မံ​ပြု​လုပ်​၍၊ လှ​ပ​စွာ ရက်​ထား​သော​ရင်​စည်း​အ​ထက်၊ သင်​တိုင်း​အ​ရှေ့ အ​နား​ပတ်​အ​နီး​တွင်​တပ်​ဆင်​ထား​ရ​မည်။-
وَيَرْبُطُونَ ٱلصُّدْرَةَ بِحَلْقَتَيْهَا إِلَى حَلْقَتَيِ ٱلرِّدَاءِ بِخَيْطٍ مِنْ أَسْمَانْجُونِيٍّ لِتَكُونَ عَلَى زُنَّارِ ٱلرِّدَاءِ، وَلَا تُنْزَعُ ٱلصُّدْرَةُ عَنِ ٱلرِّدَاءِ. ٢٨ 28
၂၈ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင်​တိုင်း​မှ​ကွင်း​များ နှင့်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​သ​ဖြင့်၊ ရင်​ဖုံး​သည် လျှော​မ​ကျ​ဘဲ​ရင်​စည်း​အ​ထက်​တွင်​တည်​မြဲ နေ​မည်။
فَيَحْمِلُ هَارُونُ أَسْمَاءَ بَنِي إِسْرَائِيلَ فِي صُدْرَةِ ٱلْقَضَاءِ عَلَى قَلْبِهِ عِنْدَ دُخُولِهِ إِلَى ٱلْقُدْسِ لِلتَّذْكَارِ أَمَامَ ٱلرَّبِّ دَائِمًا. ٢٩ 29
၂၉``အာ​ရုန်​သည်​သန့်​ရှင်း​ရာ​ဌာ​န​သို့​ဝင်​သော အ​ခါ ရင်​ဖုံး​ကို​ဝတ်​ဆင်​ရ​မည်။ ရင်​ဖုံး​ပေါ် တွင်​ဣ​သ​ရေ​လ​အ​မျိုး​များ​၏​နာ​မည်​များ ပါ​ရှိ​သ​ဖြင့်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ ၏​လူ​မျိုး​တော်​ကို​အ​စဉ်​သ​တိ​ရ​လိမ့်​မည်။-
وَتَجْعَلُ فِي صُدْرَةِ ٱلْقَضَاءِ ٱلْأُورِيمَ وَٱلتُّمِّيمَ لِتَكُونَ عَلَى قَلْبِ هَارُونَ عِنْدَ دُخُولِهِ أَمَامَ ٱلرَّبِّ. فَيَحْمِلُ هَارُونُ قَضَاءَ بَنِي إِسْرَائِيلَ عَلَى قَلْبِهِ أَمَامَ ٱلرَّبِّ دَائِمًا. ٣٠ 30
၃၀အာ​ရုန်​သည်​ငါ​၏​ရှေ့​တော်​သို့​ဝင်​သော​အ​ခါ ဥ​ရိမ်​နှင့်​သု​မိမ်​ ပါ​ဆောင်​လျက်​ဝင်​နိုင်​စေ​ရန်၊ သူ​၏​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ်​ကို​ထည့်​ထား​ရ​မည်။ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏​အ​လို​တော် မည်​သို့​ရှိ​သည်​ကို သိ​နိုင်​ရန်​အာ​ရုန်​သည်​ငါ ၏​ရှေ့​တော်​သို့​ဝင်​လာ​သော​အ​ခါ​တိုင်း​ဤ ရင်​ဖုံး​ကို​ဝတ်​ဆင်​ထား​ရ​မည်။
«وَتَصْنَعُ جُبَّةَ ٱلرِّدَاءِ كُلَّهَا مِنْ أَسْمَانْجُونِيٍّ، ٣١ 31
၃၁``သင်​တိုင်း​ပေါ်​တွင်​ဝတ်​ရ​သော​ဝတ်​ရုံ​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ချုပ်​လုပ်​ရ​မည်။-
وَتَكُونُ فَتْحَةُ رَأْسِهَا فِي وَسَطِهَا، وَيَكُونُ لِفَتْحَتِهَا حَاشِيَةٌ حَوَالَيْهَا صَنْعَةَ ٱلْحَائِكِ. كَفَتْحَةِ ٱلدِّرْعِ يَكُونُ لَهَا. لَا تُشَقُّ. ٣٢ 32
၃၂ဦး​ခေါင်း​စွပ်​ရန်​လည်​ပေါက်​ရှိ​စေ​ရ​မည်။ ထို လည်​ပေါက်​မ​စုတ်​ပြဲ​စေ​ရန်​ပတ်​လည်​နား​ကို ရက်​ထည်​ဖြင့်​ကွပ်​ထား​ရ​မည်။-
وَتَصْنَعُ عَلَى أَذْيَالِهَا رُمَّانَاتٍ مِنْ أَسْمَانْجُونِيٍّ وَأُرْجُوانٍ وَقِرْمِزٍ، عَلَى أَذْيَالِهَا حَوَالَيْهَا، وَجَلَاجِلَ مِنْ ذَهَبٍ بَيْنَهَا حَوَالَيْهَا. ٣٣ 33
၃၃ဝတ်​ရုံ​အောက်​နား​ပတ်​လည်​တစ်​လျှောက်​တွင် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး သ​လဲ​သီး​လုံး​များ​နှင့်​ရွှေ​ဆည်း​လည်း​များ ကို​တစ်​လုံး​ကျော်​စီ​တပ်​ဆင်​ထား​ရ​မည်။-
جُلْجُلَ ذَهَبٍ وَرُمَّانَةً، جُلْجُلَ ذَهَبٍ وَرُمَّانَةً، عَلَى أَذْيَالِ ٱلْجُبَّةِ حَوَالَيْهَا. ٣٤ 34
၃၄
فَتَكُونُ عَلَى هَارُونَ لِلْخِدْمَةِ لِيُسْمَعَ صَوْتُهَا عِنْدَ دُخُولِهِ إِلَى ٱلْقُدْسِ أَمَامَ ٱلرَّبِّ، وَعِنْدَ خُرُوجِهِ، لِئَلَّا يَمُوتَ. ٣٥ 35
၃၅အာ​ရုန်​သည်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ရ​သည့်​အ​ခါ​၌ ဤ​ဝတ်​ရုံ​ကို​ဝတ် ဆင်​ရ​မည်။ သူ​သည်​သန့်​ရှင်း​ရာ​ဌာ​န​အ​တွင်း ငါ​၏​ရှေ့​တော်​သို့​ဝင်​သည့်​အ​ခါ​ဖြစ်​စေ၊ ထို နေ​ရာ​မှ​ထွက်​လာ​သည့်​အ​ခါ​၌​ဖြစ်​စေ ဆည်း​လည်း​သံ​များ​ကို​ကြား​ရ​မည်​ဖြစ် သ​ဖြင့်​သူ​သည်​သေ​ဘေး​မှ​လွတ်​လိမ့်​မည်။
«وَتَصْنَعُ صَفِيحَةً مِنْ ذَهَبٍ نَقِيٍّ، وَتُنَقِّشُ عَلَيْهَا نَقْشَ خَاتِمٍ: «قُدْسٌ لِلرَّبِّ». ٣٦ 36
၃၆``ရွှေ​ပြား​တစ်​ချပ်​ကို​ပြု​လုပ်​ပြီး​လျှင် `ထာ ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟူ​၍ ကမ္ပည်း​ထိုး​ထား​လော့။-
وَتَضَعُهَا عَلَى خَيْطٍ أَسْمَانْجُونِيٍّ لِتَكُونَ عَلَى ٱلْعِمَامَةِ. إِلَى قُدَّامِ ٱلْعِمَامَةِ تَكُونُ. ٣٧ 37
၃၇န​ဖူး​အ​ထက်​ခေါင်း​ပေါင်း​ပေါ်​တွင်​ထို​ရွှေ ပြား​ကို​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ရ​မည်။-
فَتَكُونُ عَلَى جِبْهَةِ هَارُونَ، فَيَحْمِلُ هَارُونُ إِثْمَ ٱلْأَقْدَاسِ ٱلَّتِي يُقَدِّسُهَا بَنُو إِسْرَائِيلَ، جَمِيعِ عَطَايَا أَقْدَاسِهِمْ. وَتَكُونُ عَلَى جِبْهَتِهِ دَائِمًا لِلرِّضَا عَنْهُمْ أَمَامَ ٱلرَّبِّ. ٣٨ 38
၃၈ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ရာ​၌​မှား ယွင်း​ချွတ်​ချော်​မှု​ရှိ​သော်​လည်း၊ ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​နိုင်​ရန်​အာ​ရုန်​သည်​ရွှေ ပြား​ကို​န​ဖူး​ပေါ်​တွင်​တပ်​ဆင်​ထား​ရ​မည်။
وَتُخَرِّمُ ٱلْقَمِيصَ مِنْ بُوصٍ، وَتَصْنَعُ ٱلْعِمَامَةَ مِنْ بُوصٍ، وَٱلْمِنْطَقَةُ تَصْنَعُهَا صَنْعَةَ ٱلطَّرَّازِ. ٣٩ 39
၃၉``အင်္ကျီ​နှင့်​ခေါင်း​ပေါင်း​ကို​ပိတ်​ချော​ဖြင့် ရက်​လုပ်​၍ ခါး​ပန်း​ကို​ပန်း​ထိုး​ထား​ရ​မည်။
«وَلِبَنِي هَارُونَ تَصْنَعُ أَقْمِصَةً، وَتَصْنَعُ لَهُمْ مَنَاطِقَ، وَتَصْنَعُ لَهُمْ قَلَانِسَ لِلْمَجْدِ وَٱلْبَهَاءِ. ٤٠ 40
၄၀``အာ​ရုန်​၏​သား​များ​ဝတ်​ဆင်​ရန်​ထည်​ဝါ​ခန့် ညား​သော​အင်္ကျီ၊ ခါး​ပန်း​နှင့်​ဦး​ထုပ်​ရှည်​များ ကို​ချုပ်​ပေး​ရ​မည်။-
وَتُلْبِسُ هَارُونَ أَخَاكَ إِيَّاهَا وَبَنِيهِ مَعَهُ، وَتَمْسَحُهُمْ، وَتَمْلَأُ أَيَادِيهِمْ، وَتُقَدِّسُهُمْ لِيَكْهَنُوا لِي. ٤١ 41
၄၁ထို​အ​ဝတ်​အင်္ကျီ​များ​ကို​သင်​၏​အစ်​ကို​အာ​ရုန် နှင့် သူ​၏​သား​တို့​အား​ဝတ်​ဆင်​ပေး​လော့။ ထို​နောက် သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင် ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သင်​သည်​သူ​တို့ အား​သံ​လွင်​ဆီ​ဖြင့်​ဘိ​သိက်​ပေး​လော့။-
وَتَصْنَعُ لَهُمْ سَرَاوِيلَ مِنْ كَتَّانٍ لِسَتْرِ ٱلْعَوْرَةِ. مِنَ ٱلْحَقَوَيْنِ إِلَى ٱلْفَخْذَيْنِ تَكُونُ. ٤٢ 42
၄၂သူ​တို့​၏​အ​ရှက်​လုံ​ရန်​ခါး​မှ​ပေါင်​အ​ထိ​ရှည် သော​အ​တွင်း​ခံ​ဘောင်း​ဘီ​တို​များ​ချုပ်​ပေး ရ​မည်။-
فَتَكُونُ عَلَى هَارُونَ وَبَنِيهِ عِنْدَ دُخُولِهِمْ إِلَى خَيْمَةِ ٱلِٱجْتِمَاعِ، أَوْ عِنْدَ ٱقْتِرَابِهِمْ إِلَى ٱلْمَذْبَحِ لِلْخِدْمَةِ فِي ٱلْقُدْسِ، لِئَلَّا يَحْمِلُوا إِثْمًا وَيَمُوتُوا. فَرِيضَةً أَبَدِيَّةً لَهُ وَلِنَسْلِهِ مِنْ بَعْدِهِ. ٤٣ 43
၄၃အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည်​ငါ​စံ​တော်​မူ ရာ​တဲ​တော်​ထဲ​သို့​ဝင်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ သန့်​ရှင်း​ရာ​ဌာ​န​၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရန်​ပလ္လင်​နား​သို့​ချဉ်း​ကပ်​သည့်​အ​ခါ​၌ ဖြစ်​စေ၊ အ​ရှက်​ပေါ်​၍​အ​သက်​မ​သေ​စေ​အံ့ ငှာ​ထို​ဘောင်း​ဘီ​တို​များ​ကို​ဝတ်​ဆင်​ရ​မည်။ ဤ​ပ​ညတ်​ကို​အာ​ရုန်​နှင့်​သူ​၏​အ​ဆက် အ​နွယ်​တို့​အ​မြဲ​စောင့်​ထိန်း​ရ​မည်။

< اَلْخُرُوجُ 28 >