< اَلْمُلُوكِ ٱلثَّانِي 8 >

وَكَلَّمَ أَلِيشَعُ ٱلْمَرْأَةَ ٱلَّتِي أَحْيَا ٱبْنَهَا قَائِلًا: «قُومِي وَٱنْطَلِقِي أَنْتِ وَبَيْتُكِ وَتَغَرَّبِي حَيْثُمَا تَتَغَرَّبِي، لِأَنَّ ٱلرَّبَّ قَدْ دَعَا بِجُوعٍ فَيَأْتِي أَيْضًا عَلَى ٱلْأَرْضِ سَبْعَ سِنِينٍ». ١ 1
တဖန်ဧလိရှဲသည် အထက်က အသက်ရှင်စေ သော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူ အိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍ နေနိုင်သော အရပ်တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။
فَقَامَتِ ٱلْمَرْأَةُ وَفَعَلَتْ حَسَبَ كَلَامِ رَجُلِ ٱللهِ، وَٱنْطَلَقَتْ هِيَ وَبَيْتُهَا وَتَغَرَّبَتْ فِي أَرْضِ ٱلْفِلِسْطِينِيِّينَ سَبْعَ سِنِينٍ. ٢ 2
ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နား ထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။
وَفِي نِهَايَةِ ٱلسِّنِينِ ٱلسَّبْعِ رَجَعَتِ ٱلْمَرْأَةُ مِنْ أَرْضِ ٱلْفِلِسْطِينِيِّينَ، وَخَرَجَتْ لِتَصْرُخَ إِلَى ٱلْمَلِكِ لِأَجْلِ بَيْتِهَا وَحَقْلِهَا. ٣ 3
ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှ ပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံမည့် အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။
وَكَلَّمَ ٱلْمَلِكُ جِيحْزِيَ غُلَامَ رَجُلِ ٱللهِ قَائِلًا: «قُصَّ عَلَيَّ جَمِيعَ ٱلْعَظَائِمِ ٱلَّتِي فَعَلَهَا أَلِيشَعُ». ٤ 4
ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ၏ ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဘွယ် သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊
وَفِيمَا هُوَ يَقُصُّ عَلَى ٱلْمَلِكِ كَيْفَ أَنَّهُ أَحْيَا ٱلْمَيْتَ، إِذَا بِٱلْمَرْأَةِ ٱلَّتِي أَحْيَا ٱبْنَهَا تَصْرُخُ إِلَى ٱلْمَلِكِ لِأَجْلِ بَيْتِهَا وَلِأَجْلِ حَقْلِهَا. فَقَالَ جِيحْزِي: «يَا سَيِّدِي ٱلْمَلِكَ، هَذِهِ هِيَ ٱلْمَرْأَةُ وَهَذَا هُوَ ٱبْنُهَا ٱلَّذِي أَحْيَاهُ أَلِيشَعُ». ٥ 5
ဧလိရှဲသည် သေသောသူ အသက်ရှင်စေ ကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက် ရှင်စေသောသူငယ်၏ အမိသည်ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသော မိန်းမ၊ ဤ သူငယ်ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါ သည်ဟု လျှောက်လျှင်၊
فَسَأَلَ ٱلْمَلِكُ ٱلْمَرْأَةَ فَقَصَّتْ عَلَيْهِ ذَلِكَ، فَأَعْطَاهَا ٱلْمَلِكُ خَصِيًّا قَائِلًا: «أَرْجِعْ كُلَّ مَا لَهَا وَجَمِيعَ غَلَاّتِ ٱلْحَقْلِ مِنْ حِينِ تَرَكَتِ ٱلْأَرْضَ إِلَى ٱلْآنَ». ٦ 6
ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်း သက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကို ၎င်း၊ ပြည်တော်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ ဖြစ်သမျှကို၎င်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှါ အရာရှိ၏တယောက်ကို ခန့်ထားတော်မူ၏။
وَجَاءَ أَلِيشَعُ إِلَى دِمَشْقَ. وَكَانَ بَنْهَدَدُ مَلِكُ أَرَامَ مَرِيضًا، فَأُخْبِرَ وَقِيلَ لَهُ: «قَدْ جَاءَ رَجُلُ ٱللهِ إِلَى هُنَا». ٧ 7
တဖန်ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရား သခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေ သော်။
فَقَالَ ٱلْمَلِكُ لِحَزَائِيلَ: «خُذْ بِيَدِكَ هَدِيَّةً وَٱذْهَبْ لِٱسْتِقْبَالِ رَجُلِ ٱللهِ، وَٱسْأَلِ ٱلرَّبَّ بِهِ قَائِلًا: هَلْ أَشْفَى مِنْ مَرَضِي هَذَا؟». ٨ 8
ဟာဇေလကို ခေါ်၍၊ သင်သည်လက်ဆောင်ကို ဆောင်လျက် ဘုရားသခင်၏ လူကိုခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည် အတိုင်း၊
فَذَهَبَ حَزَائِيلُ لِٱسْتِقْبَالِهِ وَأَخَذَ هَدِيَّةً بِيَدِهِ، وَمِنْ كُلِّ خَيْرَاتِ دِمَشْقَ حِمْلَ أَرْبَعِينَ جَمَلًا، وَجَاءَ وَوَقَفَ أَمَامَهُ وَقَالَ: «إِنَّ ٱبْنَكَ بَنْهَدَدَ مَلِكَ أَرَامَ قَدْ أَرْسَلَنِي إِلَيْكَ قَائِلًا: هَلْ أُشْفَى مِنْ مَرَضِي هَذَا؟» ٩ 9
ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ် မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကို ဆောင် သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှါသွား၍ ရှေ့တော်၌ ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို၏။
فَقَالَ لَهُ أَلِيشَعُ: «ٱذْهَبْ وَقُلْ لَهُ: شِفَاءً تُشْفَى. وَقَدْ أَرَانِي ٱلرَّبُّ أَنَّهُ يَمُوتُ مَوْتًا». ١٠ 10
၁၀ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော် သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော် လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊
فَجَعَلَ نَظَرَهُ عَلَيْهِ وَثَبَّتَهُ حَتَّى خَجِلَ، فَبَكَى رَجُلُ ٱللهِ. ١١ 11
၁၁စေ့စေ့ကြည့်ရှု၍ ဟာဇေလသည် မျက်နှာပျက် လေ၏။ ဘုရားသခင်၏ လူသည်လည်း မျက်ရည်ကျ၏။
فَقَالَ حَزَائِيلُ: «لِمَاذَا يَبْكِي سَيِّدِي؟» فَقَالَ: «لِأَنِّي عَلِمْتُ مَا سَتَفْعَلُهُ بِبَنِي إِسْرَائِيلَ مِنَ ٱلشَّرِّ، فَإِنَّكَ تُطْلِقُ ٱلنَّارَ فِي حُصُونِهِمْ، وَتَقْتُلُ شُبَّانَهُمْ بِٱلسَّيْفِ، وَتُحَطِّمُ أَطْفَالَهُمْ، وَتَشُقُّ حَوَامِلَهُمْ». ١٢ 12
၁၂ဟာဇေလကလည်း၊ သခင်သည် အဘယ် ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က၊ သင်သည် ဣသရေလအမျိုးသားတို့၌ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့၏ ရဲတိုက်များကို မီးရှို့ ခြင်း၊ လုလင်များကို ထားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမ များ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊
فَقَالَ حَزَائِيلُ: «وَمَنْ هُوَ عَبْدُكَ ٱلْكَلْبُ حَتَّى يَفْعَلَ هَذَا ٱلْأَمْرَ ٱلْعَظِيمَ؟» فَقَالَ أَلِيشَعُ: «قَدْ أَرَانِي ٱلرَّبُّ إِيَّاكَ مَلِكًا عَلَى أَرَامَ». ١٣ 13
၁၃ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက် နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည် လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အား ပြတော်မူပြီဟုဆို၏။
فَٱنْطَلَقَ مِنْ عِنْدِ أَلِيشَعَ وَدَخَلَ إِلَى سَيِّدِهِ فَقَالَ لَهُ: «مَاذَا قَالَ لَكَ أَلِيشَعُ؟» فَقَالَ: «قَالَ لِي إِنَّكَ تَحْيَا». ١٤ 14
၁၄ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ ရောက် သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း ဟု မေးလျှင်၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည်ဆိုပါသည်ဟု လျှောက်လေ၏။
وَفِي ٱلْغَدِ أَخَذَ ٱللِّبْدَةَ وَغَمَسَهَا بِٱلْمَاءِ، وَنَشَرَهَا عَلَى وَجْهِهِ وَمَاتَ، وَمَلَكَ حَزَائِيلُ عِوَضًا عَنْهُ. ١٥ 15
၁၅နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ်ကို ရေ၌ နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
وَفِي ٱلسَّنَةِ ٱلْخَامِسَةِ لِيُورَامَ بْنِ أَخْآبَ مَلِكِ إِسْرَائِيلَ وَيَهُوشَافَاطَ مَلِكِ يَهُوذَا، مَلَكَ يَهُورَامُ بْنُ يَهُوشَافَاطَ مَلِكِ يَهُوذَا. ١٦ 16
၁၆ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟော ရံသည် နန်းထိုင်လေ၏။
كَانَ ٱبْنَ ٱثْنَتَيْنِ وَثَلَاثِينَ سَنَةً حِينَ مَلَكَ، وَمَلَكَ ثَمَانِي سِنِينٍ فِي أُورُشَلِيمَ. ١٧ 17
၁၇အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင် မြို့၌ မင်းပြု၍ ရှစ်နှစ်စိုးစံ၏။
وَسَارَ فِي طَرِيقِ مُلُوكِ إِسْرَائِيلَ كَمَا فَعَلَ بَيْتُ أَخْآبَ، لِأَنَّ بِنْتَ أَخْآبَ كَانَتْ لَهُ ٱمْرَأَةً، وَعَمِلَ ٱلشَّرَّ فِي عَيْنَيِ ٱلرَّبِّ. ١٨ 18
၁၈အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
وَلَمْ يَشَإِ ٱلرَّبُّ أَنْ يُبِيدَ يَهُوذَا مِنْ أَجْلِ دَاوُدَ عَبْدِهِ، كَمَا قَالَ إِنَّهُ يُعْطِيهِ سِرَاجًا وَلِبَنِيهِ كُلَّ ٱلْأَيَّامِ. ١٩ 19
၁၉သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ၏။
فِي أَيَّامِهِ عَصَى أَدُومُ مِنْ تَحْتِ يَدِ يَهُوذَا وَمَلَّكُوا عَلَى أَنْفُسِهِمْ مَلِكًا. ٢٠ 20
၂၀ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
وَعَبَرَ يُورَامُ إِلَى صَعِيرَ وَجَمِيعُ ٱلْمَرْكَبَاتِ مَعَهُ، وَقَامَ لَيْلًا وَضَرَبَ أَدُومَ ٱلْمُحِيطَ بِهِ وَرُؤَسَاءَ ٱلْمَرْكَبَاتِ. وَهَرَبَ ٱلشَّعْبُ إِلَى خِيَامِهِمْ. ٢١ 21
၂၁ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့ နှင့်တကွ၊ ဇာဣရမြို့သို့ စစ်ချီ၍ ညဉ့်အခါဝိုင်းသော ဧဒုံ လူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
وَعَصَى أَدُومُ مِنْ تَحْتِ يَدِ يَهُوذَا إِلَى هَذَا ٱلْيَوْمِ. حِينَئِذٍ عَصَتْ لِبْنَةُ فِي ذَلِكَ ٱلْوَقْتِ. ٢٢ 22
၂၂သို့သော်လည်း၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။
وَبَقِيَّةُ أُمُورِ يُورَامَ وَكُلُّ مَا صَنَعَ، أَمَا هِيَ مَكْتُوبَةٌ فِي سِفْرِ أَخْبَارِ ٱلْأَيَّامِ لِمُلُوكِ يَهُوذَا؟ ٢٣ 23
၂၃ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
وَٱضْطَجَعَ يُورَامُ مَعَ آبَائِهِ، وَدُفِنَ مَعَ آبَائِهِ فِي مَدِينَةِ دَاوُدَ، وَمَلَكَ أَخَزْيَا ٱبْنُهُ عِوَضًا عَنْهُ. ٢٤ 24
၂၄ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
فِي ٱلسَّنَةِ ٱلثَّانِيَةَ عَشْرَةَ لِيُورَامَ بْنِ أَخْآبَ مَلِكِ إِسْرَائِيلَ، مَلَكَ أَخَزْيَا بْنُ يَهُورَامَ مَلِكِ يَهُوذَا. ٢٥ 25
၂၅ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။
وَكَانَ أَخَزْيَا ٱبْنَ ٱثْنَتَيْنِ وَعِشْرِينَ سَنَةً حِينَ مَلَكَ، وَمَلَكَ سَنَةً وَاحِدَةً فِي أُورُشَلِيمَ، وَٱسْمُ أُمِّهِ عَثَلْيَا بِنْتُ عُمْرِي مَلِكِ إِسْرَائِيلَ. ٢٦ 26
၂၆အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊မင်းပြု၍ ယေရု ရှလင်မြို့၌ တနှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလ ရှင်ဘုရင်ဩမရိမြေးအာသလိ အမည်ရှိ၏။
وَسَارَ فِي طَرِيقِ بَيْتِ أَخْآبَ، وَعَمِلَ ٱلشَّرَّ فِي عَيْنَيِ ٱلرَّبِّ كَبَيْتِ أَخْآبَ، لِأَنَّهُ كَانَ صِهْرَ بَيْتِ أَخْآبَ. ٢٧ 27
၂၇အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့လိုက်၍၊ အာဟပ်အမျိုး ကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
وَٱنْطَلَقَ مَعَ يُورَامَ بْنِ أَخْآبَ لِمُقَاتَلَةِ حَزَائِيلَ مَلِكِ أَرَامَ فِي رَامُوتِ جِلْعَادَ، فَضَرَبَ ٱلْأَرَامِيُّونَ يُورَامَ. ٢٨ 28
၂၈အာဟပ်၏သားယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ၏။
فَرَجَعَ يُورَامُ ٱلْمَلِكُ لِيَبْرَأَ فِي يَزْرَعِيلَ مِنَ ٱلْجُرُوحِ ٱلَّتِي جَرَحَهُ بِهَا ٱلْأَرَامِيُّونَ فِي رَامُوتَ عِنْدَ مُقَاتَلَتِهِ حَزَائِيلَ مَلِكَ أَرَامَ. وَنَزَلَ أَخَزْيَا بْنُ يَهُورَامَ مَلِكُ يَهُوذَا لِيَرَى يُورَامَ بْنَ أَخْآبَ فِي يَزْرَعِيلَ لِأَنَّهُ كَانَ مَرِيضًا. ٢٩ 29
၂၉ထိုသို့ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်း ငှါ ထိုမြို့သို့ ဆင်းသွားလေ၏။

< اَلْمُلُوكِ ٱلثَّانِي 8 >