< صَمُوئِيلَ ٱلْأَوَّلُ 15 >

وَقَالَ صَمُوئِيلُ لِشَاوُلَ: «إِيَّايَ أَرْسَلَ ٱلرَّبُّ لِمَسْحِكَ مَلِكًا عَلَى شَعْبِهِ إِسْرَائِيلَ. وَٱلْآنَ فَٱسْمَعْ صَوْتَ كَلَامِ ٱلرَّبِّ. ١ 1
ရှ​မွေ​လ​သည်​ရှော​လု​အား``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​အ​ဖြစ် သင့်​အား​ဘိ​သိက်​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ကို​နား​ထောင်​လော့။-
هَكَذَا يَقُولُ رَبُّ ٱلْجُنُودِ: إِنِّي قَدِ ٱفْتَقَدْتُ مَا عَمِلَ عَمَالِيقُ بِإِسْرَائِيلَ حِينَ وَقَفَ لَهُ فِي ٱلطَّرِيقِ عِنْدَ صُعُودِهِ مِنْ مِصْرَ. ٢ 2
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​သော​အ​ခါ အာ​မ​လက် အ​မျိုး​သား​တို့​က​ဆီး​တား​ကြ​၏။ ထို့​ကြောင့် ကိုယ်​တော်​သည်​သူ​တို့​အား​ဒဏ်​ခတ်​တော် မူ​မည်။-
فَٱلْآنَ ٱذْهَبْ وَٱضْرِبْ عَمَالِيقَ، وَحَرِّمُوا كُلَّ مَا لَهُ وَلَا تَعْفُ عَنْهُمْ بَلِ ٱقْتُلْ رَجُلًا وَٱمْرَأَةً، طِفْلًا وَرَضِيعًا، بَقَرًا وَغَنَمًا، جَمَلًا وَحِمَارًا». ٣ 3
သင်​သည်​အာ​မ​လက်​အမျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​လော့။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ သ​မျှ​ကို​ဖျက်​ဆီး​ပစ်​ရ​မည်။ တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​စေ​နှင့်။ ရှိ​သ​မျှ​ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​များ​အ​ပြင်​ရှိ​သ​မျှ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လော့'' ဟု​ဆို​၏။-
فَٱسْتَحْضَرَ شَاوُلُ ٱلشَّعْبَ وَعَدَّهُ فِي طَلَايِمَ، مِئَتَيْ أَلْفِ رَاجِلٍ، وَعَشْرَةَ آلَافِ رَجُلٍ مِنْ يَهُوذَا. ٤ 4
ရှော​လု​သည်​တေ​လိမ်​မြို့​တွင်​မိ​မိ​၏​စစ် သည်​တပ်​သား​အ​ပေါင်း​ကို​စု​ရုံး​၍​ကြည့် ရှု​စစ်​ဆေး​ရာ ဣ​သ​ရေ​လ​နယ်​မှ​တပ်​သား နှစ်​သိန်း​နှင့်​ယု​ဒ​နယ်​မှ​တပ်​သား​တစ် သောင်း​ရှိ​သ​တည်း။-
ثُمَّ جَاءَ شَاوُلُ إِلَى مَدِينَةِ عَمَالِيقَ وَكَمَنَ فِي ٱلْوَادِي. ٥ 5
ထို​နောက်​သူ​သည်​မိ​မိ​စစ်​သူ​ရဲ​များ​နှင့် အ​တူ အာ​မ​လက်​မြို့​သို့​ချီ​တက်​၍​ခြောက် သွေ့​နေ​သော​မြစ်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ လျက်​နေ​၏။-
وَقَالَ شَاوُلُ لِلْقَيْنِيِّينَ: «ٱذْهَبُوا حِيدُوا ٱنْزِلُوا مِنْ وَسَطِ ٱلْعَمَالِقَةِ لِئَّلَا أُهْلِكَكُمْ مَعَهُمْ، وَأَنْتُمْ قَدْ فَعَلْتُمْ مَعْرُوفًا مَعَ جَمِيعِ بَنِي إِسْرَائِيلَ عِنْدَ صُعُودِهِمْ مِنْ مِصْرَ». فَحَادَ ٱلْقَيْنِيُّ مِنْ وَسَطِ عَمَالِيقَ. ٦ 6
သူ​သည်​ကေ​နိ​အမျိုး​သား​များ​အား``သင်​တို့ သည်​ဣ​သ​ရေ​လ​အမျိုး​သား​တို့​အီ​ဂျစ်​ပြည် မှ​ထွက်​လာ​ကြ​စဉ်​အ​ခါ​က သူ​တို့​အား ကျေး​ဇူး​ပြု​ခဲ့​ကြ​ပါ​၏။ သို့​ဖြစ်​၍​သင်​တို့ အား​ငါ​မ​သတ်​မိ​စေ​ရန် အာ​မ​လက်​အ​မျိုး သား​တို့​ထံ​မှ​တိမ်း​ရှောင်​သွား​ကြ​လော့'' ဟု ကြို​တင်​သ​တိ​ပေး​ထား​၏။ ထို့​ကြောင့်​ကေ​နိ အ​မျိုး​သား​တို့​သည်​တိမ်း​ရှောင်​သွား​ကြ လေ​သည်။
وَضَرَبَ شَاوُلُ عَمَالِيقَ مِنْ حَوِيلَةَ حَتَّى مَجِيئِكَ إِلَى شُورَ ٱلَّتِي مُقَابِلَ مِصْرَ. ٧ 7
ရှော​လု​သည်​ဟ​ဝိ​လ​မြို့​မှ​အီ​ဂျစ်​ပြည်​၏ အ​ရှေ့​ဘက်​၌​ရှိ​သော ရှု​ရ​မြို့​တိုင်​အောင်​အာ မ​လက်​အ​မျိုး​သား​တို့​အား​လိုက်​လံ​တိုက် ခိုက်​လေ​သည်။-
وَأَمْسَكَ أَجَاجَ مَلِكَ عَمَالِيقَ حَيًّا، وَحَرَّمَ جَمِيعَ ٱلشَّعْبِ بِحَدِّ ٱلسَّيْفِ. ٨ 8
သူ​သည်​အာ​မ​လက်​ဘု​ရင်​အာ​ဂတ်​ကို​လက်​ရ ဖမ်း​ဆီး​မိ​၏။ လူ​အ​ပေါင်း​တို့​ကို​မူ​သုတ်​သင် ပစ်​၏။-
وَعَفَا شَاوُلُ وَٱلشَّعْبُ عَنْ أَجَاجَ وَعَنْ خِيَارِ ٱلْغَنَمِ وَٱلْبَقَرِ وَٱلثُّنْيَانِ وَٱلْخِرَافِ، وَعَنْ كُلِّ ٱلْجَيِّدِ، وَلَمْ يَرْضَوْا أَنْ يُحَرِّمُوهَا. وَكُلُّ ٱلْأَمْلَاكِ ٱلْمُحْتَقَرَةِ وَٱلْمَهْزُولَةِ حَرَّمُوهَا. ٩ 9
သို့​ရာ​တွင်​ရှော​လု​နှင့်​သူ​၏​တပ်​သား​တို့​သည် အာ​ဂတ်​ကို အ​သက်​ချမ်း​သာ​ပေး​၍​အ​ဆူ​ဖြိုး ဆုံး​သော​သိုး​နွား​များ၊ အ​လှ​ဆုံး​သော​နွား သူ​ငယ်​သိုး​သူ​ငယ်​များ​နှင့် ကောင်း​မွန်​သည့် အ​ရာ​ရှိ​သ​မျှ​တို့​ကို​မ​ဖျက်​မ​ဆီး​ကြ။ အ​သုံး​မ​ဝင်​သော​အ​ရာ၊ တန်​ဖိုး​မ​ရှိ​သော အရာ​များ​ကို​သာ​လျှင်​ဖျက်​ဆီး​ပစ်​ကြ လေ​သည်။
وَكَانَ كَلَامُ ٱلرَّبِّ إِلَى صَمُوئِيلَ قَائِلًا: ١٠ 10
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​အား``ရှော​လု​ကို ဘု​ရင်​ခန့်​မိ​သည်​မှာ​မှား​လေ​စွ။ သူ​သည်​ငါ့​အား ကျော​ခိုင်း​ကာ​ငါ​၏​အ​မိန့်​တော်​တို့​ကို​လွန်​ဆန် ခဲ့​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ရှ​မွေ​လ​သည် ဒေါ​သ​ထွက်​၏။ သူ​သည်​တစ်​ညဥ့်​လုံး​ထာ​ဝ​ရ ဘု​ရား​အား​လျှောက်​လဲ​အ​သ​နား​ခံ​ပြီး​နောက်၊-
«نَدِمْتُ عَلَى أَنِّي قَدْ جَعَلْتُ شَاوُلَ مَلِكًا، لِأَنَّهُ رَجَعَ مِنْ وَرَائِي وَلَمْ يُقِمْ كَلَامِي». فَٱغْتَاظَ صَمُوئِيلُ وَصَرَخَ إِلَى ٱلرَّبِّ ٱللَّيْلَ كُلَّهُ. ١١ 11
၁၁
فَبَكَّرَ صَمُوئِيلُ لِلِقَاءِ شَاوُلَ صَبَاحًا. فَأُخْبِرَ صَمُوئِيلُ وَقِيلَ لَهُ: «قَدْ جَاءَ شَاوُلُ إِلَى ٱلْكَرْمَلِ، وَهُوَذَا قَدْ نَصَبَ لِنَفْسِهِ نُصْبًا وَدَارَ وَعَبَرَ وَنَزَلَ إِلَى ٱلْجِلْجَالِ». ١٢ 12
၁၂နံ​နက်​စော​စော​၌​ရှော​လု​ကို​ရှာ​ရန်​ထွက်​ခွာ သွား​၏။ ရှော​လု​သည်​က​ရ​မေ​လ​မြို့​သို့​သွား ၍ မိ​မိ​အ​တွက်​အ​မှတ်​တ​ရ​ကျောက်​တိုင်​ကို တည်​ဆောက်​ကြောင်း၊ ထို​မှ​တစ်​ဆင့်​ဂိ​လ​ဂါ​လ မြို့​သို့​ထွက်​ခွာ​သွား​ကြောင်း​ရှ​မွေ​လ​ကြား သိ​ရ​၏။-
وَلَمَّا جَاءَ صَمُوئِيلُ إِلَى شَاوُلَ قَالَ لَهُ شَاوُلُ: «مُبَارَكٌ أَنْتَ لِلرَّبِّ. قَدْ أَقَمْتُ كَلَامَ ٱلرَّبِّ». ١٣ 13
၁၃ရှ​မွေ​လ​သည်​ရှော​လု​ရှိ​သည့်​အ​ရပ်​သို့ ရောက်​သော်​ရှော​လု​က``ကိုယ်​တော်​အား​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​ခဲ့​ပါ​ပြီ'' ဟု​ဆို​၍​ကြို​ဆို​၏။
فَقَالَ صَمُوئِيلُ: «وَمَا هُوَ صَوْتُ ٱلْغَنَمِ هَذَا فِي أُذُنَيَّ، وَصَوْتُ ٱلْبَقَرِ ٱلَّذِي أَنَا سَامِعٌ؟» ١٤ 14
၁၄ရှ​မွေ​လ​က``ယင်း​သို့​ဖြစ်​ပါ​မူ​အ​ဘယ် ကြောင့်​သိုး​နွား​တို့​အော်​မြည်​သံ​ကို​ငါ​ကြား ရ​ပါ​သ​နည်း'' ဟု​မေး​၏။
فَقَالَ شَاوُلُ: «مِنَ ٱلْعَمَالِقَةِ، قَدْ أَتَوْا بِهَا، لِأَنَّ ٱلشَّعْبَ قَدْ عَفَا عَنْ خِيَارِ ٱلْغَنَمِ وَٱلْبَقَرِ لِأَجْلِ ٱلذَّبْحِ لِلرَّبِّ إِلَهِكَ. وَأَمَّا ٱلْبَاقِي فَقَدْ حَرَّمْنَاهُ». ١٥ 15
၁၅ရှော​လု​က``အ​ကျွန်ုပ်​၏​လူ​တို့​သည်​ထို​သိုး နွား​များ​ကို​အာ​မ​လက်​အ​မျိုး​သား​တို့​ထံ မှ​သိမ်း​ယူ​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​အ​ဆူ ဖြိုး​ဆုံး​သော​သိုး​နွား​တို့​ကို အ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ထား​ရှိ​ကြ​ပါ​၏။ အ​ခြား​ကျန်​ရှိ​သည့် အ​ရာ​များ​ကို​မူ​လုံး​ဝ​ဖျက်​ဆီး လိုက်​ကြ​ပါ​ပြီ'' ဟု​ဖြေ​ကြား​၏။
فَقَالَ صَمُوئِيلُ لِشَاوُلَ: «كُفَّ فَأُخْبِرَكَ بِمَا تَكَلَّمَ بِهِ ٱلرَّبُّ إِلَيَّ هَذِهِ ٱللَّيْلَةَ». فَقَالَ لَهُ: «تَكَلَّمْ». ١٦ 16
၁၆ရှ​မွေ​လ​က``နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား သည် ငါ့​အား​ယ​မန်​နေ့​ည​က​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သင့်​အား​ငါ​ဖော်​ပြ​မည်'' ဟု​ဆို​လျှင်​ရှောလု​က``အ​မိန့်​ရှိ​ပါ'' ဟု​ဆို​၏။
فَقَالَ صَمُوئِيلُ: «أَلَيْسَ إِذْ كُنْتَ صَغِيرًا فِي عَيْنَيْكَ صِرْتَ رَأْسَ أَسْبَاطِ إِسْرَائِيلَ وَمَسَحَكَ ٱلرَّبُّ مَلِكًا عَلَى إِسْرَائِيلَ، ١٧ 17
၁၇ရှ​မွေ​လ​က``သင်​သည်​မိ​မိ​ကိုယ်​ကို​သေး နုတ်​သူ​ဟု​ယူ​ဆ​သော်​လည်း သင်​သည်​ဣ​သ ရေ​လ​အနွယ်​တို့​၏​ခေါင်း​ဆောင်​ဖြစ်​ချေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဘိ​သိက်​ပေး​တော်​မူ​ခဲ့​၏။-
وَأَرْسَلَكَ ٱلرَّبُّ فِي طَرِيقٍ وَقَالَ: ٱذْهَبْ وَحَرِّمِ ٱلْخُطَاةَ عَمَالِيقَ وَحَارِبْهُمْ حَتَّى يَفْنَوْا؟ ١٨ 18
၁၈ယုတ်​မာ​သော​ထို​အာ​မ​လက်​အ​မျိုး​သား​တို့ အား သုတ်​သင်​ပစ်​ရန်​အ​မိန့်​ပေး​၍​သင့်​ကို​စေ လွှတ်​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​ပြီး​သည်​တိုင်​အောင် စစ်​တိုက်​ရန်​မှာ​ကြား​တော်​မူ​ခဲ့​၏။-
فَلِمَاذَا لَمْ تَسْمَعْ لِصَوْتِ ٱلرَّبِّ، بَلْ ثُرْتَ عَلَى ٱلْغَنِيمَةِ وَعَمِلْتَ ٱلشَّرَّ فِي عَيْنَيِ ٱلرَّبِّ؟». ١٩ 19
၁၉သင်​သည်​အ​ဘယ်​ကြောင့်​ကိုယ်​တော်​၏​အ​မိန့် တော်​ကို​မ​နာ​ခံ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် လက်​ရ​ပစ္စည်း​များ​ကို​မက်​မက်​မော​မော​သိမ်း ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​မ​နှစ်​သက်​သော အ​မှု​ကို​ပြု​ဘိ​သ​နည်း'' ဟု​ဆို​၏။
فَقَالَ شَاوُلُ لِصَمُوئِيلَ: «إِنِّي قَدْ سَمِعْتُ لِصَوْتِ ٱلرَّبِّ وَذَهَبْتُ فِي ٱلطَّرِيقِ ٱلَّتِي أَرْسَلَنِي فِيهَا ٱلرَّبُّ وَأَتَيْتُ بِأَجَاجَ مَلِكِ عَمَالِيقَ وَحَرَّمْتُ عَمَالِيقَ. ٢٠ 20
၂၀ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​မှန်​ပင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​ခဲ့​ပါ​၏။ ကိုယ် တော်​စေ​ခိုင်း​တော်​မူ​သည့်​အ​တိုင်း​သွား​ရောက် ၍​အာ​ဂတ်​မင်း​ကို​ခေါ်​ဆောင်​ခဲ့​ပါ​၏။ အာ​မ လက်​အ​မျိုး​သား​အ​ပေါင်း​ကို​လည်း​သုတ် သင်​ပစ်​ခဲ့​ပါ​၏။-
فَأَخَذَ ٱلشَّعْبُ مِنَ ٱلْغَنِيمَةِ غَنَمًا وَبَقَرًا، أَوَائِلَ ٱلْحَرَامِ لِأَجْلِ ٱلذَّبْحِ لِلرَّبِّ إِلَهِكَ فِي ٱلْجِلْجَالِ». ٢١ 21
၂၁သို့​ရာ​တွင်​အ​ကျွန်ုပ်​၏​လူ​တို့​သည်​မိ​မိ​တို့ လက်​ရ​အ​ဆူ​ဖြိုး​ဆုံး​သိုး​နွား​များ​ကို​မ သတ်​ဘဲ အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရန် ဤ​ဂိ​လ​ဂါ​လ မြို့​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏'' ဟု​ပြန်​လည် ဖြေ​ကြား​၏။
فَقَالَ صَمُوئِيلُ: «هَلْ مَسَرَّةُ ٱلرَّبِّ بِٱلْمُحْرَقَاتِ وَٱلذَّبَائِحِ كَمَا بِٱسْتِمَاعِ صَوْتِ ٱلرَّبِّ؟ هُوَذَا ٱلِٱسْتِمَاعُ أَفْضَلُ مِنَ ٱلذَّبِيحَةِ، وَٱلْإِصْغَاءُ أَفْضَلُ مِنْ شَحْمِ ٱلْكِبَاشِ. ٢٢ 22
၂၂ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ရှို့ ရာ​ယဇ်​အ​စ​ရှိ​သည့်​ပူ​ဇော်​သကာ​များ ဆက်​သ​မှု​နှင့် မိ​မိ​၏​အ​မိန့်​တော်​နာ​ခံ မှု​တို့​အ​နက်​မည်​သည်​ကို​ပို​၍​နှစ်​သက်​တော် မူ​ပါ​သ​နည်း။ နာ​ခံ​ခြင်း​သည်​အ​ဆူ​ဖြိုး ဆုံး​သိုး​ကို​ယဇ်​ပူ​ဇော်​ခြင်း​ထက်​ပို​၍​မြတ်​၏။-
لِأَنَّ ٱلتَّمَرُّدَ كَخَطِيَّةِ ٱلْعِرَافَةِ، وَٱلْعِنَادُ كَٱلْوَثَنِ وَٱلتَّرَافِيمِ. لِأَنَّكَ رَفَضْتَ كَلَامَ ٱلرَّبِّ رَفَضَكَ مِنَ ٱلْمُلْكِ». ٢٣ 23
၂၃ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။
فَقَالَ شَاوُلُ لِصَمُوئِيلَ: «أَخْطَأْتُ لِأَنِّي تَعَدَّيْتُ قَوْلَ ٱلرَّبِّ وَكَلَامَكَ، لِأَنِّي خِفْتُ مِنَ ٱلشَّعْبِ وَسَمِعْتُ لِصَوْتِهِمْ. ٢٤ 24
၂၄ထို​အ​ခါ​ရှော​လု​က``မှန်​ပါ​၏။ အ​ကျွန်ုပ်​သည် အ​ပြစ်​ကူး​လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ အ​ရှင်​၏ ညွှန်​ကြား​ချက်​များ​ကို​လည်း​ကောင်း​လွန်​ဆန်​မိ ပါ​ပြီ။ မိ​မိ​၏​လူ​တို့​ကို​ကြောက်​သ​ဖြင့် အ​ကျွန်ုပ် သည်​သူ​တို့​၏​ဆန္ဒ​အ​တိုင်း​ပြု​မိ​ပါ​၏။-
وَٱلْآنَ فَٱغْفِرْ خَطِيَّتِي وَٱرْجِعْ مَعِي فَأَسْجُدَ لِلرَّبِّ». ٢٥ 25
၂၅သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ကျွန်ုပ်​ဝတ် ပြု​ကိုး​ကွယ်​ခွင့်​ရ​စေ​ရန် အ​ရှင်​သည်​အ​ကျွန်ုပ် ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​၍ အ​ကျွန်ုပ်​နှင့်​အ​တူ ဂိ​လ​ဂါ​လ​မြို့​သို့​လိုက်​ခဲ့​ပါ​ရန်​အ​ကျွန်ုပ် တောင်း​ပန်​ပါ​၏'' ဟု​ဆို​လေ​၏။
فَقَالَ صَمُوئِيلُ لِشَاوُلَ: «لَا أَرْجِعُ مَعَكَ لِأَنَّكَ رَفَضْتَ كَلَامَ ٱلرَّبِّ، فَرَفَضَكَ ٱلرَّبُّ مِنْ أَنْ تَكُونَ مَلِكًا عَلَى إِسْرَائِيلَ». ٢٦ 26
၂၆ရှ​မွေ​လ​က​လည်း``သင်​နှင့်​ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ပယ်​သော ကြောင့် ကိုယ်​တော်​သည်​သင့်​ကို​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ​ပြီ'' ဟု​ဆို​၏။
وَدَارَ صَمُوئِيلُ لِيَمْضِيَ، فَأَمْسَكَ بِذَيْلِ جُبَّتِهِ فَٱنْمَزَقَ. ٢٧ 27
၂၇ထို​နောက်​ရှ​မွေ​လ​သည်​လှည့်​၍​ထွက်​ခွာ​မည်​ပြု သော​အ​ခါ ရှော​လု​သည်​သူ​၏​ဝတ်​လုံ​ကို​ဆွဲ ကိုင်​လိုက်​သ​ဖြင့်​ဝတ်​လုံ​စုတ်​သွား​လေ​သည်။-
فَقَالَ لَهُ صَمُوئِيلُ: «يُمَزِّقُ ٱلرَّبُّ مَمْلَكَةَ إِسْرَائِيلَ عَنْكَ ٱلْيَوْمَ وَيُعْطِيهَا لِصَاحِبِكَ ٱلَّذِي هُوَ خَيْرٌ مِنْكَ. ٢٨ 28
၂၈ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​ယ​နေ့​ပင် ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သင့်​ထံ​မှ​ဆွဲ​ယူ​ကာ သင့်​ထက်​ကောင်း​မြတ်​သူ​တစ်​ဦး​၏​လက်​သို့ ပေး​အပ်​တော်​မူ​လေ​ပြီ။-
وَأَيْضًا نَصِيحُ إِسْرَائِيلَ لَا يَكْذِبُ وَلَا يَنْدَمُ، لِأَنَّهُ لَيْسَ إِنْسَانًا لِيَنْدَمَ». ٢٩ 29
၂၉ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြင့်​မြတ်​သော ဘု​ရား​သည်​မု​သား​ကို​သုံး​တော်​မ​မူ။ စိတ်​တော် ကို​လည်း​ပြောင်း​လဲ​တော်​မ​မူ။ ကိုယ်​တော်​သည် လူ​ကဲ့​သို့​မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​တော် မူ​သည်​မ​ဟုတ်'' ဟု​ဆို​၏။
فَقَالَ: «قَدْ أَخْطَأْتُ. وَٱلْآنَ فَأَكْرِمْنِي أَمَامَ شُيُوخِ شَعْبِي وَأَمَامَ إِسْرَائِيلَ، وَٱرْجِعْ مَعِي فَأَسْجُدَ لِلرَّبِّ إِلَهِكَ». ٣٠ 30
၃၀ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကူး​လွန်​မိ​ပါ ပြီ။ သို့​ရာ​တွင်​ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အ​မျိုး သား​ခေါင်း​ဆောင်​များ​ရှေ့​၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​၏​ရှေ့​၌​လည်း​ကောင်း အ​ကျွန်ုပ် ၏​ဂုဏ်​အ​သ​ရေ​မ​ပျက်​စေ​ဘဲ အ​ကျွန်ုပ်​သည်​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်ပြု​ကိုး ကွယ်​နိုင်​ရန်​အ​ကျွန်ုပ်​နှင့်​အ​တူ​အ​ရှင်​ပြန်​၍ လိုက်​ခဲ့​ပါ'' ဟု​တောင်း​ပန်​၏။-
فَرَجَعَ صَمُوئِيلُ وَرَاءَ شَاوُلَ، وَسَجَدَ شَاوُلُ لِلرَّبِّ. ٣١ 31
၃၁ထို​ကြောင့်​ရှ​မွေ​လ​သည်​သူ​နှင့်​အ​တူ​ဂိ​လ​ဂါ​လ မြို့​သို့​လိုက်​သွား​၏။ ရှော​လု​သည်​လည်း​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​၏။
وَقَالَ صَمُوئِيلُ: «قَدِّمُوا إِلَيَّ أَجَاجَ مَلِكَ عَمَالِيقَ». فَذَهَبَ إِلَيْهِ أَجَاجُ فَرِحًا. وَقَالَ أَجَاجُ: «حَقًّا قَدْ زَالَتْ مَرَارَةُ ٱلْمَوْتِ». ٣٢ 32
၃၂ရှ​မွေ​လ​က``အာ​ဂတ်​မင်း​ကို​ငါ့​ထံ​သို့​ခေါ်​ခဲ့ လော့'' ဟု​ဆို​၏။ အာ​ဂတ်​က``သေ​ဘေး​သည် အ​လွန်​ဆိုး​ရွား​ပါ​သည်​တ​ကား'' ဟု​တစ်​ကိုယ် တည်း​စဉ်း​စား​ကာ​တုန်​လှုပ်​လျက်​ရှ​မွေ​လ​ထံ သို့​လာ​၏။-
فَقَالَ صَمُوئِيلُ: «كَمَا أَثْكَلَ سَيْفُكَ ٱلنِّسَاءَ، كَذَلِكَ تُثْكَلُ أُمُّكَ بَيْنَ ٱلنِّسَاءِ». فَقَطَعَ صَمُوئِيلُ أَجَاجَ أَمَامَ ٱلرَّبِّ فِي ٱلْجِلْجَالِ. ٣٣ 33
၃၃ထို​အ​ခါ​ရှ​မွေ​လ​က``သင်​၏​ဋ္ဌား​ဖြင့်​မိ​ခင် အ​များ​ပင် မိ​မိ​တို့​၏​သား​များ​ကို​ဆုံး​ရှုံး​ခဲ့​ရ ကြ​၏။ သို့​ဖြစ်​၍​ယ​ခု​သင့်​မိ​ခင်​သည်​လည်း​သူ ၏​သား​ဆုံး​ရှုံး​ရ​ပေ​တော့​အံ့'' ဟု​ဆို​ကာ​အာ ဂတ်​အား​ဂိ​လ​ဂါ​လ​မြို့​ယဇ်​ပလ္လင်​ရှေ့​တွင်​အ ပိုင်း​ပိုင်း​ခုတ်​ဖြတ်​လိုက်​လေ​သည်။
وَذَهَبَ صَمُوئِيلُ إِلَى ٱلرَّامَةِ، وَأَمَّا شَاوُلُ فَصَعِدَ إِلَى بَيْتِهِ فِي جِبْعَةِ شَاوُلَ. ٣٤ 34
၃၄ထို​နောက်​ရှ​မွေ​လ​သည်​ရာ​မ​မြို့​သို့​သွား ၏။ ရှော​လု​မင်း​သည်​လည်း​ဂိ​လ​ဂါ​လ​နန်း တော်​သို့​ပြန်​လေ​၏။-
وَلَمْ يَعُدْ صَمُوئِيلُ لِرُؤْيَةِ شَاوُلَ إِلَى يَوْمِ مَوْتِهِ، لِأَنَّ صَمُوئِيلَ نَاحَ عَلَى شَاوُلَ. وَٱلرَّبُّ نَدِمَ لِأَنَّهُ مَلَّكَ شَاوُلَ عَلَى إِسْرَائِيلَ. ٣٥ 35
၃၅ရှ​မွေ​လ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး နောင်​အ​ဘယ်​အ​ခါ​မျှ​မင်း​ကြီး​နှင့်​မ​တွေ့ ရ​တော့​ချေ။ သို့​ရာ​တွင်​သူ​သည်​ရှော​လု​အ​တွက် များ​စွာ​ဝမ်း​နည်း​မိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် လည်း​ရှော​လု​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ် ခန့်​ထား​မိ​ခဲ့​သည့်​အ​တွက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။

< صَمُوئِيلَ ٱلْأَوَّلُ 15 >