< ١ أخبار 11 >

وَٱجْتَمَعَ كُلُّ رِجَالِ إِسْرَائِيلَ إِلَى دَاوُدَ فِي حَبْرُونَ قَائِلِينَ: «هُوَذَا عَظْمُكَ وَلَحْمُكَ نَحْنُ. ١ 1
ဣ​သ​ရေလ​ပြည်သား​အ​ပေါင်း​တို့သည်​ဟေ​ဗြုန် မြို့​ရှိ​ဒါ​ဝိဒ်​ထံ​သို့​လာ​ရောက်​လျက်``ကျွန်​တော် တို့သည်​အ​ရှင်​၏သွေး​သား​များ​ဖြစ်​ပါ​၏။-
وَمُنْذُ أَمْسِ وَمَا قَبْلَهُ حِينَ كَانَ شَاوُلُ مَلِكًا كُنْتَ أَنْتَ تُخْرِجُ وَتُدْخِلُ إِسْرَائِيلَ، وَقَدْ قَالَ لَكَ ٱلرَّبُّ إِلَهُكَ: أَنْتَ تَرْعَى شَعْبِي إِسْرَائِيلَ وَأَنْتَ تَكُونُ رَئِيسًا لِشَعْبِي إِسْرَائِيلَ». ٢ 2
အ​တိတ်​ကာ​လ​က​ရှော​လု​မင်း​ဘု​ရင်​ဖြစ်​စဉ် အ​ခါ​၌ပင်​လျှင် အ​ရှင်​သည်​ဣ​သ​ရေလ​ပြည် သား​တို့​အား​ရှေ့​ဆောင်​၍​တိုက်​ပွဲ​ဝင်​ခဲ့​ပါ​၏။ အ​ရှင်​၏ဘု​ရားသ​ခင်​ထာ​ဝ​ရဘု​ရားက လည်း အ​ရှင်​သည်​ကိုယ်​တော့်လူ​မျိုး​တော်​၏ ခေါင်း​ဆောင်၊ သူ​တို့၏ဘု​ရင်​ဖြစ်​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား ကြ​၏။-
وَجَاءَ جَمِيعُ شُيُوخِ إِسْرَائِيلَ إِلَى ٱلْمَلِكِ إِلَى حَبْرُونَ، فَقَطَعَ دَاوُدُ مَعَهُمْ عَهْدًا فِي حَبْرُونَ أَمَامَ ٱلرَّبِّ، وَمَسَحُوا دَاوُدَ مَلِكًا عَلَى إِسْرَائِيلَ حَسَبَ كَلَامِ ٱلرَّبِّ عَنْ يَدِ صَمُوئِيلَ. ٣ 3
ယင်း​သို့ဣ​သ​ရေလ​အ​မျိုး​သား​ခေါင်း​ဆောင် အ​ပေါင်း​တို့သည် ဟေ​ဗြုန်​မြို့​ရှိ​ဒါ​ဝိဒ်​မင်း​ထံ တော်​သို့​လာ​ရောက်​ကြ​သော​အ​ခါ မင်း​ကြီး​သည် ထာ​ဝ​ရဘု​ရား၏​ရှေ့​တော်​၌ထို​သူ​တို့နှင့်​သစ္စာ မိတ်​ဖွဲ့တော်​မူ​၏။ သူ​တို့သည်​လည်း​ရှ​မွေ​လ​အား ဖြင့်​ထာ​ဝ​ရဘု​ရား​က​တိ​ပေး​တော်​မူ​ခဲ့​သည့် အ​တိုင်း ဒါ​ဝိဒ်​အား​ဘိ​သိက်​ပေး​၍​ဣ​သ​ရေလ ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​ကြ​၏။
وَذَهَبَ دَاوُدُ وَكُلُّ إِسْرَائِيلَ إِلَى أُورُشَلِيمَ، أَيْ يَبُوسَ. وَهُنَاكَ ٱلْيَبُوسِيُّونَ سُكَّانُ ٱلْأَرْضِ. ٤ 4
ဒါ​ဝိဒ်​မင်း​နှင့်​ဣ​သ​ရေလ​အ​မျိုးသား အ​ပေါင်း​တို့သည်​ချီ​တက်​၍ ယေ​ရုရှ​လင် မြို့​ကို​တိုက်​ခိုက်​ကြ​၏။ ထို​စဉ်​အ​ခါ​က ယေ​ရု​ရှ​လင်​မြို့သည်​ယေ​ဗုတ်​မြို့ဟု​နာ​မည် တွင်​၏။ ထို​မြို့​တွင်​ပင်​ကိုယ်​ရှိ​ရင်း​စွဲ​ယေ​ဗု​သိ မြို့သား​တို့ပင်​လျှင်​နေ​ထိုင်​လျက်​ရှိ​သေး​၏။-
وَقَالَ سُكَّانُ يَبُوسَ لِدَاوُدَ: «لَا تَدْخُلْ إِلَى هُنَا». فَأَخَذَ دَاوُدُ حِصْنَ صِهْيَوْنَ، هِيَ مَدِينَةُ دَاوُدَ. ٥ 5
ယေ​ဗု​သိ​မြို့သား​တို့​က​ဒါ​ဝိဒ်​မင်း​အား``သင် သည်​ဤ​မြို့ထဲ​သို့အ​ဘယ်​အ​ခါ​၌မျှ​ဝင်​ရ လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။ သိုရာ​တွင် ဒါ​ဝိဒ်​မင်း​သည်​သူ​တို့၏​ဇိ​အုန်​ခံ​တပ်​ကို တိုက်​ခိုက်​သိမ်း​ပိုက်​လိုက်​သ​ဖြင့် ခံ​တပ်​သည် ဒါ​ဝိဒ်​မြို့ဟူ​သော​နာ​မည်​ကို​ရ​ရှိ​လေ​သည်။-
وَقَالَ دَاوُدُ: «إِنَّ ٱلَّذِي يَضْرِبُ ٱلْيَبُوسِيِّينَ أَوَّلًا يَكُونُ رَأْسًا وَقَائِدًا». فَصَعِدَ أَوَّلًا يُوآبُ ٱبْنُ صَرُويَةَ، فَصَارَ رَأْسًا. ٦ 6
ဒါ​ဝိဒ်​မင်း​က``ယေ​ဗု​သိ​မြို့သား​တစ်​ယောက် ယောက်​ကို​အ​ဦး​အ​ဖျား​လုပ်​ကြံ​နိုင်​သူ အား​တပ်​မှူးအ​ရာ​ကို​ငါ​ပေး​မည်'' ဟု အ​မိန့်တော်​ရှိ​သည့်​အ​တိုင်း​ဇေ​ရုယာ​၏ သား​ယွာ​ဘ​သည်​ရှေ့​ဆုံး​မှ​နေ​၍ တိုက်​စစ် ဆင်​သူ​ဖြစ်​သ​ဖြင့်​တပ်​မှူးအ​ရာကို​ရ လေ​၏။-
وَأَقَامَ دَاوُدُ فِي ٱلْحِصْنِ، لِذَلِكَ دَعَوْهُ «مَدِينَةَ دَاوُدَ». ٧ 7
ဒါ​ဝိဒ်​မင်း​သည်​ထို​ခံ​တပ်​တွင်​နေ​ထိုင်​ရန် သွား​ရောက်​တော်​မူ​သည်​ကို​အ​စွဲ​ပြု၍ ယင်း ကို``ဒါ​ဝိဒ်​မြို့'' ဟု​ခေါ်​ဆို​သ​မုတ်​ကြ သ​တည်း။-
وَبَنَى ٱلْمَدِينَةَ حَوَالَيْهَا مِنَ ٱلْقَلْعَةِ إِلَى مَا حَوْلِهَا. وَيُوآبُ جَدَّدَ سَائِرَ ٱلْمَدِينَةِ. ٨ 8
မင်း​ကြီးသည်​ဇိ​အုန်​တောင်​၏​အ​ရှေ့​ဘက်၊ မြေ​က​တုတ်​ဖို့ထား​သည့်​အ​ရပ်​မှ​အ​စ​ပြု ၍​ခံ​တပ်​ပတ်​လည်​တွင်​မြို့ကို​ပြန်​လည်​တည် ဆောက်​တော်​မူ​၏။ ထို​မြို့ရှိ​ကျန်​သော​အ​ရပ် တို့​ကို​မူ​ယွာ​ဘ​က​ပြုပြင်​တည်​ဆောက် ပေး​လေ​သည်။-
وَكَانَ دَاوُدُ يَتَزَايَدُ مُتَعَظِّمًا وَرَبُّ ٱلْجُنُودِ مَعَهُ. ٩ 9
ဒါ​ဝိဒ်​မင်း​သည်​တစ်​နေ့တစ်​ခြား​တန်​ခိုး ကြီး​မား​၍​လာ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​အန​န္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​မင်း​ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။
وَهَؤُلَاءِ رُؤَسَاءُ ٱلْأَبْطَالِ ٱلَّذِينَ لِدَاوُدَ، ٱلَّذِينَ تَشَدَّدُوا مَعَهُ فِي مُلْكِهِ مَعَ كُلِّ إِسْرَائِيلَ لِتَمْلِيكِهِ حَسَبَ كَلَامِ ٱلرَّبِّ مِنْ جِهَةِ إِسْرَائِيلَ. ١٠ 10
၁၀အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။
وَهَذَا هُوَ عَدَدُ ٱلْأَبْطَالِ ٱلَّذِينَ لِدَاوُدَ: يَشُبْعَامُ بْنُ حَكْمُونِي رَئِيسُ ٱلثَّوَالِثِ. هُوَ هَزَّ رُمْحَهُ عَلَى ثَلَاثِ مِئَةٍ قَتَلَهُمْ دُفْعَةً وَاحِدَةً. ١١ 11
၁၁သူ​တို့၏နာ​မည်​များ​မှာ​ပ​ထ​မ​ဆုံး၊ ဟ​ခ မော​နိ​သား​ချင်း​စု​ဝင်​ယာ​ရှော​ဗံ​ဖြစ်​သည်။ သူ​သည်​သူ​ရဲကောင်း​သုံး​ယောက်​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ တိုက်​ပွဲ​တစ်​ခု​တည်း​၌ပင်​လျှင် လူ​သုံး​ရာကို​လှံ​ဖြင့်​ထိုး​သတ်​တိုက်​ခိုက်​ခဲ့ သူ​ဖြစ်​သ​တည်း။-
وَبَعْدَهُ أَلِعَازَارُ بْنُ دُودُو ٱلْأَخُوخِيُّ. هُوَ مِنَ ٱلْأَبْطَالِ ٱلثَّلَاثَةِ. ١٢ 12
၁၂နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး​ယောက်​အ​ပါ အ​ဝင်​ဒု​တိ​ယ​သူ​ရဲကောင်း​မှာ​အ​ဟော​ဟိ သား​ချင်း​စု​ဝင်၊ ဒေါ​ဒေါ​၏သား​ဧလ​ဇာ ဖြစ်​၏။-
هُوَ كَانَ مَعَ دَاوُدَ فِي فَسَّ دَمِّيمَ وَقَدِ ٱجْتَمَعَ هُنَاكَ ٱلْفِلِسْطِينِيُّونَ لِلْحَرْبِ. وَكَانَتْ قِطْعَةُ ٱلْحَقْلِ مَمْلُوءَةً شَعِيرًا، فَهَرَبَ ٱلشَّعْبُ مِنْ أَمَامِ ٱلْفِلِسْطِينِيِّينَ. ١٣ 13
၁၃သူ​သည်​ပါ​သ​ဒမ္မိမ်​တိုက်​ပွဲ​တွင်​ဒါ​ဝိဒ်​နှင့် အ​တူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​တိုက်​ခိုက် ခဲ့​သူ​ဖြစ်​၏။ ဣ​သ​ရေ​လ​အ​မျိုးသား​တို့ တပ်​လှန့်​စ​ပြုသော​အ​ခါ​သူ​သည်​မု​ယော စ​ပါး​လယ်​ပြင်​တစ်​ခု​တွင်​ရှိ​၏။-
وَوَقَفُوا فِي وَسَطِ ٱلْقِطْعَةِ وَأَنْقَذُوهَا، وَضَرَبُوا ٱلْفِلِسْطِينِيِّينَ. وَخَلَّصَ ٱلرَّبُّ خَلَاصًا عَظِيمًا. ١٤ 14
၁၄သို့ဖြစ်​၍​သူ​သည်​မိ​မိ​၏အ​ဖော်​များ​နှင့် လယ်​ပြင်​အ​လယ်​တွင်​ရပ်​လျက် ဖိ​လိတ္တိ​အ​မျိုး သား​တို့ကို​တိုက်​ခိုက်​လေ​သည်။ ထာ​ဝ​ရ ဘု​ရားသည်​သူ့အား​ကြီးစွာ​သော​အောင်​ပွဲ ကို​ပေး​တော်​မူ​၏။
وَنَزَلَ ثَلَاثَةٌ مِنَ ٱلثَّلَاثِينَ رَئِيسًا إِلَى ٱلصَّخْرِ إِلَى دَاوُدَ إِلَى مَغَارَةِ عَدُلَّامَ وَجَيْشُ ٱلْفِلِسْطِينِيِّينَ نَازِلٌ فِي وَادِي ٱلرَّفَائِيِّينَ. ١٥ 15
၁၅တစ်​နေ့​သ​၌ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု သည်​ရေဖိမ်​ချိုင့်​ဝှမ်း​တွင်​တပ်​စ​ခန်း​ချ​လျက် ရှိ​နေ​စဉ် ရှေ့​တန်း​ခေါင်း​ဆောင်​များ​ဖြစ်​သော ရဲ​ဘော်​သုံး​ကျိပ်​မှ​ရဲဘော်​သုံး​ဦး​တို့သည် အ​ဒု​လံ​လှိုဏ်​ဂူ​အ​နီး​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ကျောက်​ဆောင်​သို့​သွား​ရောက်ကြ​၏။-
وَكَانَ دَاوُدُ حِينَئِذٍ فِي ٱلْحِصْنِ، وَحَفَظَةُ ٱلْفِلِسْطِينِيِّينَ حِينَئِذٍ فِي بَيْتِ لَحْمٍ. ١٦ 16
၁၆ထို​အ​ချိန်​၌ဒါ​ဝိဒ်​သည်​အ​ခိုင်​အ​မာ​ခံ တပ်​တည်​ထား​သော​တောင်​ကုန်း​တစ်​ခု​ပေါ် တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုးသား​တစ်​စု​က​လည်း ဗက်​လင်​မြို့ကို​ဝင်​ရောက်​သိမ်း​ပိုက်​၍​ထား ကြ​၏။-
فَتَأَوَّهَ دَاوُدُ وَقَالَ: «مَنْ يَسْقِينِي مَاءً مِنْ بِئْرِ بَيْتِ لَحْمٍ ٱلَّتِي عِنْدَ ٱلْبَابِ؟» ١٧ 17
၁၇ဒါ​ဝိဒ်​မင်း​သည်​ပြည်​တော်​ကို​လွမ်း​ဆွတ် တော်​မူ​သ​ဖြင့်``ငါ့​အား​ဗက်​လင်​မြို့တံ​ခါး အ​နီး​ရှိ​ရေ​တွင်း​မှ​သောက်​ရေတစ်​ပေါက် လောက်​ယူ​ဆောင်​ပေး​မည့်​သူ​ရှိ​လျှင် အ​ဘယ် မျှ​ကောင်း​လိမ့်​မည်​နည်း'' ဟု​တောင့်တ​ပြော ဆို​တော်​မူ​၏။-
فَشَقَّ ٱلثَّلَاثَةُ مَحَلَّةَ ٱلْفِلِسْطِينِيِّينَ وَٱسْتَقَوْا مَاءً مِنْ بِئْرِ بَيْتِ لَحْمٍ ٱلَّتِي عِنْدَ ٱلْبَابِ، وَحَمَلُوهُ وَأَتَوْا بِهِ إِلَى دَاوُدَ، فَلَمْ يَشَأْ دَاوُدُ أَنْ يَشْرَبَهُ بَلْ سَكَبَهُ لِلرَّبِّ. ١٨ 18
၁၈ထို​အ​ခါ​နာ​မည်​ကျော်​သူ​ရဲကောင်း​သုံး ယောက်​တို့သည် ဖိ​လိတ္တိ​အ​မျိုးသား​တပ်​စ​ခန်း ကို​ဖောက်​ထွင်း​ပြီးလျှင်ရေတွင်း​မှ​ရေ​အ​နည်း ငယ်​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​မင်း​ထံ​ယူ​ဆောင်​ခဲ့ ကြ​၏။ သို့ရာတွင်​မင်း​ကြီးသည်​ထို​ရေကို သောက်​တော်​မ​မူ​လို။ ယင်း​ကို​သောက်​မည့် အ​စား​ထာ​ဝ​ရဘု​ရား​အား​ပူ​ဇော်​သည့် အ​နေ​ဖြင့်​သွန်း​လောင်း​လေ​၏။-
وَقَالَ: «حَاشَا لِي مِنْ قِبَلِ إِلَهِي أَنْ أَفْعَلَ ذَلِكَ! أَأَشْرَبُ دَمَ هَؤُلَاءِ ٱلرِّجَالِ بِأَنْفُسِهِمْ؟ لِأَنَّهُمْ إِنَّمَا أَتَوْا بِهِ بِأَنْفُسِهِمْ». وَلَمْ يَشَأْ أَنْ يَشْرَبَهُ. هَذَا مَا فَعَلَهُ ٱلْأَبْطَالُ ٱلثَّلَاثَةُ. ١٩ 19
၁၉ထို့နောက်​မင်း​ကြီး​က``ငါ​သည်​ဤ​ရေကို အ​ဘယ်​နည်း​နှင့်​မျှ​မ​သောက်​နိုင်၊ သက်​စွန့် ကြိုးပမ်း​အ​မှုတော်​ထမ်း​ကြ​သူ​တို့၏ သွေး​ကို​သောက်​သည်​နှင့်​တူ​လိမ့်​မည်'' ဟု မိန့်တော်​မူ​လျက်​ထို​ရေကို​မ​သောက်​ဘဲ နေ​တော်​မူ​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ယောက်​တို့၏​စွန့်စား​ခန်း​တစ် ရပ်​ဖြစ်​သ​တည်း။
وَأَبِشَايُ أَخُو يُوآبَ كَانَ رَئِيسَ ثَلَاثَةٍ. وَهُوَ قَدْ هَزَّ رُمْحَهُ عَلَى ثَلَاثِ مِئَةٍ فَقَتَلَهُمْ، فَكَانَ لَهُ ٱسْمٌ بَيْنَ ٱلثَّلَاثَةِ. ٢٠ 20
၂၀ယွာ​ဘ​၏​ညီ​အ​ဘိ​ရှဲ​သည်​နာ​မည်​ကျော် ရဲဘော်​သုံး​ကျိပ်​၏​ခေါင်း​ဆောင်​ဖြစ်​၏။ သူ သည်​လူ​သုံး​ရာ​ကို​လှံ​နှင့်​ထိုး​သတ်​တိုက် ခိုက်​ခဲ့​သ​ဖြင့်​ရဲဘော်​သုံး​ကျိပ်​တို့တွင် နာ​မည်​ကြီး၍​လာ​၏။-
مِنَ ٱلثَّلَاثَةِ أُكْرِمَ عَلَى ٱلِٱثْنَيْنِ وَكَانَ لَهُمَا رَئِيسًا، إِلَّا أَنَّهُ لَمْ يَصِلْ إِلَى ٱلثَّلَاثَةِ ٱلْأُوَلِ. ٢١ 21
၂၁သူ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တို့​တွင်​နာ​မည် အ​ကြီးဆုံး​ဖြစ်​၍ သူ​တို့၏ခေါင်း​ဆောင် ဖြစ်​လာ​လေ​သည်။ သို့ရာ​တွင်​သူ​ရဲ​ကောင်း သုံး​ယောက်​လောက်​နာ​မည်​မ​ကြီး​ချေ။
بَنَايَا بْنُ يَهُويَادَاعَ ٱبْنِ ذِي بَأْسٍ كَثِيرِ ٱلْأَفْعَالِ مِنْ قَبْصِيئِيلَ. هُوَ ٱلَّذِي ضَرَبَ أَسَدَيْ مُوآبَ، وَهُوَ ٱلَّذِي نَزَلَ وَضَرَبَ أَسَدًا فِي وَسَطِ جُبٍّ يَوْمَ ٱلثَّلْجِ. ٢٢ 22
၂၂ကပ်​ဇေ​လ​မြို့မှ​ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ သည် နာ​မည်​ကျော်​စစ်​သူ​ရဲတစ်​ဦး​ဖြစ်​၏။ သူ သည်​ရဲဝံ့​စွန့်​စား​မှုအ​မြောက်​အ​များ​ကို ပြုခဲ့​၏။ ယင်း​အ​မှုတို့တွင်​အ​လွန်​ကြီး​မား သော​မော​ဘ​အ​မျိုးသား​နှစ်​ယောက်​ကို​သတ် သော​ကိစ္စ​လည်း​ပါ​၏။ အ​ခါ​တစ်​ပါး​က​သူ သည်​မိုး​ပွင့်​ကျ​သည့်​နေ့တစ်​နေ့၌​သား​ရဲ တွင်း​တစ်​ခု​သို့ဝင်​၍​ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏။-
وَهُوَ ضَرَبَ ٱلرَّجُلَ ٱلْمِصْرِيَّ ٱلَّذِي قَامَتُهُ خَمْسُ أَذْرُعٍ، وَفِي يَدِ ٱلْمِصْرِيِّ رُمْحٌ كَنَوْلِ ٱلنَّسَّاجِينَ. فَنَزَلَ إِلَيْهِ بِعَصًا وَخَطَفَ ٱلرُّمْحَ مِنْ يَدِ ٱلْمِصْرِيِّ وَقَتَلَهُ بِرُمْحِهِ. ٢٣ 23
၂၃အ​လွန်​ကြီး​မား​သော​လှံ​ကို​ဆောင်​ထား​သူ အ​မြင့်​ခု​နစ်​ပေ​ခွဲ​ရှိ အီ​ဂျစ်​အ​မျိုးသား ကြီးတစ်​ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ သည်​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ​၏​လက် မှ​လှံ​ကြီး​ကို​လု​ယူ​လိုက်​၏။ ထို့​နောက်​ထို လှံ​ဖြင့်​ပင်​လျှင်​သူ၏​အား​အ​ဆုံး​စီ​ရင် လေ​တော့​သည်။-
هَذَا مَا فَعَلَهُ بَنَايَا بْنُ يَهُويَادَاعَ، فَكَانَ لَهُ ٱسْمٌ بَيْنَ ٱلثَّلَاثَةِ ٱلْأَبْطَالِ. ٢٤ 24
၂၄ဤ​အ​မှုများ​သည်​ရဲ​ဘော်​သုံး​ကျိပ်​တွင် ပါ​ဝင်​သူ ဗေ​နာ​ယ​၏​စွန့်​စား​ခန်း​များ ဖြစ်​လေ​သည်။-
هُوَذَا أُكْرِمَ عَلَى ٱلثَّلَاثِينَ إِلَّا أَنَّهُ لَمْ يَصِلْ إِلَى ٱلثَّلَاثَةِ. فَجَعَلَهُ دَاوُدُ مِنْ أَصْحَابِ سِرِّهِ. ٢٥ 25
၂၅သူ​သည်​ရဲဘော်​သုံး​ကျိပ်​တို့​တွင်​ထူး​ချွန် သူ​ဖြစ်​သော်​လည်း သူ​ရဲ​ကောင်း​သုံး​ယောက် လောက်​နာ​မည်​မ​ကြီး​ချေ။ ဒါ​ဝိဒ်​မင်း​သည် သူ့​အား​ကိုယ်​ရံ​တော်​တပ်​မှူး​အ​ဖြစ်​ဖြင့် ခန့်​အပ်​တော်​မူ​၏။
وَأَبْطَالُ ٱلْجَيْشِ هُمْ: عَسَائِيلُ أَخُو يُوآبَ، وَأَلْحَانَانُ بْنُ دُودُوَ مِنْ بَيْتِ لَحْمٍ، ٢٦ 26
၂၆ထူး​ချွန်​သော​အ​ခြား​စစ်​သူ​ရဲများ​စာ​ရင်း မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယွာ​ဘ​၏​ညီ၊အာ​သ​ဟေ​လ။ ဗက်​လင်​မြို့​သား၊ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်။ ဟေ​ရောဒိ​မြို့​သား၊ရှမ္မ။ ဖာ​လ​တိ​မြို့​သား​ဟေ​လက်။ တေ​ကော​မြို့သား​ဣ​ကေ​ရှ​၏​သား​ဣ​ရ။ အ​နေ​သော​သိ​မြို့သား​အ​ဗျေ​ဇာ။ ဟု​ရှ​သိ​မြို့သား​သိ​ဗေ​ကဲ။ အ​ဟော​ဟိ​မြို့သားဣ​လဲ။ နေ​တော​ဖာ​သိ​မြို့သား​မ​ဟာ​ရဲ၊ နေ​တော​ဖာ​သိ​မြို့သား​ဗာ​န​၏​သား ဟေ​လက်။ ဗင်္ယာမိန်​ပြည်​ဂိ​ဗာ​မြို့​သား​ရိ​ဘဲ​၏​သား​ဣတ္တဲ။ ပိ​ရသော​နိ​မြို့​သား​ဗေ​နာ​ယ။ ဂါ​ရှ​မြို့​အ​နီး​ချိုင့်​ဝှမ်း​များ​မှ​ဟု​ရဲ။ အာ​ဗ​သိ​မြို့​သား​အ​ဗျေ​လ။ ဗာ​ဟု​မိ​မြို့သား​အာ​ဇ​မာ​ဝက်။ ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ။ ဂိ​ဇော​နိ​မြို့သား​ယာ​ရှင်။ ဟာ​ရာ​မြို့​သား​ရှာ​ဂဲ​၏​သား​ယော​န​သန်။ ဟာ​ရာ​မြို့သား​စာ​ကာ​ရ၏​သား​အ​ဟိ​အံ။ ဥ​ရ၏​သား​ဧလိ​ဖ​လ။ မေ​ခေ​ရသိ​မြို့​သား​ဟေ​ဖာ။ ပေ​လော​နိ​မြို့သား​အ​ဟိ​ယ။ က​ရ​မေ​လ​မြို့သား​ဟေ​ဇ​ရဲ။ ဧဇ​ပဲ​၏​သား​နာ​ရဲ။ နာ​သန်​၏ညီ​ယော​လ။ ဟ​ဂ္ဂေ၏​သား​မိ​ဗ​ဟာ။ အမ္မုန်​မြို့​သား​ဇေ​လက်။ ယွာ​ဘ​၏လက်​နက်​ကိုင်​ဆောင်​သူ ဗေ​ရောသိ​မြို့​သား​န​ဟာ​ရဲ။ ဣ​သ​ရိမြို့​သား​ဣရနှင့်​ဂါ​ရက်။ ဟိတ္တိ​လူ​မျိုး​ဥရိယ။ အာ​လဲ​၏​သား​ဇာ​ဗဒ်။ ရှိ​ဇ​၏သား​အ​ဒိ​န(သူ​သည်​ရု​ဗင်​အ​နွယ်​မှ ဦး​စီး​ခေါင်းဆောင်​တစ်​ဦး​ဖြစ်​၍ လူ​သုံး​ကျိပ်​ရှိ တပ်​စိပ်​တစ်​စိပ်​အုပ်​ချုပ်ရသူ​ဖြစ်​၏။) မာ​ခါ​၏သား​ဟာ​နန်။ မိ​သ​နိ​မြို့သား​ယော​ရှ​ဖတ်။ အာ​ရှ​တ​ယော​သိ​မြို့သား​သြ​ဇိ။ အာ​ရော်​မြို့​မှ​ဟော​သန်​၏​သား​များ​ဖြစ် ကြ​သော ရှာ​မ​နှင့်​ယေ​ဟေ​လ။ တိ​ဇိ​မြို့သား​ရှိ​မ​ရိ​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဒျေ​လ​နှင့်​ယော​ဟ။ မ​ဟာ​ဝိ​မြို့သား​ဧ​လျေ​လ။ ဧလ​နန်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ရိ​ဗဲ​နှင့်​ယော​ရှ​ဝိ၊မော​ဘ​မြို့​သား​ဣသ​မ။ မေ​ဇော​ဗိတ်​မြို့သား​ဧ​လျေ​လ၊သြ​ဗက်​နှင့် ယာ​သေ​လ​တို့​ဖြစ်​ကြ​၏။
شَمُّوتُ ٱلْهَرُورِيُّ، حَالِصُ ٱلْفَلُونِيُّ، ٢٧ 27
၂၇
عِيرَا بْنُ عِقِّيشَ ٱلتَّقُوعِيُّ، أَبِيعَزَرُ ٱلْعَنَاثُوثِيُّ، ٢٨ 28
၂၈
سِبْكَايُ ٱلْحُوشَاتِيُّ، عِيلَايُ ٱلْأَخُوخِيُّ، ٢٩ 29
၂၉
مَهْرَايُ ٱلنَّطُوفَاتِيُّ، خَالِدُ بْنُ بَعْنَةَ ٱلنَّطُوفَاتِيُّ، ٣٠ 30
၃၀
إِتَّايُ بْنُ رِيبَايَ مِنْ جِبْعَةِ بَنِي بَنْيَامِينَ، بَنَايَا ٱلْفَرْعَتُونِيُّ، ٣١ 31
၃၁
حُورَايُ مِنْ أَوْدِيَةِ جَاعَشَ، أَبِيئِيلُ ٱلْعَرَبَاتِيُّ، ٣٢ 32
၃၂
عَزْمُوتُ ٱلْبَحْرُومِيُّ، إِلْيَحْبَا ٱلشَّعْلُبُونِيُّ، ٣٣ 33
၃၃
بَنُو هَاشِمَ ٱلْجَزُونِيُّ، يُونَاثَانُ بْنُ شَاجَايَ ٱلْهَرَارِيُّ، ٣٤ 34
၃၄
أَخِيآمُ بْنُ سَاكَارَ ٱلْهَرَارِيُّ، أَلِيفَالُ بْنُ أُورَ، ٣٥ 35
၃၅
حَافَرُ ٱلْمَكِيرَاتِيُّ، وَأَخِيَا ٱلْفَلُونِيُّ، ٣٦ 36
၃၆
حَصْرُو ٱلْكَرْمَلِيُّ، نَعْرَايُ بْنُ أَزْبَايَ، ٣٧ 37
၃၇
يُوئِيلُ أَخُو نَاثَانَ، مَبْحَارُ بْنُ هَجْرِي، ٣٨ 38
၃၈
صَالِقُ ٱلْعَمُّونِيُّ، نَحْرَايُ ٱلْبَئِيرُوتِيُّ، حَامِلُ سِلَاحِ يُوآبَ ٱبْنِ صَرُويَةَ، ٣٩ 39
၃၉
عِيرَا ٱلْيِثْرِيُّ، جَارِبُ ٱلْيِثْرِيُّ، ٤٠ 40
၄၀
أُورِيَّا ٱلْحِثِّيُّ، زَابَادُ بْنُ أَحْلَايَ، ٤١ 41
၄၁
عَدِينَا بْنُ شِيزَا ٱلرَّأُوبَيْنِيُّ، رَأْسُ ٱلرَّأُوبَيْنِيِّينَ وَمَعَهُ ثَلَاثُونَ، ٤٢ 42
၄၂
حَانَانُ ٱبْنُ مَعْكَةَ، يُوشَافَاطُ ٱلْمَثْنِيُّ، ٤٣ 43
၄၃
عُزِّيَّا ٱلْعَشْتَرُوتِيُّ، شَامَاعُ وَيَعُوئِيلُ ٱبْنَا حُوثَامَ ٱلْعَرُوعِيرِيِ، ٤٤ 44
၄၄
يَدِيعَئِيلُ بْنُ شِمْرِي، وَيُوحَا أَخُوهُ ٱلتِّيصِيُّ، ٤٥ 45
၄၅
إِيلِيئِيلُ مِنْ مَحْوِيمَ، وَيَرِيبَايُ وَيُوشُويَا ٱبْنَا أَلْنَعَمَ، وَيِثْمَةُ ٱلْمُوآبِيُّ، ٤٦ 46
၄၆
إِيلِيئِيلُ وَعُوبِيدُ وَيَعِسِيئِيلُ مِنْ مَصُوبَايَا. ٤٧ 47
၄၇

< ١ أخبار 11 >