< Matiyu 28 >
1 Nene na Asabat wa cinu ukatu, a icina upiru liri lin finnun nsati, Maremu Magdalin nin leli Mareme da ida yene kiseke.
၁ဥပုသ်နေ့ကုန်လွန်ပြီးနောက်တနင်္ဂနွေနေ့မိုးလင်း စပြုသောအခါ မာဂဒလမြို့သူမာရိနှင့် အခြားမာရိတို့သည်သင်္ချိုင်းတော်သို့လာကြ၏။-
2 Itunna iyene ina su uzulunu kutyin kang, bara kunan kadura Kutelle wa tolu unuzu kitene kani, ada turno litale, anin so kitene linin.
၂ထိုအချိန်၌မြေငလျင်ပြင်းစွာလှုပ်လေသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည်ကောင်းကင် ဘုံမှဆင်းသက်လာ၍ သင်္ချိုင်းဂူဝမှကျောက်တုံး ကိုလှိမ့်ဖယ်လိုက်ပြီးလျှင်ထိုကျောက်တုံးပေါ်မှာ ထိုင်နေ၏။-
3 Uyenju me wadi nafo umalizunu nwuru, a imon me wa pugun nafo aduga.
၃သူ၏အဆင်းသဏ္ဌာန်သည်လျှပ်စစ်လက်သကဲ့သို့ ဖြစ်၍သူ၏အဝတ်သည်မိုးပွင့်ကဲ့သို့ဖြူ၏။-
4 Anan cawe nketuzu ninfiu inin so nafo abi.
၄အစောင့်တပ်သားများသည်လွန်စွာကြောက်လန့် သဖြင့်တုန်လှုပ်ကာသေသကဲ့သို့ဖြစ်ကြ၏။
5 Unan kadura Kutelle lira nin nawane, aworo nani, “Yenje iwa lanza fiu, bara nyiru idin pizuru Yesue ku, urika na iwa kotinghe.
၅ကောင်းကင်တမန်ကအမျိုးသမီးတို့အား ``မ ကြောက်ကြနှင့်။ လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသည့်ယေရှုကိုသင်တို့ရှာနေ ကြောင်းကိုငါသိ၏။-
6 Na adi kikane ba, amal fitu, nafo na awa belin minu. Dan ida yene kiti kanga na Cikilare wa non ku.
၆ကိုယ်တော်သည်ယခင်ကမိန့်တော်မူသည့်အတိုင်း သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ လျောင်း တော်မူသည့်နေရာကိုကြည့်ကြလော့။-
7 Can mas idi bellin nono katwa me, 'Afita nanya nanan kul. Yenen amini nbun mine udu Ugalili.' Ima yenughe kikane, yenen, nbelin minu.”
၇တပည့်တော်တို့ထံသို့အလျင်အမြန်သွား၍ `ကိုယ် တော်သည်သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ သင်တို့အလျင်ဂါလိလဲပြည်သို့ကြွတော်မူမည် ဖြစ်၍ ထိုအရပ်တွင်ကိုယ်တော်ကိုသင်တို့တွေ့ရ ကြလိမ့်မည်' ဟုပြောကြားကြလော့။ ငါပြော သည့်စကားကိုမမေ့ကြနှင့်'' ဟုဆို၏။
8 Awane tunna inya kiti kisseke nin fiu nin nayiabo kan, nin cum ndi bellin nono katwa me.
၈အမျိုးသမီးတို့သည်ကြောက်လန့်သော်လည်း အလွန်ရွှင်လန်းဝမ်းမြောက်စွာသင်္ချိုင်းဂူမှအလျင် အမြန်ထွက်ခွာ၍ တပည့်တော်တို့အားထိုသတင်း ကိုပြောကြားရန်ပြေးကြ၏။
9 Yesu tunna azuro nan ghinu aworo, “Ishawan.” Awane da, ikpa abunu me, inin sughe usujaida.
၉ထိုအချိန်၌သခင်ယေရှုသည်သူတို့၏ထံသို့ ရောက်ရှိလာကာ ``သင်တို့သည်မင်္ဂလာရှိပါစေ သော'' ဟုမိန့်တော်မူ၏။ ထိုအမျိုးသမီးတို့ သည်အထံတော်သို့ချဉ်းကပ်၍ခြေတော်ကို ဖက်ယမ်းလျက်ပျပ်ဝပ်ရှိခိုးကြ၏။-
10 Yesu nin woro nani, “Yenje iwa lanza fiu. Can idi bellin nuana inya udu Ugalili. Kikane, ima yenii.”
၁၀ထိုအခါသခင်ယေရှုက ``မကြောက်ကြနှင့်။ သွား၍ငါ၏ညီအစ်ကိုများအားဂါလိလဲ ပြည်သို့သွားရန်ပြောကြားကြလော့။ သူတို့ သည်ထိုပြည်တွင်ငါ့ကိုမြင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
11 Na awane wadi ncin, vat nanan cawe pira nanya kipine idi bellin Ugo na Prieste vat nimon ilenge ifara.
၁၁အမျိုးသမီးတို့ထွက်ခွာသွားကြစဉ်အစောင့် တပ်သားအချို့တို့သည်မြို့ထဲသို့ဝင်၍ ယဇ်ပုရော ဟိတ်ကြီးများအားဖြစ်ပျက်သည့်အကြောင်း အရာအလုံးစုံကိုကြားပြောကြ၏။-
12 Na a Prieste wa zuro nin nakune isu ulire nan ghinu, ina anan tecu natine ikurufun gbardang.
၁၂ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များသည်စုရုံးတိုင်ပင်ကြပြီးနောက်စစ် သားများအားငွေအမြောက်အမြားပေး၍၊-
13 Inin woro nani, “Belle among non katwan 'Yesu' na dak nin kitik ida tuzu kidowo me a arik yita nmoro.'
၁၃``ညဥ့်အခါငါတို့အိပ်ပျော်နေခိုက်ထိုသူ၏ တပည့်တို့သည်လာ၍အလောင်းကိုခိုးယူသွား ကြပါသည်'' ဟုပြောကြလော့။-
14 Asa uliru ulele nduru kitin gumna, tima sonu litime na ama su minu imonimon ba.”
၁၄အကယ်၍ထိုသတင်းကိုဘုရင်ခံမင်းကြားသိ သွားပါလျှင် သင်တို့အပေါ်တွင်အမှုမပတ်စေရန် သူ့အားငါတို့ဖျောင်းဖျပေးမည်'' ဟုဆိုကြ၏။
15 Asoje sere ikurfughe, itunna isu nafo na ibelle nani isu. Uliru ulele mala kiti nanya na Yahudawa, uleo ubun tutung udak ko kube.
၁၅စစ်သားတို့သည်ငွေကိုယူ၍ယဇ်ပုရောဟိတ်ကြီး များသင်ကြားပေးလိုက်သည့်အတိုင်းပြောကြ၏။ စစ်သားတို့ပြောကြားသည့်သတင်းကိုယနေ့တိုင် အောင်ယုဒအမျိုးသားတို့သည်အနှံ့အြုပားပြောဆို ကြ၏။
16 Ama inung nono katwa likure nin warum nya udu Ugalili, udu likup longo na Yesu wa woro nani ido.
၁၆တပည့်တော်တစ်ဆယ့်တစ်ဦးတို့သည်သခင်ယေရှု မှာကြားတော်မူသည့်အတိုင်းဂါလိလဲပြည် တောင်ပေါ်သို့သွားကြ၏။-
17 Na iyeneghe, isughe usujada, among yitan shaka me.
၁၇သူတို့သည်ကိုယ်တော်ကိုတွေ့မြင်သောအခါ ပျပ်ဝပ်ရှိခိုးကြ၏။ သို့ရာတွင်ထိုသူတို့အနက် အချို့သောသူတို့သည်ယုံမှားသံသယဖြစ် ကြ၏။-
18 Yesu da kiti mine, alira nan ghinu aworo, “Likara vat kitene kani nin lin kutyin, inani nacara ning.
၁၈သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
19 Bara nani, can nanya nipinpin nyii idi su uwazi ise nono katwa. Ishintu nani nmyen nanya lissa Ncif, nin Saun, a Uruhu ulau.
၁၉သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
20 Dursuzon nani idofin vat nimon ile na nna bellu minu. Tutung yenen, Ndi ligowe nanghinu kolome liri, udu ligan nyii.” (aiōn )
၂၀သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။ (aiōn )