< Psalmet 97 >

1 Zoti mbretëron; le të gëzohet toka dhe le të ngazëllohen ishujt e mëdhenj.
ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ အ​ချင်း​ကမ္ဘာ​မြေ​ကြီး၊ရွှင်​လန်း​ဝမ်း​မြောက်​လော့။ ပင်​လယ်​များ​တွင်​ရှိ​သည့်​ကျွန်း​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။
2 Re dhe terr e mbështjellin; drejtësia dhe e drejta janë në themel të fronit të tij.
မိုး​တိမ်​များ​နှင့်​မှောင်​မိုက်​တို့​သည်​ကိုယ်​တော်​ကို ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​အုပ်​စိုး​ခြင်း​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​၏။
3 Një zjarr i shkon përpara dhe i zhduk armiqtë e tij rreth e qark.
မီး​လျှံ​သည်​ရှေ့​တော်​မှ​သွား​၍​ကိုယ်​တော်​၏ ပတ်​လည်​ရှိ​ရန်​သူ​တို့​ကို​ကျွမ်း​လောင်​စေ​၏။
4 Vetëtimat e tij ndriçojnë botën, toka i shikon dhe dridhet.
ကိုယ်​တော်​၏​လျှပ်​စစ်​လျှပ်​နွယ်​တို့​သည် ကမ္ဘာ​လော​က​ကို​လင်း​စေ​ကြ​၏။ ထို​အ​ချင်း​အ​ရာ​ကို​မြင်​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။
5 Malet shkrihen si dylli përpara Zotit, përpara Zotit të të gjithë tokës.
ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​သော အ​ရှင်​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့ တော်​၌​တောင်​တို့​သည်​ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ပျော်​ကြ​ကုန်​၏။
6 Qiejtë shpallin drejtësinë e tij dhe tërë popujt shohin lavdinë e tij.
မိုး​ကောင်း​ကင်​သည်​ကိုယ်​တော် ဖြောင့်​မှန်​တော်​မူ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ ညာ​၍ လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​မြင်​ကြ​ရ​၏။
7 U ngatërrofshin të gjihë ata që u shërbejnë skulpturave dhe ata që mburren me idhujt; rënçin përmbys përpara atij të gjitha perënditë.
ရုပ်​တု​များ​ကို​ရှိ​ခိုး​ဝတ်​ပြု​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ရ​ကြ​၏။ ဘု​ရား​ရှိ​သ​မျှ​တို့​သည်​လည်း​ကိုယ်​တော်​၏ ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​၏။
8 Sioni ka dëgjuar dhe është gëzuar për to, dhe bijat e Judës janë gëzuar me gjykimet e tua, o Zot.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက် များ​ကြောင့် ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ပါ​၏။ ယု​ဒ​မြို့​တို့​သည်​လည်း​အား​ရ​ရွှင်​မြူး​ကြ​ပါ​၏။
9 Sepse ti, o Zot, je Shumë i Larti mbi tërë tokën, ty të përlëvdojmë mbi gjithë perënditë e tjera.
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော် ရှင်​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​ကို​အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဘု​ရား​ရှိ​သ​မျှ​တို့​ထက်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​၏။
10 Ju që e doni Zotin urreni të keqen! Ai ruan jetën e shenjtorëve të tij dhe i çliron nga dora e të pabesëve.
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​မ​ကောင်း​မှု​ကို မုန်း​သော​သူ​တို့​အား​ချစ်​တော်​မူ​၏။ မိ​မိ​လူ​စု​တော်​၏​စည်း​စိမ်​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​သူ​ယုတ်​မာ​တို့ ၏​လက်​မှ ကယ်​ဆယ်​တော်​မူ​၏။
11 Drita ka dalë për të drejtin dhe gëzimi për ata që janë të drejtë nga zemra.
၁၁သူ​တော်​ကောင်း​တို့​အ​ပေါ်​သို့​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​သည်​လည်း​ကောင်း၊ သ​ဘော​ဖြောင့်​သူ​တို့​အ​ပေါ်​သို့ ရွှင်​လန်း​ဝမ်း​မြောက်​ခြင်း​သည်​လည်း​ကောင်း သက်​ရောက်​၏။
12 Ngazëllohuni tek Zoti, o njerëz të drejtë, dhe lëvdoni emrin e tij të shenjtë.
၁၂အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တော် ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား ပြု​တော်​မူ​ခဲ့​သည့် အ​မှု​တော်​ကို​အောက်​မေ့​သ​တိ​ရ​လျက် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။

< Psalmet 97 >