< Isaia 66 >

1 Kështu thotë Zoti: “Qielli është froni im dhe toka është mbështetësja e këmbëve të mia. Ku është, pra, shtëpia që mund të më ndërtoni dhe ku është vendi i çlodhjes sime?
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း။
2 Tërë këto gjëra i ka bërë dora ime dhe të gjitha kanë ardhur në ekzistencë, thotë Zoti. Mbi kë, pra, do të kthej shikimin tim? Mbi atë që është i përulur, ka frymë të penduar dhe dridhet nga fjala ime.
ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင်ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲ ခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။
3 Kush flijon një ka është si të vriste një njeri, kush flijon një qengj është si t’i thyente qafën një qeni, kush paraqet një blatim ushqimor është si të ofronte gjak derri, kush djeg temjan është si të bekonte një idhull. Ashtu si këta kanë zgjedhur rrugët e tyre dhe shpirti i tyre kënaqet në veprimet e tyre të neveritshme,
တဖန်မိန့်တော်မူသည်ကား၊ နွားကိုသတ်သော သူသည် လူကို သတ်သောသူနှင့်တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ၏။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ၏။ အကယ်စင် စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ၏။ မိမိဆိုးညစ်သောအမှုတို့၌ မွေ့လျော်ကြ၏။
4 kështu edhe unë do të zgjedh fatkeqësinë e tyre dhe do të bëj që të bjerë mbi ta ajo të cilën ata druajnë; sepse, kur thirra, askush nuk u përgjigj, kur fola, ata nuk më dëgjuan; përkundrazi bënë atë që është e keqe në sytë e mi dhe parapëlqyen atë që nuk më pëlqen mua.
ငါသည်လည်း၊ သူတို့ဘို့ ဘေးဥပဒ်များကိုရွေးမည်။ သူတို့ကြောက်သောအမှုကို ရောက်စေမည်။ အကြောင်းမူကား၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကိုကျင့်၍၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။
5 Dëgjoni fjalën e Zotit, ju që dridheni nga fjala e tij. Vëllezërit tuaj, që ju urrejnë dhe ju dëbojnë për shkak të emrit tim, kanë thënë: “Le të tregojë Zoti lavdinë e tij me qëllim që ne të mund
ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သော သူတို့၊ စကားတော်ကို နားထောင် ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည်သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြ လိမ့်မည်။
6 Një zë, një zhurmë del nga qyteti, një zë vjen nga tempulli; është zëri i Zotit që u jep hakun armiqve të tij.
မြို့၌ အုတ်အုတ်ကျက်ကျက်သောအသံ၊ ဗိမာန်တော်ထဲက ထွက်သောအသံ၊ ရန်သူတို့အား အကျိုး အပြစ်ကို ပေးတော်မူသော ထာဝရဘုရား၏စကားသံ ပေတည်း။
7 Para se të provojë dhembjet e pjelljes, ajo ka pjellë; para se t’i vinin dhembjet, ajo lindi një mashkull.
ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို မခံမှီသားကိုဘွား၏။ ဝေဒနာခံချိန်မရောက်မှီ သား ယောက်ျားကိုမြင်၏။
8 Kush vallë ka dëgjuar një gjë të tillë, kush vallë ka parë gjëra si këto? A lind vallë një vend brenda një dite të vetme apo një komb vjen vallë në dritë brenda një çasti? Por Sioni, me të ndjerë dhembjet, lindi fëmijët e saj.
ထိုသို့သောအမှုကို အဘယ်သူသည် ကြားဘူး သနည်း။ ထိုသို့သောအမှုကို အဘယ်သူသည် မြင်ဘူး သနည်း။ တိုင်းနိုင်ငံကို တနေ့ခြင်းတွင် ဘွားတတ်သလော။ ပြည်သူပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဘွားမြင်ပါသည် တကား။
9 “Do të çoj vallë në çastin e lindjes pa e bërë të pjellë?”, thotë Zoti. “Unë që bëj të lindin a do ta mbyllja vallë barkun e nënës?”, thotë Perëndia yt.
သားဘွားမည်အကြောင်းကို ငါသည်စီရင်ပြီးမှ၊ မဘွားစေဘဲနေရမည်လောဟု ထာဝရဘုရားမေးတော် မူ၏။ ငါသည် ပဋိသန္ဓေပေးပြီးမှ၊ မဘွားနိုင်အောင် ချုပ်ထားရမည်လောဟု သင်၏ဘုရားသခင်မေးတော် မူ၏။
10 Gëzohuni me Jeruzalemin dhe ngazëlloni me të, ju të gjithë që e doni. Gëzohuni me të madhe me të, ju të gjithë që mbani zi për të,
၁၀ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွားသောသူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။
11 me qëllim që të pini qumësht dhe të ngopeni në gjirin e përdëllimeve të tij, me qëllim që të pini me bollëk dhe të kënaqeni me mbushullimin e lavdisë së tij.
၁၁သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ သူ၏စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။
12 Sepse kështu thotë Zoti: “Ja, unë do të bëj që paqja t’i arrijë si një lumë dhe pasuria e kombeve si një përrua që vërshon, dhe ju do të pini qumësht, do t’ju mbajnë në ijët e tij dhe do t’ju përkëdhelin mbi gjunjët e tij.
၁၂ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။
13 Ashtu si një nënë e gëzon fëmijën e saj, kështu unë do t’ju gëzoj dhe do të ngushëlloheni në Jeruzalem.
၁၃အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်စေမည်။ ယေရုရှလင်မြို့၌ ချမ်းသာ ရကြလိမ့်မည်။
14 Ju do ta shihni këtë, dhe zemra juaj do të gëzohet, kockat tuaja do të marrin përsëri fuqi si bari i njomë. Dora e Zotit do t’u bëhet e njohur shërbëtorëve të tij dhe do të zemërohet me të madhe kundër armiqve të tij.
၁၄ထိုသို့ တွေ့မြင်သဖြင့်၊ သင်တို့၏နှလုံးသည် ရွှင်မြူး၍၊ အရိုးတို့ သည်စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည်။ ထာဝရဘုရား၏ လက်တော်သည်လည်း ကျွန်တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့အား၎င်း ထင်ရှားလိမ့်မည်။
15 Sepse ja, Zoti do të vijë me zjarrin dhe qerret e tij do të jenë si një uragan për të hedhur zemërimin e tij me tërbim dhe kërcënimin e tij me flakë zjarri.
၁၅ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက်တော်ကို၎င်း၊ မီးလျှံအားဖြင့် ဆုံးမ တော်မူခြင်းကို၎င်း ထင်ရှားစွာ ပြခြင်းငှါ၊ လေဘွေကဲ့သို့သော ရထားတော်တို့ကိုစီး၍၊ မီးကဲ့သို့ ကြွလာတော် မူလိမ့်မည်။
16 Sepse Zoti do të ushtrojë drejtësinë me zjarrin dhe shpatën e tij kundër çdo mishi; dhe të vrarët nga Zoti do të jenë të shumtë.
၁၆ထာဝရဘုရားသည် မီးနှင့်ထားအားဖြင့်၊ လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ၍၊ ထာဝရ ဘုရားကွပ်မျက်တော်မူသော သူတို့သည် များကြလိမ့်မည်။
17 “Ata që shenjtërohen dhe pastrohen për të vajtur në kopshtet, prapa një idhulli që gjendet në mes, ata që hanë mish derri, gjëra të neveritshme dhe minj, do të konsumohen të gjithë”, thotë Zoti.
၁၇တဖန်မိန့်တော်မူသည်ကား၊ ဝက်သား၊ ကြွက် သား၊ ရွံရှာဘွယ်သောအရာကို စားလျက်၊ ဥယျာဉ်တို့တွင် အလယ်၌ရှိသော သူတယောက်နောက်သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တပြိုင် နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့၏အကျင့် ကို၎င်း အကြံအစည်တို့ကို၎င်း ငါသိ၏။
18 Unë i njoh veprat e tyre dhe mendimet e tyre; është duke ardhur koha në të cilën do të mbledh tërë kombet dhe tërë gjuhët; ato do të vijnë dhe do të shikojnë lavdinë time.
၁၈အချိန်တန်မှ ဘာသာစကားခြားနားသော လူ အမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့်၊ သူတို့သည် လာ၍ ငါ၏ဘုန်းကို ဖူးမြင်ကြလိမ့်မည်။
19 Unë do të vë në një shenjë në mes tyre dhe do të dërgoj disa nga ata që mbijetuan prej tyre te kombet; në Tarshish, në Pul dhe në Lud që përdorin harkun, në Tubal dhe në Javan, në ishujt e largët që nuk kanë dëgjuar famën time dhe nuk kanë parë lavdinë time; këta do të shpallin lavdinë time ndër kombet,
၁၉ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ် သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကိုမမြင်၊ ဝေးစွာသော တကျွန်းတနိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တပါး အမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။
20 dhe do t’i kthejnë tërë vëllezërit tuaj nga të gjitha kombet si një ofertë Zotit, mbi kuaj, mbi qerre, mbi bartina, mbi mushkë dhe mbi dromidarë te mali im i shenjtë i Jeruzalemit”, thotë Zoti, “ashtu si bijtë e Izraelit çojnë një ofertë në një enë të pastër në shtëpinë e Zotit.
၂၀ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလား စသည်တို့နှင့်၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကို အပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုပ် ပေါ်၌တင်၍၊ ထာဝရဘုရားအားပူဇော်ဘို့ရာ၊ ခပ်သိမ်း သောအပြည်ပြည်တို့မှငါ၏ သန့်ရှင်းသောတောင်၊ ယေရု ရှလင်မြို့သို့ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
21 Do të marrë gjithashtu disa prej tyre si priftërinj dhe si Levitë”, tha Zoti.
၂၁ထိုသူအချို့တို့ကို ငါရွေးယူ၍၊ ယဇ်ပုရောဟိတ် အရာနှင့် လေဝိလူအရာ၌ခန့်ထားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
22 “Sepse ashtu si qiejtë e rinj dhe toka e re që unë do të bëj do të jenë të qëndrueshëm para meje”, thotë Zoti, “kështu do të jenë pasardhësit tuaj dhe emri juaj.
၂၂ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23 Dhe do të ndodhë që nga një hënë e re në tjetrën dhe nga një e shtunë në tjetrën çdo mish do të vijë të bjerë në gjunë para meje, thotë Zoti.
၂၃လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့်ဥပုသ်နေ့ အစဉ်အတိုင်းလာကြ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
24 “Kur ata do të dalin, do të shikojnë kufomat e njerëzve që rebeluan kundër meje; sepse krimbi i tyre nuk do të vdesë dhe zjarri i tyre nuk do të shuhet, dhe do të neveriten nga çdo mish”.
၂၄ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည်မသေနိုင်ရာ။ သူတို့၏မီးသည်လည်းမငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဘွယ်ဖြစ်ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။

< Isaia 66 >