< Isaia 32 >

1 Ja, një mbret do të mbretërojë me drejtësi dhe princat do të qeverisin me paanësi.
တစ်​နေ့​သော​အ​ခါ၊ သီ​လ​သ​မာ​ဋ္ဌိ​ရှိ​သည့် ဘု​ရင်​တစ်​ပါး​နှင့် တ​ရား​သ​ဖြင့်​အုပ်​စိုး​သည့် အ​မျိုး​သား​ခေါင်း​ဆောင်​များ​ပေါ်​ထွန်း​လာ လိမ့်​မည်။-
2 Secili prej tyre do të jetë si një mbrojtje nga era dhe një strehë kundër uraganit, si rrëke uji në një vend të thatë, si hija e një shkëmbi të madh në një tokë të zhuritur.
သူ​တို့​အား​လုံး​ပင်​လေ​နှင့်​မိုး​သက်​မုန်​တိုင်း များ​မှ​ခို​လှုံ​ရာ​အ​ရပ်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ခြောက်​သွေ့​ရာ​အ​ရပ်​၌​စီး​လျက် နေ​သည့်​ချောင်း​များ​နှင့်​လည်း​ကောင်း၊ ကွင်း ခေါင်​ခေါင်​နေ​ပူ​ကြဲ​ကြဲ​တွင်​ရှိ​သော​ကျောက် တုံး​ကြီး​၏​အ​ရိပ်​နှင့်​လည်း​ကောင်း​တူ​လိမ့် မည်။-
3 Sytë e atyre që shohin nuk do t’u erren më dhe veshët e atyre që dëgjojnë do të jenë të vëmendshëm.
သူ​တို့​သည်​ပြည်​သူ​တို့​၏​ချို့​တဲ့​မှု​များ​ကို သိ​ရှိ​ရန်​မျက်​စိ​ရှင်​ရှင်​နား​ပါး​ပါး​နှင့်​နေ လိမ့်​မည်။-
4 Zemra e njerëzve të pamend do të fitojë njohuri dhe gjuha e atyre që belbëzojnë do të flasë shpejt dhe qartë.
စိတ်​လိုက်​မာန်​ပါ​မ​ပြု​ကြ​တော့​ဘဲ​အ​သိ ပ​ညာ​နှင့်​လုပ်​ကိုင်​ဆောင်​ရွက်​ကာ ပြတ်​ပြတ် သား​သား​ပြော​ဆို​ကြ​လိမ့်​မည်။-
5 Njeriu i përçmuar nuk do të thirret më fisnik, as i pandershmi nuk do të thirret i pavlerë.
လူ​မိုက်​တို့​အား​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ဟူ ၍​သော်​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ရိုး ဖြောင့်​သူ​များ​ဟူ​၍​သော်​လည်း​ကောင်း အ​ဘယ် သူ​မျှ​ထင်​မှတ်​ပြော​ဆို​ကြ​လိမ့်​မည်​မ​ဟုတ်။-
6 Sepse njeriu i përçmuar thotë gjëra të neveritshme dhe zemra e tij jepet pas paudhësisë, për të kryer pabesi dhe për të thënë gjëra pa respekt kundër Zotit, për ta lënë bosh stomakun e të uriturit dhe për ta lënë thatë atë që vuan nga etja.
လူ​မိုက်​သည်​မိုက်​မဲ​သည့်​စ​ကား​ကို​ပြော​ဆို​၍ ဆိုး​ညစ်​သော​အ​မှု​များ​ကို​ပြု​ရန်​ကြံ​စည် တတ်​၏။ သူ​ပြု​သော​အ​မှု​နှင့်​သူ​ပြော​သော စ​ကား​တို့​သည်​ဘု​ရား​သ​ခင်​အား​စော်​ကား ရာ​ရောက်​၏။ သူ​သည်​ဆာငတ်​မွတ်​သိပ်​သူ​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​ကျွေး​မွေး။ ရေ​ငတ်​သူ တို့​ကို​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ရေ​မ​တိုက်။-
7 Armët e të pandershmit janë të poshtra; ai kurdis plane të këqija për të shkatërruar të mjerin me fjalë gënjeshtare, edhe kuri mjeri pohon të drejtën.
သူ​သည်​ဆိုး​ညစ်​သူ​ဖြစ်​၍​ဆိုး​ညစ်​မှု​များ​ကို သာ​ပြု​တတ်​၏။ ဆင်း​ရဲ​သူ​တို့​၏​အ​ခွင့်​အ​ရေး များ​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​လိမ်​လည် ၍​ကြံ​စည်​တတ်​၏။-
8 Por njeriu fisnik mendon plane fisnike dhe i vë vetes qëllime fisnike.
သို့​ရာ​တွင်​ရိုး​ဖြောင့်​သူ​မူ​ကား​ရိုး​ဖြောင့်​စွာ ပြု​ကျင့်​တတ်​လျက် အ​မှန်​တ​ရား​ဘက်​မှ​စွဲ မြဲ​စွာ​ရပ်​တည်​နေ​တတ်​၏။
9 Çohuni, o gra që jetoni në bollëk, dhe dëgjoni zërin tim; o bija pa mend, ia vini veshin fjalës sime!
ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး​စွာ​နေ​ထိုင် ကြ​သူ​အ​ချင်း​အ​မျိုး​သ​မီး​တို့၊ ငါ​ပြော သည့်​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
10 Brenda një viti dhe disa ditëve ju do të dridheni, o gra pa mend, sepse vjelja e rrushit do të shkojë keq dhe korrje nuk do të ketë.
၁၀သင်​တို့​သည်​ယ​ခု​အ​ခါ​ကျေ​နပ်​ရောင့်​ရဲ လျက်​ရှိ​နေ​မည်​ဖြစ်​သော်​လည်း နောင်​နှစ်​ခါ ဤ​အ​ချိန်​၌​စိတ်​ပျက်​ရကြ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​စု​သိမ်း​ရန် စ​ပျစ်​သီး​များ​ရ​ရှိ​မည်​မ​ဟုတ်​သော ကြောင့်​ဖြစ်​၏။-
11 Fërgëlloni, o gra që jetoni në bollëk, dridhuni o ju gra pa mend. Hiqni veshjet tuaja, zhvishuni dhe vini një grethore në ijët,
၁၁သင်​တို့​သည်​ပူ​ပင်​သော​က​မ​ရှိ​ဘဲ​အေး​ဆေး စွာ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ယ​ခု အ​ခါ​ထိတ်​လန့်​တုန်​လှုပ်​၍​နေ​ကြ​ကုန်​လော့။ သင်​တို့​၏​အ​ဝတ်​များ​ကို​ချွတ်​၍​ခါး​တွင် စောင်​စုတ်​များ​ပတ်​ထား​ကြ​လော့။-
12 duke i rënë gjoksit nëpër arat e mira dhe nëpër vreshtat prodhimtare.
၁၂သီး​နှံ​ကောင်း​စွာ​ထွက်​သည့်​လယ်​ယာ​များ​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​သည်​ပျက်​စီး​သွား​ပြီ ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​မျိုး​သား တို့​၏​မြေ​ယာ​များ​ကို ဆူး​ခြုံ​အ​မျိုး​မျိုး ဖုံး​လွှမ်း​လျက်​နေ​ပြီ​ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​သည်​ကြေ​ကွဲ​ဝမ်း​နည်း​လျက်​မိ​မိ​တို့ ရင်​ပတ်​များ​ကို​တီး​ခတ်​ကြ​လော့။ ယ​ခင် အ​ခါ​က​လူ​တို့​ပျော်​ရွှင်​စွာ​နေ​ထိုင်​ခဲ့​ကြ သည့်​အိမ်​များ​နှင့် စည်​ကား​သိုက်​မြိုက်​စွာ​ရှိ နေ​ခဲ့​သည့်​မြို့​၏​အ​တွက်​ငို​ကြွေး​ကြ​လော့။-
13 Mbi tokën e popullit tim do të rriten gjemba dhe ferra; po, mbi të gjitha shtëpitë e gëzimit të qytetit të qejfeve.
၁၃
14 Sepse pallati do të braktiset, qyteti i zhurmshëm do të shkretohet, Ofeli dhe kulla do të bëhen për gjithnjë shpella gëzimi për gomarët e egër dhe kullotë për kopetë.
၁၄နန်း​တော်​ပင်​လျှင်​အ​ထီး​တည်း​ကျန်​ရစ်​၍ နေ ပြည်​တော်​ကြီး​သည်​လုံး​ဝ​လူ​သူ​ဆိတ်​ငြိမ် လျက်​နေ​လိမ့်​မည်။ ထို​မြို့​တော်​ကို​စောင့်​ကြပ် ကာ​ကွယ်​ရာ​ခံ​တပ်​များ​နှင့်​အိမ်​များ​သည် လည်း ထာ​ဝ​စဉ်​ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့် မည်။ ထို​အ​ရပ်​တွင်​မြည်း​ရိုင်း​များ​လှည့်​လည် သွား​လာ​ကာ​သိုး​များ​ကျက်​စား​ကြ​လိမ့်​မည်။
15 deri sa mbi ne të përhapet Fryma nga lart, shkretëtira të bëhet pemishte dhe pemishtja të konsiderohet si një pyll.
၁၅သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ဝိ​ညာဉ် တော်​ကို ငါ​တို့​ထံ​သို့​တစ်​ဖန်​ပြန်​၍​စေ​လွှတ် တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​မြေ​လွတ်​မြေ​ရိုင်း များ​သည်​မြေ​ကောင်း​မြေ​သန့်​များ​ဖြစ်​လာ ကြ​လျက် လယ်​ယာ​များ​ကောက်​ပဲ​သီး​နှံ အ​မြောက်​အ​မြား​ထွက်​လိမ့်​မည်။-
16 Atëherë i drejti do të banojë në shkretëtirë dhe drejtësia do të banojë në pemishte.
၁၆တိုင်း​ပြည်​အ​တွင်း​၌​အ​ရပ်​တ​ကာ​တွင်​သူ တော်​ကောင်း​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​ကို ကျင့်​သုံး​ကြ​လိမ့်​မည်။-
17 Pasojë e drejtësisë do të jetë paqja, rezultat i drejtësisë qetësia dhe siguria përjetë.
၁၇လူ​အ​ပေါင်း​တို့​သည်​အ​မှန်​တ​ရား​အ​တိုင်း ကို​ပြု​ကျင့်​ကြ​မည်​ဖြစ်​၍ ထာ​ဝ​စဉ်​ငြိမ်း ချမ်း​သာ​ယာ​မှု​နှင့်​လုံ​ခြုံ​စိတ်​ချ​မှု​ရှိ လိမ့်​မည်။-
18 Populli im do të banojë në një vend paqeje, në banesa të sigurta dhe në vende të qeta pushimi,
၁၈ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​တို့​နေ​ထိုင်​ရာ အိမ်​များ​သည်​ငြိမ်​သက်​၍​လုံ​ခြုံ​လိမ့်​မည်။ ထို လူ​မျိုး​တော်​သည်​လည်း​ပူ​ပင်​သော​က​နှင့် ကင်း​ဝေး​ကြ​လိမ့်​မည်။-
19 edhe sikur të binte breshër mbi pyllin dhe qyteti të ulej shumë.
၁၉(သစ်​တော​များ​အ​ပေါ်​သို့​မိုး​သီး​များ​ကျ လိမ့်​မည်။ မြို့​သည်​လည်း​ပြို​ပျက်​၍​သွား​လိမ့် မည်။-)
20 Lum ju që mbillni në breg të të gjithë ujërave dhe që lini të shkojë e lirë këmba e kaut dhe e gomarit.
၂၀ကောက်​ပဲ​သီး​နှံ​များ​အ​တွက်​မြည်း​နှင့်​ကျွဲ နွား​စား​ကျက်​များ​အ​တွက် ရေ​အ​လုံ​အ​လောက် ရ​ရှိ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။

< Isaia 32 >