< 2 i Kronikave 23 >

1 Vitin e shtatë Jehojada mori kurajo, mori komandantët e qindëshëve, domethënë Azariahun, birin e Jerohamit, Ismaelin, birin e Jehohanamit, Azariahun, birin e Obedit, Maasejahun, birin e Adajahut dhe
ခုနစ် နှစ် မြောက် သောအခါ ၊ ယောယဒ သည် ကိုယ်ကိုခိုင်ခံ့ စေ၍ တပ်မှူး များ၊ ယေရောဟံ သား အာဇရိ ၊ ယောဟနန် သား ဣရှမေလ ၊ ဩဗက် သား အာဇရိ ၊ အဒါယ သား မာသေယ ၊ ဇိခရိ သား ဧလိရှဖတ် တို့နှင့် သင်းဖွဲ့ လေ၏။
2 Pastaj ata përshkuan Judën, mblodhën Levitët nga të gjitha qytetet e Judës dhe të parët e shtëpive atërore të Izraelit dhe erdhën në Jeruzalem.
ထိုသူတို့သည် ယုဒ ပြည်၌ လှည့်လည် သဖြင့် ၊ ယုဒ မြို့ အရပ်ရပ် ထဲက လေဝိ သားများနှင့် ဣသရေလ အဆွေအမျိုး သူကြီး များကို စုဝေး စေ၍ ၊ ယေရုရှလင် မြို့ သို့ ပြန် လာကြ၏။
3 Kështu tërë asambleja lidhi një aleancë me mbretin në shtëpinë e Perëndisë. Pastaj Jehojada u tha atyre: “Ja, biri i mbretit do të mbretërojë, si ka thënë Zoti për bijtë e Davidit.
စည်းဝေး သောသူ အပေါင်း တို့သည် ဗိမာန် တော်၌ ရှင်ဘုရင် နှင့် ပဋိညာဉ် ဖွဲ့ ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင် သားတော် ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် ဒါဝိဒ် အမျိုး ကို မိန့် တော်မူသည် အတိုင်း ၊ ရှင်ဘုရင်သားတော် စိုးစံ ရမည်။
4 Ja çfarë do të bëni ju: një e treta nga ju, priftërinj dhe Levitë, që marrin shërbimin ditën e shtunë, do të caktohen në portat e tempullit;
သင်တို့ပြု ရသော အမှု ဟူမူကား ၊ ဥပုသ် နေ့၌ ဝင် သောယဇ်ပုရောဟိတ် လေဝိ သားသုံးစု တစုသည် တံခါး စောင့် လုပ်ရမည်။
5 një e treta tjetër do të rrijë në pallatin e mbretit, dhe e treta tjetër në portën e themelimit, ndërsa tërë populli do të rrijë në oborrin e shtëpisë të Zotit.
တစု သည် နန်းတော် ကို စောင့်ရမည်။ တစု သည် သုရတံခါး ကို စောင့်ရမည်။ လူ အပေါင်း တို့သည် ဗိမာန် တော်တန်တိုင်း တို့အတွင်း ၌ နေရကြမည်။
6 Por askush nuk do të hyjë në shtëpinë e Zotit, përveç priftërinjve dhe Levitëve të shërbimit; këta mund të hyjnë sepse janë të shenjtëruar; por tërë populli do t’i përmbahet urdhrit të Zotit.
ယဇ် ပုရောဟိတ်များနှင့် အမှု တော်စောင့် လေဝိ သားများမှတပါး ၊ အဘယ်သူမျှဗိမာန် တော်ထဲသို့ မ ဝင် စေနှင့်။ သူ တို့သည်သန့်ရှင်း သောကြောင့် ဝင် ရကြမည်။ အခြားသောသူ အပေါင်း တို့သည် ထာဝရဘုရား ဘက်၌စောင့် နေရကြမည်။
7 Levitët do ta rrethojnë mbretin nga çdo anë, secili me armën e tij në dorë; kushdo që hyn në tempull do të vritet; ju përkundrazi do të qëndroni me mbretin, kur të hyjë dhe të dalë”.
လေဝိ သားတိုင်း မိမိ လက်နက် ကို ကိုင် လျက် ၊ ကိုယ်တော် မြတ်ကို ဝိုင်း၍ အိမ် တော်ထဲသို့ ဝင် သမျှသောသူတို့ ကိုသတ် ရမည်။ ရှင်ဘုရင် ထွက် ဝင် တော်မူသောအခါ ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။
8 Levitët dhe tërë Juda bënë pikërisht ashtu si kishte urdhëruar prifti Jehojada; secili mori njerëzit e tij, ata e merrnin shërbimin të shtunën dhe ata që e linin shërbimin të shtunën, sepse prifti Jehojada nuk kishte liruar nga puna klasat që dilnin.
ထိုသို့ ယဇ်ပုရောဟိတ် ယောယဒ မှာထား သမျှ အတိုင်း ၊ လေဝိ သားများနှင့် ယုဒ အမျိုးသားအပေါင်း တို့ သည်ပြု ၍ ၊ ယဇ်ပုရောဟိတ် ယောယဒ သည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မ ဖျက် သောကြောင့် ၊ ဥပုသ် နေ့၌ ထွက် ရ သောသူ နှင့် ဝင် ရသောသူ အသီးအသီး တို့ကို ခေါ် ထား ကြ၏။
9 Prifti Jehojada u dha komandantëve të qindëshëve ushtat dhe mburojat e vogla e të mëdha që qenë të mbretit David dhe që ndodheshin në shtëpinë e Perëndisë.
ဗိမာန် တော်၌ရှိသောဒါဝိဒ် မင်းကြီး ၏ လှံ များနှင့် ဒိုင်း လွှားများကို၊ ယဇ်ပုရောဟိတ် ယောယဒ သည် ထုတ် ၍ ၊ လူတရာ အုပ် တို့အား အပ်လေ၏။
10 Pastaj vendosi tërë popullin, secili me armën e tij në dorë, nga krahu i djathtë deri në krahun e majtë të tempullit; gjatë altarit dhe pranë tempullit, rrotull mbretit.
၁၀အသီးအသီး လက်နက် ကိုင် သော သူ အပေါင်း တို့ကို ရှင်ဘုရင် ပတ်လည် ၊ ယဇ် ပလ္လင်အနား နှင့် ဗိမာန် တော် အနား၌ ၊ လက်ျာ ထောင့် မှစ၍ လက်ဝဲ ထောင့် တိုင်အောင် နေရာ ချထားလေ၏။
11 Atëherë nxorën birin e mbretit, i vunë mbi kokë kurorën, i dorëzuan ligjin dhe e shpallën mbret; pastaj Jehojada dhe bijtë e tij e vajosën dhe thirrën: “Rroftë mbreti!”.
၁၁ထိုအခါ ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ၊ ရာဇ သရဖူနှင့် ပညတ္တိကျမ်း ကိုတင် လျက် ၊ ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယောယဒ နှင့် သူ ၏သား တို့ သည် ဘိသိက် ပေး၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြ၏။
12 Kur Athaliah dëgjoi zhurmën e popullit që vinte duke brohoritur për mbretin, ajo shkoi drejt popullit, në drejtim të shtëpisë të Zotit.
၁၂အာသလိ သည် လူ များပြေး ၍ ၊ ရှင်ဘုရင် ထံ၌ ချီးမွမ်း သံ ကိုကြား လျှင် ၊ လူ များရှိရာ ဗိမာန် တော်သို့ သွား ၍၊
13 Shikoi, dhe ja, mbreti qëndronte më këmbë në podiumin e tij në hyrje, kapitenët dhe borizanët ishin pranë mbretit, tërë populli i vendit ishte i gëzuar dhe u binte borive dhe këngëtarët me veglat e tyre musikore udhëhiqnin lavdërimin. Atëherë Athaliah grisi rrobat e saj dhe bërtiti: “Tradhëti, tradhëti!”.
၁၃ရှင် ဘုရင်သည် ဗိမာန် တော်ဝင် ဝ၊ တိုင် နား မှာ ရပ် လျက် ၊ မှူး တော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင် အနား တော်၌ ရပ်လျက်၊ ပြည်သူ ပြည်သားများတို့သည် ဝမ်းမြောက် ၍ ၊ တံပိုး မှုတ် လျက် သီချင်း သည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကိုဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါ တကားဟု အော်ဟစ် လေ၏။
14 Por prifti Jehojada nxori komandantët e qindëshëve që komandonin ushtrinë dhe u tha: “Nxirreni nga rreshtat dhe kushdo që i shkon pas të vritet me shpatë!”. Prifti në të vërtetë kishte thënë: “Mos lejoni që të vritet në shtëpinë e Zotit”.
၁၄ယဇ်ပုရောဟိတ် ယောယဒ ကလည်း ၊ ဗိမာန် တော် ထဲမှာ မ သေ စေနှင့်။ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူ တရာအုပ်တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊
15 Kështu e mbërthyen dhe, sa arriti në shtëpinë e mbretit nëpër rrugën e portës së kuajve, aty e vranë.
၁၅အာသလိ ကို ဘမ်းဆီး လျက် ၊ နန်းတော် သို့ သွားသော မြင်း လမ်းဝ သို့ ရောက် သောအခါ သတ် ကြ၏။
16 Pastaj Jehojada bëri një besëlidhje ndërmjet vetes, tërë popullit dhe mbretit, me qëllim që Izraeli të ishte populli i Zotit.
၁၆ရှင်ဘုရင် နှင့် လူ အပေါင်း တို့သည် ထာဝရဘုရား ၏ လူ ဖြစ် ရမည်အကြောင်း ၊ ယောယဒ သည် မိမိ ထံ၌ ပဋိညာဉ် ဖွဲ့ စေ၏။
17 Atëherë tërë populli shkoi në tempullin e Baalit dhe e shkatërroi: copëtoi plotësisht altarët e tij dhe shëmbëlltyrat dhe vrau përpara altarëve Matanin, priftin e Baalit.
၁၇လူ အပေါင်း တို့သည် ဗာလ ကျောင်း သို့သွား ၍ ဖြိုဖျက် ကြ၏။ ယဇ် ပလ္လင်များနှင့် ရုပ်တု များကိုချိုးဖဲ့ ၍ ၊ ယဇ် ပလ္လင်တို့ရှေ့ မှာ ဗာလ ယဇ်ပုရောဟိတ် မဿန် ကိုသတ် ကြ၏။
18 Pastaj Jehojada ua besoi mbikqyrjen e shtëpisë të Zotit priftërinjve levitë, që Davidi kishte vendosur në shtëpinë e Zotit për t’i ofruar olokauste Zotit siç është shkruar në ligjin e Moisiut, me gëzim dhe këngë, ashtu si kishte urdhëruar Davidi.
၁၈မောရှေ ပညတ္တိ ကျမ်း၌ ပါ သည်အတိုင်း ၊ ထာဝရ ဘုရား အား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ် စီရင် သည်အတိုင်း ၊ ရွှင်လန်း စွာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဗိမာန် တော်၌ ဒါဝိဒ် ခွဲထား သော ယဇ်ပုရောဟိတ် လေဝိ သားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
19 Vendosi gjithashtu derëtarë në portat e shtëpisë të Zotit, me qëllim që të mos hynte askush që të ishte në një farë mënyre i papastër.
၁၉မ သန့်ရှင်းသော လက္ခဏာတစုံ တခုရှိသောသူကို မ ဝင် စေခြင်းငှါ။ဗိမာန် တော်တံခါး စောင့် တို့ကိုလည်း ခန့်ထား လေ၏။
20 Mori pastaj komandantët e qindësheve, parinë, ata që kishin autoritet mbi popullin dhe tërë popullin e vendit dhe bëri që mbreti të zbresë nga shtëpia e Zotit; duke kaluar pastaj nga porta e sipërme, arritën në pallatin mbretëror dhe e ulën mbretin mbi fronin mbretëror.
၂၀လူ တရာအုပ်၊ မှူးမတ် ၊ အကြီးအကဲ ၊ ပြည်သူ ပြည်သားအပေါင်း တို့ကို ခေါ်လျက်၊ မြင့် သော တံခါး လမ်း ဖြင့် ၊ ရှင် ဘုရင်ကို ဗိမာန် တော်မှ နန်းတော် သို့ပို့ဆောင် ၍ ၊ ရာဇ ပလ္လင်တော်ပေါ် မှာ တင် ကြ၏။
21 Kështu tërë populli i vendit ishte në festë dhe qyteti mbeti i qetë, kur Athaliah u vra me shpatë.
၂၁နန်းတော်နားမှာ အာသလိ ကို သတ် ပြီးမှ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ဝမ်းမြောက် ၍ ၊ တမြို့လုံး ၌လည်း ငြိမ်ဝပ် ခြင်းရှိ၏။

< 2 i Kronikave 23 >